ဧပြီ-၂၊၂၀၂၆။သတိုး/People’s Spring
မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ်ရဲ့ လေတပ်စခန်းဌာနချုပ်ကို ၁၀၇ မမရှော့တိုက်ဒုန်းတွေနဲ့ ပစ်ခတ်ခဲ့တယ်လို့ Brave Warriors For Myanmar-BWM က ထုတ်ပြန်ထားပါတယ်။
“မိတ္ထီလာလေတပ်စခန်း ဌာနချုပ်သည် မြန်မာတစ်နိုင်ငံလုံး၏ ခွေးလေသူရဲတို့ကို မွေးဖွားပေးရာနေရာ ဖြစ်သည့် အပြင် စစ်ရှုံးကောင်စီ ၏လေတပ်စခန်းတို့၏ အဓိကခေါင်ချုပ် ခွေးလေတပ်ဌာနချုပ်ဖြစ်သည်။”လို့ BWMက ထုတ်ပြန်ထားပါတယ်။
ဧပြီ ၂ ရက် နံနက် ၄နာရီခွဲလောက်မှာ လေတပ်ဝန်းထဲကို ၁၀၇ မမရှော့တိုက်ဒုန်း ၁၀ လုံးပစ်ခတ်ခဲ့တာဖြစ်ပြီး ၇ လုံးအောင်မြင်ခဲ့တယ်လို့ ဆိုပါတယ်။

Public Service Announcement
အဲဒီစစ်ဆင်ရေးကို BWMရဲ့ ဦးဆောင်မှုနဲ့ No More Dictatorship (NMD-PDF) ၊ Shadow Mandalay၊ မိုးမခတပ်ဖွဲ့(ညောင်ဦးခရိုင်ပကဖ)နဲ့ Satan အဖွဲ့တို့ပူးပေါင်းတိုက်ခိုက်ခဲ့တာဖြစ်ပြီး တောင်သာပလဖ နဲ့ နယ်မြေခံအဖွဲ့တွေကလည်း ကူညီပေးခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။
လေတပ်စခန်းက စစ်ကောင်စီရဲ့ တပ်တော်ဝင်လေယာဉ်တွေလည်းထားရှိတာကြောင့် တိုက်ခိုက်မှုမခံရအောင် မြေပြင်လုံခြုံရေးအဆင့်ဆင့်ထားရှိတဲ့ကြားကနေ BWMနဲ့ မဟာမိတ်တွေက လျှပ်တပြတ် ထိုးဖောက်ဝင်ရောက်ပြီးတိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
” အတွင်းသတင်းပေးအကူအညီကြောင့်သာ ယနေ့မစ်ရှင်ကို ဘေးအန္တရာယ်ကင်းစွာ ဖော်ဆောင်နိုင်ခဲ့ခြင်းဖြစ်ပါတယ်။ ယနေ့မစ်ရှင်တွင် အားဖြည့်ပါဝင်သော တောင်သာ ပလဖအဖွဲ့နှင့် နယ်မြေခံအဖွဲ့တို့ကိုလည်းကျေးဇူးအထူးတင်ကြောင်း ပြောကြားလိုပါတယ်”လို့ BWMက ထုတ်ပြန်ထားပါတယ်။
BWMက မတ်လအတွင်းမှာ မဟာမိတ်တွေနဲ့ပေါင်းပြီး တောင်ငူလေတပ်စခန်း၊ မကွေးလေတပ်စခန်းတွေအပါအဝင် စစ်ရေးပစ်မှတ် လေးနေရာကို တိုက်ခိုက်မှုတွေပြုလုပ်ခဲ့ပါတယ်။

















































