Connect with us

Hi, what are you looking for?

သတင်း

ဖားကန့်တပ်မကုန်း KIA ဒရုန်းနဲ့ တိုက်ခိုက်လို့ မီးလောင်နေ

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အခုညပိုင်းအထိ မီးလောင်နေဆဲဖြစ်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

(ဖားကန့်ဒေသရှိ စစ်တပ်ရဲ့ တပ်မခန်းတိုက်ခိုက်ခံရအပြီး မီးလောင်နေစဉ်။ ဓာတ်ပုံ − Myu Tsaw Kasa)

ဧပြီ ၃၊ ၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ဖားကန့်မြို့ရှိ စစ်ကောင်စီရဲ့ တပ်မကုန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ အခုညပိုင်းအထိ မီးလောင်နေဆဲဖြစ်ဟု ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

ဧပြီ ၃ရက် ညနေပိုင်းမှာ တိုက်ခိုက်မှု လုပ်ဆောင်ခဲ့တာလို့ ဆိုပါတယ်။

“ဒီညနေ ဖားကန့်မြို့ စခတပ်မကုန်းကို KIA အသေခံဒရုန်းနဲ့တိုက်ခိုက်တာ ညမိုးချုပ်အထိ မီးလောင်နေတယ်။ အခုည ၈နာရီခွဲ မီးက ပိုပြီး ပြင်းထန်လာနေတယ်” လို့ ကချင်စစ်ရေး သတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဖားကန့်တပ်မကုန်းမီးလောင်မှု အခြေအနေနဲ့ ဒေသစစ်ရေးအခြေအနေတွေ ဆက်လက်စုံစမ်းနေဆဲဖြစ်ပါတယ်။

KIAနဲ့ KPDF ပူးပေါင်းတပ်ဟာ ဧပြီ ၂ရက်ကလည်း ဖားကန့်မြို့နယ်က စစ်ကောင်စီ တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်ခဲ့ပါတယ်။ တပ်စခန်း ၃ခုကို သိမ်းပိုက်ထားနိုင်ခဲ့ဟု KIA ဘက်က အတည်ပြုထားသလို သတင်းရင်းမြစ်အချို့ကလည်း စစ်ကောင်စီရဲ့ တပ်စခန်းနေရာ ၆ခုထိ သိမ်းပိုက်နိုင်ပြီလို့ ပြောပြထားပါတယ်။

သိမ်းပိုက်ထားတဲ့ နေရာတွေဟာ အရင်က KIA ရဲ့ နေရာတွေဖြစ်ပြီး အခုပြန်လည်သိမ်းပိုက်နိုင်တာဖြစ်တယ်လို့ ပြောပါတယ်။

KIA ပူးပေါင်းတပ်နဲ့ စစ်တပ်ဟာ ဖားကန့်မြို့နယ်အပြင် ဗန်းမော်နဲ့ ဝိုင်းမော်မြို့နယ်တွေမှာလည်း တိုက်ပွဲဖြစ်ပွားမှု ရှိနေတယ်လို့ KIA သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

အဲဒီဘက်မှာတော့ တိုက်ပွဲကြီးတွေ မဟုတ်ဘဲ စစ်တပ်က ထိုးစစ်ဆင်လာလို့ တိုက်ပွဲတွေဖြစ်နေတာလို့ အသိပေးပါတယ်။

ဆက်စပ်သတင်းများ

သတင်း

မဘိမ်းမြို့နယ်ထဲမှာ လက်နက်ကြီး၊ ဒရုန်းတွေနဲ့တိုက်ပွဲအပြန်အလှန်ဖြစ်ပွားနေပြီး ဒေသခံတွေအနေနဲ့လုံခြုံရေးသတိပြုနေထိုင်ကြဖို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီးနော်ဘူကပြောပါတယ်။

နိုင်ငံတကာ

ရုရှားရဲ့ အရေးအကြီးဆုံး စစ်ရေးပြ ချီတက်ပွဲ တစ်ခုဆီ ယူကရိန်းရဲ့ ဖောက်ခွဲရေး ဒရုန်းတွေ ရောက်ရှိလာနိုင်ကြောင်း ယူကရိန်း သမ္မတ ဗိုလိုဒီမာ ဇီလန်စကီးက သတိပေး ပြောကြားလိုက်ပါတယ်။

သတင်း

ဖားကန့်မှာ မနေ့ကစတင်ပြီးတကျော့ပြန်ဖြစ်ပွားတဲ့မြေပြင်တိုက်ပွဲအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင်အချို့သေဆုံးပြီး သုံ့ပန်းနဲ့လက်နက်ခဲယမ်းအချို့ရရှိခဲ့တယ်လို့KIA၊KPDF သတင်းရင်းမြစ်တွေကပြောပါတယ်။

သတင်း

စစ်တပ်နဲ့နီးကပ်စွာ မနေဖို့၊ စစ်တပ်လက်နက်ခဲယမ်းရိက္ခာတွေ သယ်မပေးဖို့ ရွှေကူ KPDF သတိပေး

Facebook