Connect with us

Hi, what are you looking for?

သတင်း

မင်းဘူးမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ပတ်နီးပါးကြာ တိုက်ပွဲဖြစ်

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ပတ်နီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက ဒီကနေ့ ဧပြီ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ − မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်း

ဧပြီ-၆ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ မင်းဘူးမြို့နယ်မှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ တစ်ပတ်နီးပါးကြာတိုက်ပွဲဖြစ်ပွားခဲ့တယ်လို့ မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းက ဒီကနေ့ ဧပြီ ၆ရက်မှာ ထုတ်ပြန်ပါတယ်။

မတ်လ ၂၉ ရက်ကစခဲ့ပြီး ၆ရက်ကြာတဲ့ အဲဒီတိုက်ပွဲက အင်အား ၁၂၀ကျော် ပါတဲ့ စစ်တပ်စစ်ကြောင်းကို မင်းဘူးမြို့ရဲ့အနောက်ခြမ်းက ရှော်ဖြူတောကျေးရွာမှာ ဆီးကြိုတိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

အဲဒီနောက် မတ်လ ၃၁ရက်မှာ စစ်တပ်က မုတ္ထောကြီးကျေးရွာမှာ အထိုင်ချပြီး မန်းချောင်းအနောက်ဘက်က မရှက်ကျေးရွာကို စစ်ကြောင်းထိုးလာချိန်မှာ ဒရုန်းတွေနဲ့ တန်ပြန်တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

အခုဧပြီ ၁ ရက်မှာ မင်းရွာကတဆင့် မရှက်ကျေးရွာဘက်ကို စစ်ကြောင်းထိုးလာတာကြောင့် မင်းရွာနဲ့ မရှက်ရွာကြားမှာ တစ်ကြိမ်၊ ဖြူကုန်းရွာနားမှာ တစ်ကြိမ် မင်းဘူးခရိုင်တပ်ရင်းတွေက ကြားဖြတ်တိုက်ခဲ့တယ်လို့ ဖော်ပြပါတယ်။

စစ်တပ်ဟာ မင်းရွာကိုပြန်ဆုတ်သွားပြီး တိုက်ခိုက်မှုတွေအတွင်း စစ်တပ်က ၁၀ ဦးကျော်ထိခိုက်ဒဏ်ရာရတယ်လို့ ဆိုပါတယ်။

“မြို့ပေါ်က ပျူတွေနဲ့ ခလရ(၈၈)နဲ့ ခလရ(၁၀)က ထုတ်နှုတ်အင်အားတွေနဲ့လာတာ”မင်းဘူးခရိုင်၊အမှတ်(၆)တပ်ရင်းတာဝန်ရှိသူက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းရဲ့ ဒရုန်းနဲ့ လေယာဥ်နဲ့ ဗုံးကြဲမှုတွေကြောင့် မရှက်ရွာနဲ့ ကြီးကန်ကျေးရွာက အရပ်သား ၂ဦး ဒဏ်ရာရခဲ့ပါတယ်။

လက်ရှိစစ်တပ်စစ်ကြောင်းဟာ မဆုတ်ခွာသေးတာကြောင့် ကျေးရွာ ၂၀ကျော်က ဒေသခံ ပြည်သူ ၄၀၀၀ကျော်ဟာ ဘေးလွတ်ရာတိမ်းရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။