Connect with us

Hi, what are you looking for?

သတင်း

ကချင်နဲ့ လွတ်​မြောက်နယ်မြေက ပြည်သူတွေက Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ်လှုပ်ရှားမှုတွေ ပြုလုပ်

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - စစ်အာဏာရှင်ဆန့်ကျင်ရေးလူထုကွန်ရက်ဖားကန့်မြို့နယ်၊ GSCB

ဧပြီ ၁၁၊၂၀၂၆။ သုည/People’s Spring

ကချင်ပြည်နယ် ဖားကန့်မြို့နယ်နဲ့ လွတ်မြောက်နယ်မြေက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ Blue Shirt ကမ်ပိန်းနဲ့ တော်လှန်သံချပ် လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၁)မှာ ပြုလုပ်ခဲ့ပါတယ်။

လွတ်မြောက်န​ယ်​​မြေမှ တော်လှန်ပြည်သူတွေဟာ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် အမြဲတိုက်ပွဲဝင်ခဲ့တဲ့ ဟံသာဝတီဦးဝင်းတင်ကွယ်လွန်ခြင်း (၁၂)နှစ်ပြည့်အထိမ်းအမှတ် Blue Shirt ကမ်ပိန်းမှာ ပူးပေါင်းပါဝင်ခဲ့ကြပါတယ်။

အဆိုပါ အပြာရောင်အင်္ကျီလှုပ်ရှားမှုဟာ ဒေါ်အောင်ဆန်းစုကြည်နဲ့ သမ္မတကြီး ဦးဝင်းမြင့် အပါအဝင် နိုင်ငံရေးအကျဉ်းသားအားလုံး လွတ်မြောက်ရေးအတွက် ပြုလုပ်ခဲ့တာ ဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်မှာလည်း မှော်လှည့်သပိတ် သံချပ်အဖွဲ့က စစ်အာဏာရှင်ကို ဆန့်ကျင်ကြောင်း တော်လှန်သံချပ်တွေ နဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

ဆန္ဒပြပြည်သူတွေက “လေယာဉ်ဗုံးကြဲ အမိန့်ပေးသူ၊ လူသတ်ကောင်က သမ္မတတဲ့လား” ၊ “ဘုန်းကြီးကျောင်းကို ဗုံးကြဲနေတာ မဘသတွေ အသံမထွက်ကြဘူး”၊ “သွေးစည်းကြမလေ ညီနောင်တွေ၊ ဖက်ဒရယ်ပြည်သစ် အတူတည်ဆောက်စို့” စတဲ့ တော်လှန်သံချပ်စာသားတွေကိုင်ဆောင်ကာ စီတန်းလှည့်လည်ခဲ့ပါတယ်။

ဒါ့အပြင် နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်၊ သမ္မတ ဦးဝင်းမြင့်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက်လည်း တောင်းဆိုခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်လက်​အောက်ခံ ရှမ်းနီတပ်-SNA ကအရပ်သားအိမ်​တွေရှိရာ ပစ်ခတ်​နေတဲ့ရုပ်သံဖိုင်ပျံ့နှံ့

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့မှာ စစ်တပ်နဲ့ပြည်သူ့စစ်တပ်ဖွဲ့ဝင်တွေက လူနေကျေးရွာတွေကို လက်နက်ကြီးနဲ့ ပစ်ခတ်နေပြီး ဒီကနေ့ ဇွန်လ ၁၉ရက်ရဲ့နေ့လယ်ပိုင်းမှာလည်း အရပ်သားတွေနေထိုင်တဲ့အိမ်ပေါ်ကျရောက်ပေါက်ကွဲလို့ ထိခိုက်ပျက်စီးမှုတွေရှိခဲ့ပါတယ်။

သတင်း

ကချင်ပြည်နယ် ဖားကန့်မြို့မှာ လူထုခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည်‌ရဲ့ ၈၁ နှစ်ပြည့် မွေးနေ့ အထိမ်းအမှတ် စစ်အာဏာရှင်ဆန့်ကျင်ရေး လှုပ်ရှားမှုပြုလုပ်ခဲ့ပါတယ်။

သတင်း

ဖားကန့်မှာ နေအိမ်နဲ့ လုပ်ငန်းရှင်တွေကိုသာမက လမ်းသွားလမ်းလာတွေဆီကပါ ဓားပြတိုက်နေတဲ့ စစ်တပ်နဲ့ ပြည်သူ့စစ်ပူးပေါင်းအဖွဲ့မှ အဖွဲ့ဝင်တချို့ကိုKIA၊KPDFက ဖမ်းဆီးထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။