Connect with us

Hi, what are you looking for?

သတင်း

မင်းတုန်းမြို့မရဲစခန်းနဲ့ စစ်ဆေးရေးဂိတ်ကို သရက်ခရိုင်အမှတ်(၄)တပ်ရင်း တိုက်ခိုက်

မကွေးတိုင်းက မင်းတုန်းမြို့မရဲစခန်းနဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်တပ်က သေဆုံးမှုအချို့ရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာ ထုတ်ပြန်ပါတယ်။

သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ရဲဘော်တွေ ဒရုန်းနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ - Screengrab

ဧပြီ-၁၅၊၂၀၂၆။မိုမို/People’s Spring

မကွေးတိုင်းက မင်းတုန်းမြို့မရဲစခန်းနဲ့ စစ်တပ်စစ်ဆေးရေးဂိတ်ကို ဒရုန်းနဲ့တိုက်ခိုက်မှုမှာ စစ်တပ်က သေဆုံးမှုအချို့ရှိတယ်လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဒီကနေ့ သင်္ကြန်အကြတ်နေ့မှာ ထုတ်ပြန်ပါတယ်။

တပ်သားသစ်စုဆောင်းမှုတွေမှာ ဦးစီးနေတဲ့ မြို့မရဲစခန်းနဲ့ အရပ်သားတွေကို စစ်ဆေးဖမ်းဆီးပြီး ကုန်စည်တွေကို သိမ်းဆည်းတာတွေလုပ်နေတဲ့ မိုက်ကရိုဝေ့ စစ်တပ်စစ်ဆေးရေးဂိတ်စခန်းကို မနေ့က(ဧပြီ ၁၄ ရက်) မနက် ၉နာရီဝန်းကျင်က တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။

ဒရုန်းတိုက်ခိုက်မှုတွေမှာ မင်းတုန်းရဲစခန်းက ရဲတစ်ဦး သေဆုံးပြီး ဒုရဲအုပ်တစ်ဦး ပြင်းထန်ဒဏ်ရာရရှိတယ်လို့လည်း အသိပေးပါတယ်။ဒါ့အပြင် မိုက်ကရိုဝေ့ ဂိတ်ကလည်း စစ်သားတစ်ဦး သေဆုံးပြီးထိခိုက်သူတွေလည်းရှိတယ်လို့ ဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ရဲ့ထိခိုက်သေဆုံးမှုနဲ့ပတ်သက်လို့ လူထုနွေဦးက သီးခြားအတည်မပြုနိုင်သေးပါဘူး။

“စစ်တပ်ရဲ့ စစ်ရေးပြစ်မှတ်တွေကိုပဲ ရွေးချယ်တိုက်ခိုက်သွားမှာ ဖြစ်လို့ ဒေသခံတွေအနေနဲ့သင်္ကြန်ပွဲတော်ကို လွတ်လွတ်လပ်လပ်ပျော်ရွှင်စွာဆင်နွှဲနိုင်တယ်”လို့ သရက်ခရိုင်အမှတ်(၄)တပ်ရင်း တာဝန်ရှိသူကိုမြတ်က ပြောပါတယ်။

ဒါ့အပြင် ပြည်သူတွေအနေနဲ့ နှစ်သစ်ကူးကာလကို ပျော်ရွှင်စွာ ဖြတ်သန်းနိုင်ကြပါစေလို့လည်း သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ဆုတောင်းထားပါတယ်။

ပြီးခဲ့တဲ့နှစ်ကုန်ပိုင်းကစပြီး မင်းတုန်းမြို့နယ်အပါအဝင် သရက်ခရိုင်အတွင်းမှာ စစ်တပ်နဲ့ တော်လှန်ရေးတပ်တွေ ကြားနှစ်ဖက်တိုက်ပွဲတွေ ခပ်စိပ်စိပ်ဖြစ်နေပါတယ်။

စစ်တပ်က လေကြောင်းတိုက်ခိုက်မှုတွေအပါအဝင် စစ်ကြောင်းထိုးပြီး နေအိမ်တွေမီးရှို့တာ၊အရပ်သား တွေကို သတ်ဖြတ်တာရှိခဲ့ပါတယ်။

စစ်ရေးအချက်အလက်တွေအရ သရက်ခရိုင်က သရက်၊မင်းတုန်း၊ဆင်ပေါင်ဝဲ၊အောင်လံ၊ကံမ နဲ့ အထက်မင်းလှ မြို့နယ်တွေမှာ စစ်တပ်ရဲ့ကာကွယ်ရေးပစ္စည်းစက်ရုံ ခုနစ်ခုထိရှိပါတယ်။

(သရက်ခရိုင်အမှတ်(၄)တပ်ရင်းက ရဲဘော်တွေ ဒရုန်းနဲ့ တိုက်ခိုက်ဖို့ ပြင်ဆင်နေစဉ်။ ဓာတ်ပုံ – Screengrab)

ဆက်စပ်သတင်းများ

ဆောင်းပါး

စစ်လက်နက်ထုတ်လုပ်ရေးစက်ရုံကြီးတခု ဦးတည်တိုက်ခိုက်ခံနေရတာကို သတင်းဖုံးကွယ်လိုတဲ့ စစ်တပ်က လူထုကို လှည့်ဖျားဖို့ ဘောလုံးတွေကို အသုံးချနေပါတယ်။

သတင်း

ဗိုလ်မှူးအဆင့်အပါအဝင်၉ဦးသေဆုံး ၊လက်နက်မျိုးစုံ ၆ လက်နဲ့ခဲယမ်း​တွေရ၊​ဟောင်ဝစ်ဇာကိုမသယ်နိုင်လို့ဖျက်ဆီးခဲ့

သတင်း

ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စုပေါ်ထွန်းရေးဦးဆောင်ကောင်စီ (SCEF) နဲ့ စစ်ကိုင်းဖက်ဒရယ်ယူနစ်၊ မကွေးဖက်ဒရယ်ယူနစ်၊ မန္တလေးဒေသတို့မှ အစိုးရ၊ လွှတ်တော် တာဝန်ရှိသူများ တွေ့ဆုံဆွေးနွေးခဲ့ကြောင်း SCEFက ဒီကနေ့မှာ ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်းနဲ့ မကွေးတိုင်းအစပ်က အချက်အခြာကျ အရေးပါတဲ့ ထီးလင်းမြို့နယ် ရွှေအောင်သာရွာကို အာဏာသိမ်းစစ်တပ်က အင်အားရာချီနဲ့ စစ်ကြောင်းထိုးလျက်ရှိရာ ယောဒေသ တော်လှန်ရေးတပ်တွေရဲ့ တိုက်ခိုက်မှုခံရပြီး အထိနာ တပ်ပြန်ဆုတ်ရတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။