Connect with us

Hi, what are you looking for?

သတင်း

မိသားစုကိုအချိန်​ပေးပြီး မှတ်တမ်းရုပ်ရှင်​တွေဆက်လက်ဖန်တီးမယ်လို့ လွတ်​မြောက်လာတဲ့မရှင်ဒေဝီ​ပြော

အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီဟာ ဒီက​နေ့ပြန်လည်လွတ်​မြောက်လာခဲ့ပြီး သူ့အ​နေနဲ့ မှတ်တမ်းရုပ်ရှင်​တွေ ဆက်လက်ဖန်တီးသွားမယ်လို့ သတင်း​ထောက်​တွေကို​ပြောပါတယ်။

နှစ်ဆန်း ၁ ရက်မှာပြန်လည်လွတ်​မြောက်လာတဲ့ မရှင်​ဒေဝီ။ ဓါတ်ပုံ-​​​အောင်​မောင်း

ဧပြီ-၁၇၊၂၀၂၆။တာရာ၊​တေဇ/People’s Spring

အာဏာသိမ်းစစ်တပ်ရဲ့မတရားဖမ်းဆီးခံရပြီးထောင်ဒဏ် တစ်သက် တစ်ကျွန်း ချခံထားရတဲ့ မှတ်တမ်းရုပ်ရှင်ဖန်တီးသူ မရှင်ဒေဝီဟာ ဒီက​နေ့ပြန်လည်လွတ်​မြောက်လာခဲ့ပြီး သူ့အ​နေနဲ့ မှတ်တမ်းရုပ်ရှင်​တွေ ဆက်လက်ဖန်တီးသွားမယ်လို့ သတင်း​ထောက်​တွေကို​ပြောပါတယ်။

ဒါအပြင် မိသားစုနဲ့ အကြာကြီး​ဝေးခဲ့ရတာမို့ မိသားစုကို အချိန်​ပေးမယ် ၊မိတ်​ဆွေ​​တွေနဲ့လည်း​တွေ့မယ်လို ​ထောင်ကလွတ်​မြောက်လာပြီး သူမရဲ့အနာဂတ်အစီအစဥ်​တွေကို ​မေးတဲ့အခါ​ပြောကြားပါတယ် ။

“ဘာလုပ်ရမယ်တော့လောလောဆယ်အကြံဉာဏ်မရှိသေးဘူး။ဒါပေမယ့် ကျွန်မရဲ့ ပင်မအလုပ်က Documentary Film Maker ဖြစ်တယ် ။ ကျွန်မအနေနဲ့ကတော့ Documentary ဆက်ရိုက်သွားဦးမှာပါ”လို့ဆက်​ပြောပါတယ် ။

Public Service Announcement

Public Service Announcement

မရှင်ဒေဝီ ကို အာဏာသိမ်းစစ်တပ်က ၂၀၂၃ ခုနှစ် ၊အောက်တိုဘာလလယ်ပိုင်းကဖမ်းဆီးပြီး အ
ကြမ်းဖက်ပုဒ်မ နဲ့ စွဲချက်တင်ကာ အင်းစိန်ထောင်တွင်းစစ်ခုံရုံးကနေ ထောင်ဒဏ် တစ်သက်ချထားတာပါ။ဒါ​ကြောင့် ​ထောင်ထဲမှာ ၂ နှစ်ခွဲဝန်းကျင်​နေခဲ့ရတာဖြစ်ပါတယ် ။

စစ်တပ်က မရှင်​ဒေဝီကို ​ထောင်ဒဏ်တစ်သက် ချမှတ်ပြီး ​နောက်ပိုင်း ​ထောင်ဒဏ် ၁၅ နှစ်​ပြောင်းလဲခဲ့ပြီး ဧပြီ ၁၇ ရက်မှာ​တော့လွတ်​မြောက်လာတာဖြစ်ပါတယ် ။သူမအ​နေနဲ့ လွတ်​မြောက်မှာကို ကြိုမသိဘူးလည်းလည်း သတင်း​ထောက်​တွေကို​ပြောပါတယ် ။

မြန်မာနှစ်ဆန်းတစ်ရက်နေ့ မှာနိုင်ငံတဝန်းအကျဉ်း
ထောင်တွေကအကျဉ်းသူ ၊အကျဉ်းသား ၄,၀၀၀ ကျော်ကို လွှတ်ပေးမယ်လို့ အာဏာသိမ်းစစ်ခေါင်းဆောင်ကကြေညာပါတယ်။

ဒါ​ပေမယ့်P​PNMရဲ့ စာရင်းအရ ဧပြီ ၁၇ရက်၊ မြန်မာနှစ်ဆန်းတစ်ရက်နေ့ မွန်းလွဲ (၂) နာရီအထိ အတည်ပြုနိုင်တဲ့ အချက်အလက်တွေအရ အမှုပေါင်းစုံနဲ့ လွတ်မြောက်လာသူ ၅၀၀ ကျော်ရှိတဲ့အနက် နိုင်ငံရေးအကျဉ်းသားဦးရေမှာ ၁၆၅ ဦးသာ ပါဝင်သေးကြောင်း သိရပါတယ်။

စုစုပေါင်းလွတ်မြောက်လာသူ အရေအတွက်နဲ့ နှိုင်းယှဉ်ပါက နိုင်ငံရေးအကျဉ်းသား ပြန်လည် လွတ်မြောက်လာမှုဟာ နည်းပါးနေတာကို တွေ့ရှိရတယ်လို့ PPNMက အသိ​ပေးပါတယ်။

“သူတို့(စစ်ကောင်စီဘက်က) ၄၃၃၅ ဦးဆိုတာက အမှုတွေအားလုံးပေါင်းပေါ့နော်။ နိုင်ငံရေးအကျဥ်းသား အမှုတွေလည်း ပါသလို အခြားအမှုတွေလည်း ပါတယ်။ အားလုံးပေါင်းကို ပြောချင်တာဖြစ်ပါတယ်။ ကျွန်တော်တို့ရရှိထားတဲ့ အတည်ပြုထားတဲ့ စာရင်းတွေကတော့ တစ်ရာကျော်ပဲ ရှိပါသေးတယ်။”လို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

ကျန်ရှိနေသေးတဲ့ လွတ်မြောက်လာသူတွေရဲ့ အချက်အလက်တွေကို PPNM က ဆက်လက်စိစစ်နေပြီး အတည်ပြုချက်တွေ ထပ်မံရရှိပါက ဆက်လက်ထုတ်ပြန်သွားမယ်လို့ အသိပေးပါတယ်။

ဒါအပြင်စစ်အုပ်စုက နိုင်ကျဥ်း​တွေကို လွှတ်​ပေးတယ်ဆို​ပေမယ့် ပြစ်ဒဏ်ထပ်မံကျူးလွန်ရင် အရင်ပြစ်ဒဏ်ပါ ​ပေါင်းပြီးကျခံရမယ်ဆိုတဲ့ ပုဒ်မ (၄၀၁) ကိုဖိအား​ပေး​ရေးထိုးခိုင်းတယ်လို့သိရပါတယ်။ နိုင်ငံ​တော် သမ္မတဦးဝင်းမြင့်က​တော့ အဲလိုလက်မှတ်ထိုးခိုင်းတာမှာ လက်မှတ်မထိုးခဲ့ဘူးလို့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

စစ်အာဏာရှင်တွေက မတရားဖမ်းဆီးထားတဲ့ နိုင်ငံတော်သမ္မတ ဦးဝင်းမြင့်အပါအဝင် နိုင်ငံရေးအကျဉ်းသားအချို့ မိသားစုနဲ့ ပြန်ဆုံဆည်းရတာကိုဝမ်းမြောက်ကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG)က သဘောထား ထုတ်ပြန်ခဲ့ပြီး တော်လှန်ရေးပန်းတိုင်နဲ့ အောင်မြင်မှုတွေ ရရှိတဲ့အထိ တိုက်ပွဲဝင်မယ်လို့ ထုတ်ပြန်ပါတယ်။

ဆောင်းပါး

စစ်ကောင်စီက လွှတ်ပေးဦးမယ်အထင်နဲ့ အကျဥ်းထောင်တွေရဲ့ရှေ့မှာ အကျဥ်းကျမိသားစုဝင်တွေဟာ ညနက်သည်အထိ စောင့်ဆိုင်းခဲ့ကြပါတယ်။