Connect with us

Hi, what are you looking for?

သတင်း

ကဆုန်လပြည့်နေ့စစ်ကောင်စီလွတ်ငြိမ်း နိုင်ကျဥ်း ၈ဦးသာ လွတ်မြောက်

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

(ကဆုန်လပြည့်နေ့က လွတ်ငြိမ်းပေးလို့ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်ရှေ့မှာ စောင့်ဆိုင်းနေတဲ့ ပြည်သူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PS)

မေ-၃၊ ၂၀၂၆။ဟာနာဆန်/People’s Spring

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

စစ်ကောင်စီက ကဆုန်လပြည့်နေ့ လွတ်ငြိမ်းပေးရာမှာ အကျဥ်းသားပေါင်း ၁၅၀၈ ဦးလွှတ်မယ်လို့ ဆိုခဲ့ပေမဲ့ ကျိုက်မရောအကျဉ်းထောင်က အမျိုးသမီး နိုင်ငံရေးအကျဉ်းသူ ၁ဦး၊ ရွှေဘိုအကျဉ်းထောင်က အမျိုးသား နိုင်ငံရေးအကျဉ်းသား ၃ ဦး၊ အင်းစိန်ထောင်က နိုင်ကျဥ်း ၂ ဦးနဲ့ ဒါရိုက်တာ ၂ ဦး စုစုပေါင်း ၈ ဦးသာ လွတ်မြောက်ခဲ့တယ်လို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

“တစ်ရာခိုင်နှုန်းတောင် မရှိဘူး။ ဒီတခေါက်လွတ်ငြိမ်းဟာ လွတ်မြောက်လာတဲ့နိုင်ကျဥ်းတွေကလည်း လွတ်နီးနဲ့(လွတ်ရက်နီးလို့)လွတ်မြောက်လာကြတဲ့သူတွေပဲ ဖြစ်တယ်။ လွတ်နီးတွေကိုပဲ လွှတ်ပေးတဲ့သဘောဖြစ်တယ်။ ဒါကြောင့် ပြစ်မှုပြစ်ဒဏ်ရှိတဲ့ အကျဥ်းသားအကျဥ်းသူတွေကိုပဲ အဓိကလွှတ်ပေးတဲ့လွတ်​ငြိမ်းလို့ ပြောချင်ပါတယ်”လို့ ၎င်းက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သာယာဝတီ၊ မြင်းခြံနဲ့ မုံရွာအစရှိတဲ့ အခြားအကျဉ်းထောင်အသီးသီးက နိုင်ငံရေးအကျဉ်းသားတွေမှာမူ လွတ်မြောက်လာခြင်း မရှိဘဲ ထောင်ပေါင်းများစွာသော နိုင်ငံရေးအကျဉ်းသားတွေဟာ အကျဉ်းထောင်တွေအတွင်း ဆက်လက် ဖမ်းဆီးထိန်းသိမ်းခံထားရဆဲ ဖြစ်ကြောင်း PPNMက အသိပေးပါတယ်။

စစ်ကောင်စီရဲ့ လွတ်ငြိမ်းခွင့်ဟာ မှန်ကန်မှုမရှိတာကို မီးမောင်းထိုးပြနေပြီး ပြည်သူလူထုရဲ့ အာရုံစိုက်မှုကို လွှဲပြောင်းဖို့နဲ့ နိုင်ငံရေးဖိအားတွေကို လျှော့ချဖို့အတွက် ရည်ရွယ်တဲ့ ဟန်ပြစာရင်းသာဖြစ်ကြောင်း၊ အမှန်တကယ် လွတ်မြောက်ဖို့ လိုအပ်နေသူတွေကတော့ သံတိုင်တွေနောက်မှာ ဆက်လက်ကျန်ရစ်နေဆဲဖြစ်ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က အသိပေးထားပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ အင်းစိန်အကျဥ်းထောင်ကနေ အကျဉ်းသား၊သူ ၉၀၀ ကျော်ကို လွှတ်ပေးခဲ့ပြီးအဲဒီလွတ်လာသူ အများစုဟာ လောင်းကစားမှု၊ ခိုးမှု နဲ့ လွတ်ရက်စေ့တွေ များတယ်လို့ အင်းစိန်အကျဥ်းထောင်ရှေ့မှာ လာရောက်စောင့်ဆိုင်းနေသူတစ်ဦးက ပြောပါတယ်။

ပြီးခဲ့တဲ့ နှစ်ဆန်းတစ်ရက်နေ့ လွတ်ငြိမ်းတုန်းကလည်း အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁,၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ ကျော်သာ ပါဝင်ခဲ့တယ်လို့ PPNMက သတင်းထုတ်ပြန်ခဲ့ပါတယ်။

အခုတစ်ကြိမ်လွတ်ငြိမ်းမှာ စစ်အာဏာသိမ်းမှုကိုဆန့်ကျင်တာတွေနဲ့ပတ်သက်ပြီး ဖမ်းဆီးအကျဉ်းချခံရတဲ့ နိုင်ကျဥ်းတွေမပါဝင်ဘဲ ရာဇဝတ်ပုဒ်မတွေနဲ့ ထောင်ချထားသူအများစုသာပါဝင်လာတာတွေ့ရပါတယ်။

နိုင်ငံတော်အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် လက်ရှိအကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးခံထားရတဲ့ အပြစ်မဲ့ပြည်သူအမြောက်အမြား ကျန်ရှိနေသေးပြီး စစ်တပ်က သူတို့ရဲ့ နိုင်ငံရေးအမြတ်ထုတ်မှုအတွက်သာ အကျဉ်းသားလွှတ်ပေးတယ်ဆိုပြီး ပုံဖော်နေတာလို့ တော်လှန်ရေးအင်အားစုတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဒီကနေ့ ယှဉ်ပြိုင်သွားတဲ့ ကမ္ဘာ့ဖလားဘောလုံးပြိုင်ပွဲရဲ့ နော်ဝေနဲ့ ဆီနီဂေါအသင်းပွဲစဉ်မှာ ကွင်းအတွင်းသွားရောက်ကြည့်ခဲ့တဲ့ မြန်မာအချို့က လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ဖို့ တောင်းဆိုတဲ့ လှုပ်ရှားမှု ပြုလုပ်ခဲ့ပါတယ်။

သတင်း

မြန်မာ့နိုင်ငံရေးပြဿနာများ ငြိမ်းချမ်းစွာပြေလည်စေရေးအတွက် အထူးဦးစားပေးလုပ်ငန်းစဉ်အဖြစ် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် နိုင်ငံရေးအကျဉ်းသားများအားလုံး ခြွင်းချက်မရှိ လွတ်မြောက်ရေး အဓိကထား ကြိုးပမ်း ဆောင်ရွက်ပေးကြဖို့ မိတ်ဆွေနိုင်ငံတွကို မေတ္တာရပ်ခံတိုက်တွန်းကြောင်း အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်(NLD)နဲ့ ပြည်နယ်၊ တိုင်းလွှတ်တော်၊ အစိုးရတွေက ဒီကနေ့မှာ ပူးပေါင်း ထုတ်ပြန်လိုက်ပါတယ်။

သတင်း

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်ရဲ့ (၈၁)နှစ်ပြည့်မွေးနေ့မှာ ‌မွေးနေ့ရှင်အပါအဝင် နိုင်ငံရေးအကျဉ်းသားတွေ လွတ်မြောက်ရေးအတွက် နိုင်ငံတကာသံရုံးတွေက တောင်းဆိုထားကြပါတယ်။

သတင်း

ဒေါ်အောင်ဆန်းစုကြည်ရဲ့ နိုင်ငံရေးဦးဆောင်မှု ကဏ္ဍဟာ အစားထိုးမရနိုင်အောင်အရေးပါနေဆဲလို့ စစ်ကိုင်းဖက်ဒရယ်ယူနစ်အစိုးရ ထုတ်ပြန်