Connect with us

Hi, what are you looking for?

သတင်း

လေးထောင်ကျော်လွှတ်မယ်လို့ကြေညာတဲ့ စစ်ကောင်စီလွတ်ငြိမ်း ၁၆၀၀ကျော်သာ လွတ်မြောက်၊ နိုင်ကျဥ်း ၂၈၀ကျော်သာ ပါဝင်​ဧပြီ-၁၉၊ ၂၀၂၆ ဇေအောင်/People’s Spring

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

နှစ်ဆန်းတစ်ရက် လွတ်ငြိမ်းမှာ ရန်ကုန်မြို့အင်းစိန်အကျဉ်းထောင်က လွတ်မြောက်လာသူတွေကို တွေ့ရစဉ်။ ဓာတ်ပုံ - PS

စစ်ကောင်စီက နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း လေးထောင်ကျော် လွှတ်မယ်လို့ ကြေညာထားပေမဲ့ လက်တွေ့မှာ ၁၆၀၀ ကျော်သာ လွတ်မြောက်လာပြီး နိုင်ငံရေးအကျဥ်းသား ၂၈၀ကျော်သာ ပါဝင်ကြောင်း နိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)က သတင်းထုတ်ပြန်ပါတယ်။

စစ်ကောင်စီဟာ နှစ်ဆန်းတစ်ရက်နေ့မှာ အကျဥ်းသားပေါင်း ၄,၃၃၅ ဦး လွှတ်ပေးမယ်လို့ ကြေညာခဲ့ပေမဲ့ လက်တွေ့မှာ ၁,၆၉၁ ဦးသာ အမှန်တကယ် လွတ်မြောက်လာခဲ့ကြောင်း၊ ၎င်းတို့အနက် နိုင်ငံရေးအကျဉ်းသား အရေအတွက်ဟာ ၂၈၈ ဦးသာရှိကြောင်း PPNMက ဒီကနေ့ ဧပြီ ၁၈ရက်မှာ ထုတ်ပြန်ပါတယ်။

“နှစ်ဆန်းတစ်ရက်နေ့ဟာ ဗမာလူမျိုးတွေအတွက် လွတ်ငြိမ်းချမ်းသာနဲ့ပတ်သက်ပြီး မျှော်လင့်ထားကြတာလည်း ရှိတယ်။ ပြီးတော့ မင်းအောင်လှိုင်ဟာ သူသမ္မတ ဖြစ်တာနဲ့ပတ်သက်ပြီးတော့လည်း ပြည်သူလူထု အချို့က (လွတ်ငြိမ်းကို) မျှော်လင့်နေတာလည်းဖြစ်တယ်။ ဒါကြောင့်မို့လို့ သူအာသာပြေရုံ လွှတ်ပြတဲ့ အရေအတွက်လို့ပဲ မြင်ပါတယ်”လို့ PPNMရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

ယခုလုပ်ရပ်ဟာ စစ်မှန်တဲ့ လွတ်ငြိမ်းချမ်းသာခွင့်မဟုတ်ဘဲ နိုင်ငံတကာနဲ့ ပြည်သူလူထုကို ကိန်းဂဏန်းတွေနဲ့ မျက်လှည့်ပြ လှည့်ဖြားနေခြင်းသာ ဖြစ်ကြောင်း PPNMက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

နွေဦးနိုင်ငံရေးအကျဉ်းသားများအစည်းအရုံး (FPPS)က ကိုရှင်းသန့်ကလည်း ယခု လွတ်ငြိမ်းချမ်းသာခွင့်ဟာ စစ်မှန်တဲ့စေတနာမပါဘဲ နိုင်ငံရေးအရ ဟန်ပြလုပ်ဆောင်ခြင်းသာဖြစ်ကြောင်း ဝေဖန်ပါတယ်။

​”စေတနာရှိလို့ မတရားဖမ်းဆီးထိန်းသိမ်းခံထားရတဲ့သူတွေကို လွှတ်ချင်လို့ လွှတ်ပေးတာမဟုတ်ဘဲနဲ့ သူက အတုအယောင်ရွေးကောက်ပွဲကနေ မတရားဖြစ်လာတဲ့ အတုအယောင်သမ္မတ ဖြစ်လာပြီး သမ္မတဆိုတာ ဒီလို လွတ်ငြိမ်းချမ်းသာခွင့်တွေ ပေးရတယ်ဆိုတဲ့ ပုံစံမျိုးကို ပြချင်တာပါ။”လို့ ကိုရှင်းသန့်က ပြောပါတယ်။

​အမှန်တကယ် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်လာမှု အလွန်နည်းပါးနေပြီး အထူးသဖြင့် နိုင်ငံတော်သမ္မတ ဦးဝင်းမြင့် လွတ်မြောက်လာပေမဲ့ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် ကျန်နေသေးကြောင်း၊ ဒါ့အပြင် မုံရွာလူထုသပိတ်တိုက်ပွဲ ဦးဆောင်ကော်မတီမှ ကိုဝေမိုးနိုင်တို့ကဲ့သို့ နိုင်ကျဥ်းတွေကို ဆက်လက် ဖမ်းဆီးချုပ်နှောင်ခံထားရဆဲ ဖြစ်ကြောင်း ကိုရှင်းသန့်က ပြောပါတယ်။

​လက်ရှိ အကျဉ်းထောင်အသီးသီးမှာ မတရားဖမ်းဆီးခံထားရတဲ့ တော်လှန်ရေး အင်အားစုတွေနဲ့ အပြစ်မဲ့ပြည်သူ အမြောက်အမြား ကျန်ရှိနေသေးပြီး စစ်အုပ်စုက ၎င်းတို့ရဲ့ နိုင်ငံရေးအမြတ်ထုတ်မှုအတွက် အကျဉ်းသားလွှတ်ပေးခြင်းကို ပုံဖော်နေခြင်းအပေါ် တော်လှန်ရေးအင်အားစုတွေက စောင့်ကြည့်နေကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကဆုန်လပြည့်နေ့က စစ်ကောင်စီရဲ့လွတ်ငြိမ်းမှာ နိုင်ငံရေးအကျဥ်းသား ၈ဦးသာ လွတ်မြောက်ခဲ့ကြောင်း မြန်မာနိုင်ငံလုံးဆိုင်ရာနိုင်ငံရေးအကျဉ်းသားများကွန်ရက် (PPNM)ရဲ့ ဦးဆောင်ကော်မတီဝင် မရောင်နီလင်းက ပြောပါတယ်။

သတင်း

ထိုင်ဝမ်နိုင်ငံရောက် မြန်မာတွေက လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည်အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့ ဆန္ဒထုတ်ဖော််မှုကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းနဲ့ တနင်္သာရီတိုင်းအတွင်းက တော်လှန်ရေးရဲဘော်တွေ၊ သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားအားလုံး လွှတ်ပေးဖို့အတွက် ဆန္ဒပြသပိတ်လှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၉) မှာ ပြုလုပ်ခဲ့ပါတယ်။

သတင်း

စစ်ကိုင်းတိုင်းအတွင်းက သပိတ်အဖွဲ့တွေ၊ ဒေသခံတော်လှန်ပြည်သူတွေဟာ နိုင်ငံတော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် အပါအဝင် မတရားဖမ်းဆီးခံနိုင်ငံရေးအကျဉ်းသားတွေအားလုံး လွှတ်ပေးဖို့ ဆန္ဒပြလှုပ်ရှားမှုတွေကို ဒီကနေ့ (ဧပြီ ၁၈)မှာ ပြုလုပ်ခဲ့ပါတယ်။