Connect with us

Hi, what are you looking for?

သတင်း

စစ်တပ်က သမ္မတဦးဝင်းမြင့် ကို​စောင့်ကြည့်မှုတိုးလုပ်​နေ

သမ္မတဦးဝင်းမြင်နဲ့ ​တွေ့ဆုံသူ​တွေကို တင်းတင်းကြပ်ကြပ်စစ်​ဆေးပြီး NLD ဗဟိုအလုပ်အမှု​ဆောင်​တွေကိုပါ ​စစ်တပ်ကစောင့်ကြည့်မှုတိုးလုပ်

သမ္မတဦးဝင်းမြင့် နဲ့ အငြိမ်းစားသမ္မတ ဦးထင်​ကျော်​တို့​တွေ့ဆုံနှုတ်ဆက်​နေကြစဥ်

ဧပြီ-၂၀၊၂၀၂၆။​ဒီပ/People’s Spring

အာဏာသိမ်းစစ်တပ်က သမ္မတဦးဝင်းမြင့်ရဲ့​နေအိမ်နဲ့ ​နေအိမ်ကို ​စောင့်ကြည့်မှု​တွေတိုးလုပ်​နေပြီးသွား​ရောက်​တွေဆုံသူ​တွေကိုမ​တွေ့ခင်ကတည်းက တင်းတင်းကြပ်ကြပ်စစ်​ဆေး​နေတယ်လို့ စုံစမ်းသိရပါတယ် ။

စစ်တပ်အာဏာသိမ်းတဲ့​နေ့ကတည်းကဖမ်းဆီးခံခဲ့ရတဲ့သမ္မတဦးဝင်းမြင့်ဟာဧပြီ ၁၇ ရက်​နေ့မှာလွတ်​မြောက်လာပြီး ​နေပြည်​တော်မှာ မိသားစုနဲ့အတူ​နေထိုင်​​နေပါတယ် ။စစ်တပ်က သမ္မတဦးဝင်းမြင့်ကိုပြန်လွှတ်​ပေးခဲ့​ပေမယ့် တင်းတင်းကြပ်ကြပ် ​စောင့်ကြည့်မှု​တွေလုပ်​နေပါတယ် ။

ဒါ့အပြင် သမ္မတဦးဝင်းမြင့် ကိုသွား​ရောက်​တွေ့ဆုံသူ​တွေကို စစ်တပ်က အိမ်အနီးမှာ​စောင့်ပြီး မှတ်ပုံတင်အပါအဝင် ကိုယ်​ရေးအချက်အလက်​တွေစစ်​ဆေးတာ ၊စစ်​မေးတာ ၊ဖုန်း​တွေကိုပါ PSMS ​ဆော့ဝဲလ်သုံးပြီး တင်းတင်းကြပ်ကြပ်စစ်​ဆေး​နေတယ်လို့ စစ်တပ်နဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ် ။ သမ္မတဦးဝင်းမြင့်ကို​တွေ့ဆုံခဲ့သူ​တွေကိုလည်း စစ်တပ်က ​စောင်ကြည့်မှု​တွေလုပ်​နေတယ်လို့ စုံစမ်းသိရပါတယ်။

Public Service Announcement

Public Service Announcement

သမ္မတဦးဝင်းမြင့်တင်မကပဲ အမျိုးသားဒီမိုက​ရေစီအဖွဲ့ချုပ်ပါတီ ဗဟိုအလုပ်အမှု​ဆောင်အဖွဲ့ဝင်​တွေကိုပါစစ်တပ်က ​စောင့်ကြည့်​နေတယ်လို့ စစ်​ကောင်စီနဲ့နီးစပ်တဲ့သတင်းရင်းမြစ်အချို့က​ပြောပါတယ် ။

NLD ရဲ့ ဗဟိုအလုပ်အမှု​ဆောင်လည်းဖြစ် ၊ပြောရေးဆိုခွင့်ရှိသူလည်းဖြစ်တဲ့ ဒေါက်တာ မျိုးညွန့် ကို စစ်​​ကောင်စီရဲ့ပြည်ထဲရေးဝန်ကြီးဌာနက ဧပြီ ၁၈ ရက်​နေ့မှာ ခေါ်ယူစစ်ဆေးခဲ့ပြီး ဧပြီလ ၁၉ ရက်နေ့မှာမှ ပြန်လွှတ်ပေးခဲ့ပါတယ်။ ​ဒေါက်တာမျိုးညွှန့်က ​ဒေါ်​အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး သတင်းအစအန​တောင် မရဘူးလို့​ဖြေကြားခဲ့တာ​ကြောင့် စစ်တပ်က ​ခေါ်ယူစစ်​ဆေး ခြိမ်း​ခြောက်တာလို့ စစ်​ကောင်စီနဲ့ နီးစပ်တဲ့အခြားသတင်းရင်းမြစ်တဦးကလည်း​ပြောပါတယ်။

သမ္မတ ဦးဝင်းမြင့် လွတ်မြောက်မှု နဲ့ နိုင်ငံ​တော်ရဲ့အတိုင်ပင်ခံပုဂ္ဂိုလ်​ဒေါ်​အောင်ဆန်းစုကြည်သတင်း​တွေကို​ဖြေကြားခဲ့လို့ဖြစ်နိုင်တယ်လို့ အထက်ပါသတင်းရင်းမြစ်​တွေက​ပြောပါတယ်။

​ဒေါက်တာမျိုးညွှန့်ဟာ သမ္မတ ဦးဝင်းမြင့် မိသားစုထံအငြိမ်းစားသမ္မတဦးထင်ကျော်မိသားစု နဲ့ အတူသွားရောက်တွေ့ဆုံနှုတ်ဆက်ခဲ့ပါတယ် ။

ဆက်စပ်သတင်းများ

သတင်း

စစ်သားအ​လောင်း၃၀​ကျော်ရပြီးစစ်တပ်စစ်​ကြောင်း​နောက်ပြန်ဆုတ်သွား

သတင်း

ရဲကွန်မန်ဒို စစ်ကြောင်းမှူးပါဒဏ်ရာအပြင်းအထန်ရဟုသာယာ၀တီခရိုင်စစ်ရေးတာ၀န်ရှိသူ​ပြော

သတင်း

စစ်တပ်က ရန်ကုန်နဲ့ ဧရာဝတီတိုင်းချိတ်ဆက်ထားတဲ့ အဝေးပြေးလမ်းကိုအသုံးပြုပြီး စစ်လက်နက်ပစ္စည်းတွေကားနဲ့သယ်ယူပို့ဆောင်နေတဲ့အတွက် ခရီးသွားတွေသတိပြုသွားလာကြဖို့ မျက်မြင်တွေ့ရှိသူတွေက သတိပေးကြပါတယ်။

သတင်း

မန္တလေးတိုင်း၊ မိတ္ထီလာမြို့က စစ်တပ် ၃ခုဆုံတဲ့နေရာအနီးမှာ အိုးဝေသမားတစ်ဦးကို လူငယ်တွေက သံချွန်နဲ့ထိုးပြီး လုယက်မှုဖြစ်ပွားခဲ့ပါတယ်။

Facebook