Connect with us

Hi, what are you looking for?

သတင်း

လက်နက်ယူပြီးအလင်းဝင်လာတဲ့ စစ်သားကို CDF KKGက ကျပ်သိန်း ၅၀ ချီးမြှင့်

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သားကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF KKG)

မေ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့ ခလရ(၅၀)တပ်ရင်းက တပ်သားကောင်းခန့်(ခ)အာဇာနည်ဟာ ဧပြီ ၁၉ရက်မှာ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

အလင်းဝင်လာတဲ့ ရဲဘော်ဟာ MA 1 လက်နက် ၁လက်နဲ့ ကျည်၊လက်ပစ်ဗုံးအချို့ယူလာလို့ ဆုငွေအဖြစ်ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း အသိပေးထားပါတယ်။ဒါ့အပြင် လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားတွေဟာ အရင်ကလည်း CDF-KKG ထံ အလင်းဝင်ရောက်မှု ရှိခဲ့ရာ အလင်းဝင်သူတွေထဲမှာ ဗိုလ်ကြီးအဆင့် အရာရှိအချို့လည်း ပါဝင်ပါတယ်။

CDF KKGအနေနဲ့ ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်အာဏာရှင် စနစ် အမြစ်ပြုတ်ရေးအတွက် ပါဝင်ကြဖို့လည်း ပြီးခဲ့တဲ့ မတ်လမှာ တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။ ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးကြီး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ စစ်မှုထမ်းတာဝန်မှာ ပူးပေါင်းကြဖို့ နှိုးဆော်ထားတာပါ။

CDF-KKGဟာ နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်ခဲ့ပြီး နောင်မှာလည်းဘုံရည်မှန်းချက်တူတဲ့ အင်အားစုအားလုံးနဲ့ ချိတ်ဆက်လက်တွဲဖို့ အမြဲအဆင်သင့်ရှိတယ်လို့ အသိပေးပါတယ်။တော်လှန်ရေး၅နှစ်တာအတွင်း CDF-KKG မှ ရဲဘော်ရဲမေ (၉၂) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ စုစုပေါင်း ၂၀၀ ကျော်ပြီဖြစ်တယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

တော်လှန်ရေးကာလအတွင်းဘက်ပြောင်းခိုလှုံလာတဲ့ အာဏာသိမ်းစစ်တပ် စစ်သား‌တွေ က လက်နက်အလက် ၂၀ ၀န်းကျင်ယူလာခဲ့တယ်လို့ ဖယ်ခုံမြို့နယ်ပြည်သူ့ကာကွယ်ရေးတပ် တပ်ရင်း-၂ ၊အမှတ်(၁၀၀၆)တပ်ရင်း ရဲ့တာ၀န်ရှိသူကပြောပါတယ်။

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။