Connect with us

Hi, what are you looking for?

သတင်း

လက်နက်ယူပြီးအလင်းဝင်လာတဲ့ စစ်သားကို CDF KKGက ကျပ်သိန်း ၅၀ ချီးမြှင့်

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(လက်နက်နဲ့ အလင်းဝင်လာတဲ့ စစ်သားကို တွေ့ရစဉ်။ ဓာတ်ပုံ - CDF KKG)

မေ ၄၊ ၂၀၂၆။ ထားမြတ်/People’s Spring

အာဏာသိမ်းစစ်ကောင်စီတပ်သား တစ်ဦးဟာ လက်နက်နဲ့ အလင်းဝင်လာကြောင်း ချင်းဒေသကာကွယ်ရေးတပ်(ကလေး-ကဘော်-ဂန့်ဂေါ)-(CDF-KKG)က မေလ ၃ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

ဂန့်ဂေါမြို့ ခလရ(၅၀)တပ်ရင်းက တပ်သားကောင်းခန့်(ခ)အာဇာနည်ဟာ ဧပြီ ၁၉ရက်မှာ အလင်းဝင်လာတာလို့ ဖော်ပြထားပါတယ်။

အလင်းဝင်လာတဲ့ ရဲဘော်ဟာ MA 1 လက်နက် ၁လက်နဲ့ ကျည်၊လက်ပစ်ဗုံးအချို့ယူလာလို့ ဆုငွေအဖြစ်ကျပ်သိန်း ၅၀ ဆုချီးမြှင့်ခဲ့ကြောင်း အသိပေးထားပါတယ်။ဒါ့အပြင် လွတ်မြောက်နယ်မြေကို ပို့ဆောင်ခဲ့ပြီးဖြစ်တယ်လို့လည်း ထုတ်ပြန်ထားပါတယ်။

Public Service Announcement

Public Service Announcement

စစ်ကောင်စီတပ်သားတွေဟာ အရင်ကလည်း CDF-KKG ထံ အလင်းဝင်ရောက်မှု ရှိခဲ့ရာ အလင်းဝင်သူတွေထဲမှာ ဗိုလ်ကြီးအဆင့် အရာရှိအချို့လည်း ပါဝင်ပါတယ်။

CDF KKGအနေနဲ့ ကလေး-ကဘော်-ဂန့်ဂေါဒေသရှိ အရွယ်ရောက်ပြီးသူအားလုံး စစ်အာဏာရှင် စနစ် အမြစ်ပြုတ်ရေးအတွက် ပါဝင်ကြဖို့လည်း ပြီးခဲ့တဲ့ မတ်လမှာ တိုက်တွန်းချက် ထုတ်ပြန်ထားပါတယ်။ ဆင်နွှဲနေသော ပြည်သူ့တော်လှန်ရေးကြီး ဆောလျင်စွာ ပြီးမြောက်အောင်မြင်နိုင်ရေးအလို့ငှာ စစ်မှုထမ်းတာဝန်မှာ ပူးပေါင်းကြဖို့ နှိုးဆော်ထားတာပါ။

CDF-KKGဟာ နွေဦးတော်လှန်ရေး ကနဦးကာလမှ ယနေ့အထိ အကြမ်းဖက် စစ်အုပ်စုကို ဆန့်ကျင်တော်လှန်တဲ့ တော်လှန်ရေးအဖွဲ့အစည်းအားလုံးနဲ့ လက်တွဲဆောင်ရွက်ခဲ့ပြီး နောင်မှာလည်းဘုံရည်မှန်းချက်တူတဲ့ အင်အားစုအားလုံးနဲ့ ချိတ်ဆက်လက်တွဲဖို့ အမြဲအဆင်သင့်ရှိတယ်လို့ အသိပေးပါတယ်။တော်လှန်ရေး၅နှစ်တာအတွင်း CDF-KKG မှ ရဲဘော်ရဲမေ (၉၂) ဦး မြင့်မြတ်စွာ အသက်ပေးလှူခဲ့ကြပြီး ကိုယ်လက်အင်္ဂါ စွန့်လွှတ်သူများအပါအဝင် ထိခိုက်ဒဏ်ရာရ စုစုပေါင်း ၂၀၀ ကျော်ပြီဖြစ်တယ်လို့ ထုတ်ပြန် အသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ အင်းတော်မြို့ကနေ ဝန်းသိုမြို့နဲ့ ထီးချိုင့်မြို့ကို ထွက်လာတဲ့ စစ်တပ်စစ်ကြောင်း ၂ ကြောင်းလုံး စစ်ကြောင်းပျက်တဲ့အထိ တိုက်ခိုက်ခံရပြီး သေဆုံး၊ အလင်းဝင်သူတွေ အများအပြား ရှိတယ်လို့ တော်လှန်ရေး သတင်းအရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း မိုးမိတ်မြို့နယ်မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်နဲ့ စစ်တပ်အကြား တိုက်ပွဲဆက်ဖြစ်နေပြီး စစ်သားအချို့ အလင်းဝင်လာတာရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တပ်ဖွဲ့ဝင်တွေစစ်တပ်ထံ အလင်းဝင်ရောက်မှုမရှိဟု TNLA ပြောရေးဆိုခွင့်ရှိသူငြင်းဆို

သတင်း

အာဏာရှင်စစ်တပ်အောက်က ရုန်းထွက်အလင်းဝင်ကြဖို့ KIA တပ်မှူး တိုက်တွန်း