မေ -၉၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ ပေါက်မြို့နယ် စစ်ကြောင်းထိုးလာတဲ့ စစ်တပ်ရဲ့တပ်မ(၉၉)ပါ စစ်ကြောင်း ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်သေဆုံးသူတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မေတာ်၊ ပခုက္ကူခရိုင်အမှတ် (၁၂)က ဒီကနေ့ မေလ၉ရက်မှာ ထုတ်ပြန်ပါတယ်။
စစ်တပ်က ဗိုလ်မှူးစိုးသူရ ဦးဆောင်ပြီး တပ်မ(၉၉)နဲ့ ခမရ(၅၇၃၊ ၅၇၂၊ ၃၁၆တပ်ရင်းတွေက စုစုပေါင်းအင်အား ၅၀၀ကျော်ပါတဲ့ စစ်ကြောင်းကို ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။
ဆိပ်ဖြူမြို့အခြေစိုက် အမှတ်(၂၂)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၂)ကနေ စစ်ကြောင်းထိုးဝင်လာတဲ့ စစ်ကြောင်းနဲ့ အခု မလ ၄ ရက်က ပေါက်မြို့နယ်တောင်ပိုင်းမှာ ၂နာရီကြာတိုက်ပွဲဖြစ်ခဲ့ပြီး စစ်တပ်က လေးဦး သေဆုံးတယ်လို့ အသိပေးပါတယ်။

Public Service Announcement
ဒါ့အပြင် မေလ ၅ရက်က ပေါက်မြို့နယ် ပုသိမ်- မုံရွာလမ်းပိုင်းမှာလည်း တိုက်ပွဲ ၃ကြိမ်ဖြစ်ပွားခဲ့ပြီး စစ်တပ်က ငါးဦးသေဆုံးကာ ၁၀ဦးထက်မနည်း ဒဏ်ရာရခဲ့တယ်လို့ ဖော်ပြပါတယ်။
ပေါက်မြို့နယ် စစ်ကြောင်းထိုးလာတဲ့ တပ်မ(၉၉)ပါစစ်ကြောင်းကို တော်လှန်ရေးတပ်တွေ တိုက်ခိုက် မေ -၉၊၂၀၂၆။ဖိုးသား/People's…
Posted by People's Spring on Saturday 9 May 2026
မေလ ၆ ရက်မှာလည်း ခမရ(၅၇၃)တပ်ရင်းက ပေါ်တာဆွဲ ဖမ်းဆီးထားတဲ့စစ်မှုထမ်းတပ်သား သုံးဦးက MA-3တစ်လက်၊ကျည်ဘောက် သုံးခုနဲ့ ကျည် ၆၂တောင့် ယူလာပြီး အလင်းဝင်လာတယ်လို့ ဆိုပါတယ်။
“စစ်တပ်စစ်ကြောင်းက သေသွားတဲ့ အလောင်းတွေကို ဖြစ်သလိုမြှုပ်သွားခဲ့တယ်”လို့ ပေါက်မြို့နယ်တော်လှန်ရေးတပ်ဖွဲ့ဝင်တစ်ဦးက စစ်တပ်စစ်ကြောင်းက သေဆုံးသူတွေနဲ့ပတ်သက်ပြီး ပြောပါတယ်။
အဲဒီစစ်ကြောင်းဟာ မေလ ၈ရက်မှာ ပေါက်မြို့နယ်အနောက်ဘက်က ကပစ(၂၄) ရောက်ရှိခဲ့ပြီး လက်ရှိမှာ ထီးလင်းမြို့ဘက်ကို ဦးတည်နေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်က အသိပေးပါတယ်။
“ဒီနေ့ မနက်က ကပစ(၂၄)ကနေ ထွက်လာတယ်။ရေ ဖြူရွာကို ဝင်တယ်။ပြီးတော့ညနေပိုင်း ဖောကားတွေနဲ့ ရေဖြူရွာကနေ ထီးလင်းမြို့ဘက်ကို ဦးတည်သွားတယ်”လို့ သူက ပြောပါတယ်။
မကွေးတိုင်းအထက်ပိုင်းမှာ စစ်တပ်စစ်ကြောင်းတွေစုဖွဲ့မှုအရ ချင်းပြည်နယ်ကို အင်အားဖြည့်တင်းတာနဲ့ ထိုးစစ်ဆင်မယ့် အခြေအနေတွေ ဖြစ်လာနိုင်တယ်လို့ စစ်ရေးစောင့်ကြည့်သူတွေက သုံးသပ်ထားပါတယ်။


















































