Connect with us

Hi, what are you looking for?

သတင်း

လေဖိအားနဲ့ရပ်ဝန်းကြောင့် နိုင်ငံတစ်ဝန်းမိုးကြီးနိုင်

ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းမေလ ၁၇ရက်မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကသတိ​ပေးထုတ်ပြန်ပါတယ်။

(၂၀၂၆ ဧပြီလကုန်ပိုင်းမှာ မိုးသည်းထန်စွာရွာပြီး ဆည်​ပေါက်​ချောင်း​ရေထဲ လမ်းဖြတ်ကူးတဲ့ကားပါသွားတဲ့အတွက် ကား​ပေါ်က ပြည်သူ​တွေကိုမီးသတ်တပ်ဖွဲ့နဲ့ ​ဒေသခံ​တွေက ကယ်တင်​နေစဥ်)

​မေ-၁၄၊၂၀၂၆။မိထက်/ People’s Spring

ဘင်္ဂလားပင်လယ်အော်မှာဖြစ်နေတဲ့လေဖိအားနည်း ရပ်ဝန်းအရှိန်ကြောင့် နိုင်ငံတစ်ဝန်းမေလ ၁၇ရက်မတိုင်ခင်အထိ မိုးကြီးနိုင်တယ်လို့အမျိုးသားညီညွတ်ရေးအစိုးရ၊လူမှုရေးရာ၊အလုပ်သမားနဲ့လူသားချင်းစာနာထောက်ထားရေးဝန်ကြီးဌာန(MOHADM)ကသတိ​ပေးထုတ်ပြန်ပါတယ်။

ဘင်္ဂလားပင်လယ်အော်အနောက်တောင်ပိုင်းမှာ မေလ(၁၁)ရက်နေ့ကစပြီး လေဖိအားနည်း ရပ်ဝန်းဖြစ်နေတာပါ။ လေဖိအားနည်း ရပ်ဝန်းဟာ ပိုအားကောင်းလာနိုင်ပြီး မုန်တိုင်းငယ်ဖြစ်လာနိုင်တယ်လို့ သတိပေးထားပါတယ်။

လက်ရှိရာသီဥတုအခြေအနေအရမြန်မာနိုင်ငံဒေသအနှံ့မှာမေလ ၁၇ရက်အထိ မိုးရွာနိုင်ပြီးကချင်ပြည်နယ်၊စစ်ကိုင်းတိုင်း(အထက်ပိုင်း)၊မကွေးတိုင်း၊ရခိုင်ပြည်နယ်၊မွန်ပြည်နယ်၊ရန်ကုန်တိုင်းနဲ့ရောဝတီတိုင်းတို့မှာနေရာကွက်ပြီးမိုးကြီးနိုင်တယ်လို့ MOHADMက သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

အထက်ပါဒေသတွေမှာ ပုံမှန်ထက်မိုးကြီးနေပြီး လေပြင်းတိုက်ခတ်တာတွေလည်း ရှ်ိနေတယ်လို့ ‌ဒေသခံတွေကပြောပါတယ်။

အိန္ဒိယမိုးလေဝသဌာနက မေ ၁၃ ရက်ထုတ်ပြန်ချက်မှာလေဖိအားနည်းရပ်ဝန်းဟာ ပိုအားကောင်းလာပြီး ဆိုင်ကလုန်းမုန်တိုင်းဖြစ်မလာသေးပေမယ့် မြန်မာနဲ့ ‌ဘင်္ဂလားဒေ့ရှ်ကမ်းရိုးတန်းဒေသတွေ မိုးနဲ့လေပြင်းအန္တရာယ်သတိပေးထားပါတယ်။

မေလ ၁၅ ရက်မှ စတင်ပြီး မြန်မာနိုင်ငံတောင်ပိုင်းနဲ့ ကမ်းရိုးတန်းဒေသ‌တွေမှာမိုးပိုကြီးနိုင်ပြီး ကမ်းရိုးတန်းဒေသတွေမှာလေပြင်းတိုက်ခတ်ခြင်းနဲ့ လှိုင်းကြီးခြင်းတို့ကို သတိပြုဖို့လည်း သတိပေးချက်တွေရှိနေပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရာသီဥတုပြောင်းလဲမှုကို ကြားလိုက်ရင် အပူချိန်တက်လာတယ်။ကာဗွန်ဒိုင်အောက်ဆိုဒ်များလာတယ်။ရေခဲတောင်တွေအရည်ပျော်တယ် လို့ပဲတွေးမိတတ်ကြပါတယ်။ဒါပေမယ့် ရာသီဥတုပြောင်းလဲမှုရဲ့ တကယ့်အကျိုးဆက်က လူတွေရဲ့ နေ့စဉ်ဘဝကို ပြောင်းလဲစေတာ ဖြစ်ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နဲ့ စပိန်နိုင်ငံတွေမှာ တောမီး လောင်ကျွမ်းမှုတွေကြောင့် လူပေါင်း ၂ သိန်းကျော် အရေးပေါ် ရွှေ့ပြောင်းထားရကြောင်း သိရပါတယ်။

နိုင်ငံတကာ

တောမီးလောင်ကျွမ်းမှုတွေကြောင့် စပိန်နိုင်ငံ တောင်ပိုင်းမှာ လူ ၁၁ ဦးထက်မနည်း သေဆုံးပြီး ၆ ဦး ဒဏ်ရာရခဲ့ကြောင်း သိရပါတယ်။

နိုင်ငံတကာ

တရုတ်နိုင်ငံရဲ့ မတူညီတဲ့ ဒေသတွေမှာ ကွဲပြားတဲ့ ရာသီဥတု ကြမ်းတမ်းမှု အခြေအနေတွေ ကြုံနေရပြီး လူအသေအပျောက်တွေ၊ ဆိုးရွားတဲ့ ထိခိုက်ပျက်စီးမှုတွေနဲ့ ကြုံနေရပါတယ်။