Connect with us

Hi, what are you looking for?

သတင်း

မီးခိုးမြူကြောင့် လေထုညစ်ညမ်းမှု ထိန်းချုပ်ရေး ပူးပေါင်းဆောင်ရွက်မှုတွေ မြှင့်တင်ဖို့ ထိုင်းနဲ့မြန်မာ သဘောတူ

မီးခိုးမြူတွေကြောင့် ဖြစ်ပေါ်တဲ့ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနဲ့ မြန်မာတို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

ဓာတ်ပုံ - AFP

မီးခိုးမြူတွေကြောင့် ဖြစ်ပေါ်တဲ့ လေထုညစ်ညမ်းမှု တိုက်ဖျက်ရေး ပူးပေါင်းဆောင်ရွက်ဖို့ ထိုင်းနဲ့ မြန်မာတို့ကြား သဘောတူညီမှု ရရှိခဲ့ကြောင်း သိရပါတယ်။

အဲဒီ သဘောတူညီချက်အရ နှစ်နိုင်ငံရဲ့ ဌာနဆိုင်ရာ အရာရှိတွေဟာ နယ်စပ်ဖြတ်ကျော် လေထုညစ်ညမ်းမှု တိုက်ဖျက်ရေးနဲ့ ပတ်သက်လို့ လေထု အရည်အသွေး တိုင်းတာမှု အချက်အလက်တွေ မျှဝေတာ၊ စောင့်ကြည့်ရေး စနစ်တွေကြား ချိတ်ဆက်တာတွေကို တိုးမြှင့် လုပ်ဆောင်သွားကြမှာ ဖြစ်ပါတယ်။

ထိုင်းနိုင်ငံရဲ့ ချင်းမိုင်မြို့မှာ ကျင်းပခဲ့တဲ့ Clear Sky Strategy 2024-2030 ဆွေးနွေးပွဲမှာ အဲဒီ သဘောတူညီမှုကို ရရှိခဲ့တာ ဖြစ်ပါတယ်။ ဆွေးနွေးပွဲကိုတော့ နှစ်နိုင်ငံ အရာရှိတွေနဲ့ သက်ဆိုင်ရာ အေဂျင်စီတွေရဲ့ ကိုယ်စားလှယ်တွေ တက်ရောက်ခဲ့ပါတယ်။

မြန်မာဟာ အရင်တစ်နှစ်ကနဲ့ ယှဉ်ရင် ၂၀၂၅ ခုနှစ်ထဲမှာ တောမီးလောင်မှု ဇုန်နေရာတွေရဲ့ ၁၂ ရာခိုင်နှုန်းလောက်ကို လျှော့ချနိုင်ခဲ့ကြောင်း ထိုင်းဖက်က ပြောပါတယ်။ ဒါဟာ ဥပဒေ စည်းမျဉ်းတွေ ထိထိရောက်ရောက် ကြပ်မတ်မှုနဲ့ လူထုကြား အသိပညာပေး စည်းရုံးလှုပ်ရှားမှုတွေ ကျယ်ကျယ်ပြန့်ပြန့် ဆောင်ရွက်နိုင်မှုတွေကြောင့် ဖြစ်တယ်လို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

ဒါပေမဲ့လည်း လေထု အရည်အသွေး စောင့်ကြည့် စနစ်တွေ၊ အချက်အလက် မပြည့်စုံတာတွေစတဲ့ ပြဿနာမျိုးတွေတော့ မြန်မာအနေနဲ့ ကြုံနေရဆဲလို့လည်း ထိုင်းပညာရှင်တွေက ပြောပါတယ်။

ဆွေးနွေးပွဲမှာတော့ ထိုင်းအရာရှိတွေက လေထုညစ်ညမ်းမှု စီမံကိုင်တွယ်မှုနဲ့ ပတ်သက်ပြီး မြန်မာကို အကူအညီတွေ ပံ့ပိုးပေးသွားမယ်လို့လည်း ပြောကြားခဲ့ပါတယ်။ နောက်ပြီး မီးခိုးမြူတွေ ဖြစ်စေနိုင်တဲ့ တောမီးလောင်ကျွမ်းမှုတွေ ကြုံနိုင်ခြေ အမြင့်မားဆုံး မြေပုံတွေကိုလည်း အသစ်ရေးဆွဲနိုင်အောင် ကူညီမယ်လို့ ဆိုပါတယ်။

နှစ်နိုင်ငံကြား အချက်အလက်တွေ မျှဝေတာ၊ နည်းပညာပိုင်း ပူးပေါင်းဆောင်ရွက်တာတွေက မီးခိုးမြူကြောင့် မဲခေါင်မြစ်ဝှမ်း ဒေသတွင်း လေထုညစ်ညမ်းမှုတွေ ဖြစ်ပေါ်တာကို ပိုပြီး ထိထိရောက်ရောက် ဟန့်တား တိုက်ဖျက်စေနိုင်လိမ့်မယ်လို့လည်း ထိုင်းဖက်က တာဝန်ရှိသူတွေက ပြောဆိုသွားပါတယ်။

ကိုးကား: Khaosod

ဆက်စပ်သတင်းများ

သတင်း

ကရင်ပြည်နယ်၊ မြ၀တီမြို့အခြေစိုက် စစ်တပ်လက်အောက်ခံကရင်နယ်ခြားစောင့်တပ်(BGF)အမှတ်(၄)တပ်နယ်မှူး ဗိုလ်မှူးကြီးစောမုတ်သုန်ကို လူကုန်ကူးမှု နဲ့ ထိုင်းရာဇဝတ်တရားရုံးက ဖမ်း၀ရမ်းအမိန့် ထုတ်ပြန်လိုက်ပါတယ်။

နိုင်ငံတကာ

ဇိမ်ခံအိမ်တွေကို အဓိက ပစ်မှတ်ထားတဲ့ တရုတ် ဖောက်ထွင်းဝိဇ္ဇာနှစ်ဦး ထိုင်းနိုင်ငံဆီ ပြန်ရောက်လာချိန် လေဆိပ်မှာ ထိုင်းရဲတွေက ဖမ်းဆီးခဲ့ပါတယ်။

နိုင်ငံတကာ

ထိုင်းနိုင်ငံက ချင်းမိုင်ပြည်နယ်ထဲမှာ ခုခံအား ကျဆင်းမှုရောဂါ (AIDS) ဖြစ်ပွားစေတဲ့ HIVပိုး ကူးစက်မှုတွေ ဆက်လက် မြင့်တက်နေဆဲလို့ ကျန်းမာရေးဌာန တာဝန်ရှိသူတွေက သတိပေးခဲ့ပါတယ်။

နိုင်ငံတကာ

ပြင်သစ်နိုင်ငံရဲ့ မြို့ကြီးတစ်မြို့နဲ့ အရမ်းနီးကပ်တဲ့ နေရာထိ တောမီးတွေ ကူးစက်လာနေကြောင်း သိရပါတယ်။

Facebook