Connect with us

Hi, what are you looking for?

သတင်း

ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ မီးရှို့ဖျက်ဆီးနေ

မကွေးတိုင်း၊ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

(စစ်တပ်စစ်ကြောင်းထိုးလာလို့ ကျောက်ထုမြို့နယ်က ဒေသခံတွေ ဘေးလွတ်ရာတိမ်းရှောင်နေစဉ်။ ဓာတ်ပုံ - လူမှုရေးရာ၊အလုပ်သမားနှင့်လူသားချင်းစာနာထောက်ထားရေးဌာနပေါက်မြို့နယ်)

မေ -၂၆၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ကျောက်ထုမြို့ ဦးတည်လာတဲ့ စစ်တပ်စစ်ကြောင်းရှေ့တိုးလာပြီး ကျေးရွာတချို့ မီးရှို့ဖျက်ဆီးနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက ပြောပါတယ်။

ကျောက်ထု-ပေါက်လမ်းပိုင်းက တပြင်းကျေးရွာမှာ ရက်ရှည်တပ်စွဲထားတဲ့ စစ်တပ်စစ်ကြောင်းဟာ ဒီကနေ့(မေ ၂၆ ရက်)မနက်ပိုင်းမှာ အိမ်ခြေ ၁၀၀ကျော်ရှိတဲ့ ရွာသာ ကျေးရွာကို မီးရှို့ဖျက်ဆီးနေတာလို့ ‌ဆိုပါတယ်။

“တပြင်း(ကျောက်ထုမြို့နဲ့ ခုနှစ်မိုင်၀န်းကျင်အကွာ)ကို ကျော်လာပြီး။အကြည်ရွာ၊နသိုး နဲ့ ရွာသာရွာတွေကို ရှေ့ ပြေးစစ်ကြောင်းတွေ ဖြန့်နေတယ်။ရွာသာရွာကို တော့မီးရှို့နေပြီ”လို့ ဂန့်ဂေါခရိုင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါက်မြို့နယ်ကနေ အင်အား ၁၅၀၀ နီးပါးနဲ့ ကျောက်ထုမြို့ကို ၀င်လာတဲ့ စစ်တပ်စစ်ကြောင်းနဲ့ တော်လှန်ရေးတပ်တွေ အပြင်းအထန်တိုက်ပွဲ ဖြစ်နေတယ်လို့လည်း သူက ပြောပါတယ်။

“စစ်ရှောင်ရင်း ယောကျာ်းလေးတွေ ဖမ်းခံရတာ။မိန်းက လေးတချို့ဖမ်းဆီးခံရပြီး အဓမ္မ ပြုကျင့်ခံရတာတွေ ရှိနေတယ်”လို့ စစ်တပ်စစ်ကြောင်း‌တွေကို ကင်းထောက်နေသူတစ်ဦးက ပြောပါတယ်။

ဒါ့အပြင် ကျောက်ထုမြို့အခြေစိုက်ထားတဲ့ စစ်တပ်က အင်အားတချို့ဟာ ပေါက်မြို့နယ်ကလာတဲ့

စစ်ကြောင်းနဲ့ ပူးပေါင်းဖို့အတွက် မြို့အ၀င် နေရာတချို့မှာ ကင်းပုန်း၀ပ်တပ်ဖြန့်တာတွေ ရှိတယ်လို့ သိရပါတယ်။

ပေါက်-ကျောက်ထုလမ်းပိုင်းထိန်းချုပ်ဖို့ စစ်တပ်က လေကြောင်းတိုက်ခိုက်မှုနဲ့ ခြိမ်းခြောက်မှုတွေ နေ့စဉ်လုပ်နေတယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်က ဆိုပါတယ်။

မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ(ကပစ-၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅)က စစ်တပ်က စစ်ကြောင်း ၂ခုသုံးပြီး ဆောမြို့နယ်ကို ဝင်ရောက်ခဲ့ပါတယ်။

လောင်းရှည်မြို့စစ်ကြောင်းဟာ လက်ရှိမှာ ချင်းတောင်ပိုင်းက ကန်ပက်လက်မြို့အနီးကို ရောက်နေပြီး တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲ ဖြစ်နေပါတယ်။

ဆောမြို့နယ်ကို စစ်တပ်က တပ်မ (၅၅)၊ (၈၈) ၊ (၉၉) နဲ့ (၁၀၁)က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၁၅၀၀ အထိ ဝင်ရောက်ထားပြီး ချင်းပြည်နယ်တောင်ပိုင်းနဲ့ ဆောမြို့နယ်ကို ချိတ်ဆက်တဲ့ လမ်းပိုင်းတွေကို ထိန်းချုပ်တာနဲ့ စစ်ရေးအရ ဖိအားပေးမယ့်အခြေအနေလို့ စစ်ရေးသတင်းရင်းမြစ်တွေက သုံးသပ်ထားပါတယ်။

လက်ရှိစစ်ရေးအခြေအနေတွေကြောင့် မကွေးတိုင်း၊ဆောမြို့နယ်မှာ ကာလရှည်တိုက်ပွဲ ဖြစ်နိုင်တယ်လို့ ဂန့်ဂေါခရိုင်တပ်ရင်း(၆)က ပြီးခဲ့တဲ့ရက်ပိုင်းက ထုတ်ပြန်ထားတယ်။

ချင်းပြည်နယ်တောင်ဘက်ခြမ်းက မတူပီ၊ မင်းတပ်၊ ကန်ပက်လက်မြို့နယ်ကို ချင်းတော်လှန်ရေးတပ်ဖွဲ့တွေက သိမ်းထားပြီး အာရက္ခတပ်တော်(AA)က ပလက်ဝမြို့ကိုထိန်းချုပ်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ကချင်ပြည်နယ်၊ဗန်းမော်မြို့နယ်၊ကမ္ဘာနီကျေးရွာအနီးတိုက်ပွဲမှာ စစ်အင်္ဂါစဉ်ထဲက ဖယ်ထုတ်လို့ရနိုင်တဲ့အထိအမှတ်၂၃၆ ခြေလျင်တပ်ရင်း(ခလရ ၂၃၆)တပ်ရင်း တစ်ရင်းလုံးနီးပါးသေဆုံးပြီး စစ်​ကြောင်းပျက်ခဲ့တယ်လို့ မြေပြင်စစ်ရေးသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ချောင်းဦးမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက အရပ်သား ၆ဦး ထက်မနည်းသတ်ဖြတ်ခဲ့ပြီး ပိုင်ရှင်မပေါ်သေးတဲ့ အလောင်းတချို့ပါ ရှိနေတယ်လို့ ဒေသခံမြေပြင်သတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

သတင်း

စစ်တပ် သေဆုံးသူများပြီး စစ်သုံ့ပန်းနဲ့ လက်နက်တွေ သိမ်းရ

Facebook