Connect with us

Hi, what are you looking for?

သတင်း

ထိုင်းဆေးရုံကိုမြန်မာရွာသားတွေစုပေါင်းပြီးငွေလှူတဲ့အပေါ် ထိုင်းလူမှုကွန်ရက်သုံးစွဲသူတွေချီးကျူး

မြန်မာရွာသားတွေ စုပေါင်းပြီးထိုင်းဆေးရုံတစ်ခုကိုငွေကြေးလှူဒါန်းခဲ့မှုဟာထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ချီးကျူး ထောမနာပြုရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။

ဓါတ်ပုံ-Khaosod

​မေ-၂၇၊၂၀၂၆။People’s Spring

မြန်မာရွာသားတွေ စုပေါင်းပြီးထိုင်းဆေးရုံတစ်ခုကိုငွေကြေးလှူဒါန်းခဲ့မှုဟာထိုင်းလူမှုကွန်ရက် သုံးစွဲသူတွေကြားမှာ ချီးကျူး ထောမနာပြုရမယ့် ကိစ္စတစ်ခု ဖြစ်လာပါတယ်။

တက်ခ်ပြည်နယ်ထဲမှာရှိတဲ့ အုန်းဖျံဆေးရုံက မြန်မာနိုင်ငံဖက်ခြမ်း၊ ကရင်ပြည်နယ်၊ မြဝတီ မြို့နယ်ထဲကစုကလိရွာသားတွေ စုပေါင်းပြီး ​ဆေးရုံကိုဘတ်ငွေ ၁၄၀၀၀လှူဒါန်းခဲ့တဲ့အကြောင်း

မေလ ၂၆ ရက်နေ့တုန်းကလူမှုကွန်ရက်မီဒီယာ Facebookပေါ်မှာ ကြေညာခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီကိစ္စဟာ ထိုင်းလူမှုကွန်ရက် အသုံးပြုသူတွေကို လျင်လျင်မြန်မြန် အာရုံစိုက်မိလာစေပြီး နယ်နိမိတ်တွေ မခြားတဲ့ လူသားချင်း ကြင်နာဖေးမမှု တစ်ခုအဖြစ် ချီးကျူးခဲ့ကြပါတယ်။

ဆေးရုံရဲ့ကျေးဇူးတင်ကြောင်း ထုတ်ပြန်ချက်ထဲမှာတော့ အဲဒီလှူဒါန်းငွေတွေကိုလူနာတွေအတွက် လိုအပ်တဲ့နေရာတွေမှာအသုံးပြုသွားမယ်လို့ ဖော်ပြထားပါတယ်။

မြန်မာနယ်စပ်မှာရှိတဲ့ စုကလိရွာသားတွေဟာသူတို့ အကူအညီ လိုအပ်ချိန်မှာ နိုင်ငံသား ခွဲခြားရှုမြင်တာမျိုး မရှိဘဲ ကူညီပေးခဲ့တဲ့ ဆရာဝန်တွေ၊ သူနာပြုတွေနဲ့ ဆေးရုံဝန်ထမ်းတွေကို တတ်နိုင်သလောက် ကျေးဇူးဆပ်ချင်လို့ အခုလို စုပေါင်းပြီး ငွေလှူခဲ့တာလို့ ဆိုပါတယ်။

ထိုင်းလူမှုကွန်ရက် သုံးစွဲသူ အများအပြားက အဲဒီလုပ်ရပ်အပေါ် ကောင်းချီးပေး သာဓုခေါ်ခဲ့ကြပြီး တချို့ကလည်းလက်ရှိကြုံနေတဲ့ အကျပ်အတည်းတွေကနေ အမြန်ဆုံး လွတ်မြောက်ဖို့ ဆန္ဒပြုပေးခဲ့ကြပါတယ်။

အုန်းဖျံဆေးရုံဟာ ထိုင်း-မြန်မာနယ်စပ်နားက အုန်းဖျံခရိုင်မှာတည်ရှိပြီးနယ်စပ်ဖြတ်ကျော်ဝင်ရောက်လာတဲ့ မြန်မာနိုင်ငံသားတွေကိုလည်းလက်ခံကုသပေး၊ကျန်းမာရေးဝန်ဆောင်မှုတွေပေးနေတယ်လို့ သိရပါတယ်။

ကိုးကား- Khaosod

ဆက်စပ်သတင်းများ