Connect with us

Hi, what are you looking for?

သတင်း

ACC ရှယ်ယာတွေကို မြန်မာစစ်တပ်လက်နက်ပွဲစား ဝယ်ယူဖို့ကိစ္စ ထိုင်း ဆိုင်းငံ့

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

ဓာတ်ပုံ - JFM

မေ-၂၈၊ ၂၀၂၆။ တေဇ/People’s Spring

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦးရဲ့ကုမ္ပဏီတွေကို ထိုင်းစတော့အိတ်ချိန်းစာရင်းဝင်ကုမ္ပဏီ Advanced Connection Corporation Public Company Limited (ACC)ကရှယ်ယာရောင်းမယ့်ကိစ္စကို ထိုင်းနိုင်ငံရဲ့ ‌ချေးငွေသက်သေခံလက်မှတ်နှင့် လဲလှယ်ရေးကော်မရှင် (SEC)က ဆိုင်းငံ့လိုက်တဲ့အပေါ် Justice For Myanmar (JFM) က ကြိုဆိုလိုက်ပါတယ်။

“ရှယ်ယာရှင်များအစည်းအဝေး ခေါ်ယူသည့်အသိပေးစာအတွင်း ACC ၏ ရှင်းလင်းတင်ပြ၊ ထုတ်ဖော်ပြောဆိုချက်များတွင် အရေးပါ‌သော အချက်အလက်များ ပါဝင်နေခြင်း မရှိသည့်အပြင်၊ အရင်းအနှီးဈေးကွက်ကွပ်ကဲရေးဘုတ်အဖွဲ့၏ အသိပေးထုတ်ပြန်ချက်အမှတ် Tor Jor. 73/2558 ၏ ပုဒ်မ ၅ (၂) (ခ)၊ ပုဒ်မ ၅ (၄)၊ ပုဒ်မ ၇ (၂) ပါ သတ်မှတ်ချက်များနှင့်လည်း ကိုက်ညီမှုမရှိ‌နေကြောင်း SEC က တွေ့ရှိခဲ့သည်” လို့ SEC ရဲ့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

မြန်မာစစ်တပ် လက်နက်ပွဲစား ကျော်မင်းဦး ရဲ့Sky Aviator ကွန်ရက် ကုမ္ပဏီတွေကို ACC ရဲ့ ရှယ်ယာရှင်အစည်းအဝေးက ရှယ်ယာရောင်းချဖို့ ဆုံးဖြတ်ခဲ့တာကြောင့် JFM က ACC ၊ SEC ၊ ငွေကြေးခဝါချမှုတိုက်ဖျက်ရေးရုံး (AMLO) နဲ့ စီးပွားရေးလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်ရေးဌာန (DBD) တွေကို Sky Aviator ကွန်ရက်အကြောင်းနဲ့ ငွေကြေးခဝါချမှုဆိုင်ရာ စိုးရိမ်ဖွယ်ရာတွေ ဖြစ်ပေါ်စေကြောင်း သတိပေးစားပေးပို့ခဲ့ပြီးနောက် အခုလို ဆိုင်းငံ့ခဲ့တာလို့ ထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

ACC ဘက်က SEC ရဲ့ ထုတ်ပြန်ချက်အပေါ် သူတို့အနေနဲ့ ရှယ်ယာဝယ်ယူမှုအတွက် ငွေပေးချေမှုတွေကို လက်ခံထားပြီး လက်ရှိအချိန်မှာ သီးသန့်ရှယ်ယာလွှဲပြောင်းရောင်းချမှုအစီအစဥ်နဲ့ ကုမ္ပဏီရဲ့ မတည်ရင်းနှီးငွေ တိုးမြှင့်ခြင်းလုပ်ငန်းစဉ်ကို ဆက်လက်ဆောင်ရွက်နိုင်မှာ မဟုတ်ကြောင်း ပြောကြားခဲ့တယ်လို့ဆိုပါတယ်။

ဒါ့အပြင် မေ ၁၈ ရက်မှာ ACC ရဲ့ဒါရိုက်တာအစည်းအဝေးကာ SEC ရဲ့ ရှယ်ယာရောင်းချမှု ဆိုင်းငံ့မိန့်ကို အယူခံဝင်ဖို့ ဆုံးဖြတ်ခဲ့ပြီး SEC အနေနဲ့ ထပ်မံသုံးသပ်နိုင်ဖို့ တင်ပြသင့်တဲ့ နောက်ထပ်အချက်အလက်များနဲ့ အထောက်အထားများ ရှိနေတယ်လို့ ယူဆတယ်လို့ ACC ကထုတ်ပြန်ထားပါတယ်။

မြန်မာစစ်တပ်လက်နက်ပွဲစား ကျော်မင်းဦး ပိုင်ဆိုင်တဲ့ Sky Aviator ကွန်ရက် ရဲ့ ကုမ္ပဏီ‌တွေဖြစ်တဲ့ စင်ကာပူ အခြေစိုက် Sky Avia Trading နဲ့ Heli Asia Trading ကုမ္ပဏီတွေကို ACC ရဲ့ အစုရှယ်ယာ ၂၃.၂၅ ရာခိုင်နှုန်း အတွက် ဘတ် ၃၀၀ မီလီယံ (အမေရိကန်ဒေါ်လာ ၉.၃ သန်း)နဲ့ရောင်းချပေးဖို့ ဧပြီ ၂၇ ရက်က အတည်ပြုထားတာပါ။

Sky Aviator ကွန်ရက်ရဲ့ဦးဆောင်သူ ကျော်မင်းဦးက မြန်မာစစ်တပ်ရဲ့ အဓိက လက်နက်ပွဲစား တွေထဲမှ တစ်ဦးဖြစ်ပြီး ရုရှားနိုင်ငံထုတ် Yak-130၊ MiG-29၊ Mi-35 ၊Su-30 စစ်လေယာဉ် နဲ့ ရဟတ်ယာဥ်တွေ ပြုပြင်ထိန်းသိမ်းရေးအတွက် လိုအပ်တဲ့ အစိတ်အပိုင်း တွေအပါအဝင် မြန်မာစစ်တပ်အတွက် စစ်လက်နက်ပစ္စည်းဝယ်ယူမှု တွေကို ဆောင်ရွက်ပေးနေသူဖြစ်ပါတယ်။

ဒါကြောင့် ကျော်မင်းဦးကို အမေရိကန်၊ ဗြိတိန်၊ အီးယူနဲ့ ကနေဒါနိုင်ငံ‌ တွေကဒဏ်ခတ်ပိတ်ဆို့မှုတွေ ချမှတ်ထားပြီး သူ့ရဲ့ မြန်မာစီးပွားရေးလုပ်ငန်းအချို့ကိုလည်း ထပ်မံပိတ်ဆို့မှုတွေ ချမှတ်ထားပါတယ်။

ဒါပေမဲ့ လက်ရှိ ဒဏ်ခတ်ပိတ်ဆို့မှုတွေက Sky Aviator ကွန်ရက်တစ်ခုလုံး နဲ့ အဓိကလူပုဂ္ဂိုလ်‌ အားလုံးအပေါ် တစ်ပြေးညီဖြစ်မနေဘဲ ဟာကွက်‌ တွေရှိနေတာကြောင့် အဲဒီ့ဟာကွက် တွေကို အခွင့်ကောင်းယူကာ ထိုင်းနိုင်ငံမှာ ရင်းနှီးမြှုပ်နှံမှုပြုလုပ်ဖို့ ကြိုးစားနေတာလို့ JFM ကထောက်ပြထားပါတယ်။

ဒါကြောင့် အမေရိကန်ပြည်ထောင်စု၊ ယူကေ၊ အီးယူ၊ ကနေဒါနဲ့ ဩစတြေးလျနိုင်ငံတွေအနေနဲ့ Sky Aviator ကုမ္ပဏီကွန်ရက်တစ်ခုလုံးမှာရှိတဲ့ ကုမ္ပဏီတွေနဲ့ လူပုဂ္ဂိုလ်အားလုံးအပေါ် ပစ်မှတ်ထား ဒဏ်ခတ်ပိတ်ဆို့မှု တွေကို ညှိနှိုင်းချမှတ်ဖို့ JFM က တိုက်တွန်းထားပါတယ်။

ဆက်စပ်သတင်းများ

နိုင်ငံတကာ

ထိုင်းနိုင်ငံမှာ ရုရှား မောင်နှမ နှစ်ဦးကို သတ်ဖြတ်မှုအတွက် အပြစ်ရှိကြောင်း ဝန်ခံထားတဲ့ သံသယ တရားခံတွေဟာ နောက်ထပ် လူ ၃ ဦးကို သတ်ဖြတ်မှု အတွက်ပါ စုံစမ်းစစ်ဆေး ခံနေရပါတယ်။

နိုင်ငံတကာ

ကမ္ဘာ့ဖလား ဘောလုံးပြိုင်ပွဲ တစ်ခုကို ကုမ္ပဏီပိုင် လုပ်ငန်းအဖြစ် ပြောင်းလဲပြီး ရှယ်ယာတွေ ရောင်းချမယ်ဆိုတဲ့ ကမ္ဘာ့ဘောလုံး အဖွဲ့ချုပ် (ဖီဖာ)ရဲ့ အစီအမံဟာ တရားဝင် အဆိုမပြုနိုင်ခင် အဆင့်မှာတင် အကြီးအကျယ် ဝေဖန်ခံရလို့ ပျက်ပြယ်သွားပြီ ဖြစ်ပါတယ်။

နိုင်ငံတကာ

ထိုင်းတစ်နိုင်ငံလုံး အာရုံစိုက်ရတဲ့ သတင်းတစ်ပုဒ်ဖြစ်တဲ့ ရုရှားမောင်နှမ ပျောက်ဆုံးမှုဟာ လူသတ်မှုအဖြစ် အတည်ပြု ထွက်ပေါ်လာပါတယ်။

နိုင်ငံတကာ

ထိုင်းမှာ လူသိများတဲ့ ခရီးသွား ဘလော့ဂါ လူငယ်တစ်ဦးကို ဂျော်ဂျီယာ နိုင်ငံက ဟိုတယ်တစ်ခုမှာ သေဆုံးလျက်သား ရှာတွေ့ခဲ့တယ်လို့ သိရပါတယ်။