Connect with us

Hi, what are you looking for?

သတင်း

မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကို အိုက်စလန် ရုတ်သိမ်း

အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူးယူထားသူက EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားတဲ့ စစ်တပ်ရဲ့စီးပွားရေး လုပ်ငန်း‌တွေနဲ့ဆက်စပ်သူဖြစ်ကြောင်း Justice For Myanmar(JFM)ကတိုင်ကြားခဲ့ပြီးနောက် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီရာထူးကို ရုတ်သိမ်းလိုက်ပါတယ်။

(စစ်တပ်ခန့်နိုင်ငံခြားရေးဝန်ကြီးဟောင်းနဲ့ ခရိုနီကိုကိုလတ်တို့ကို တွေ့ရစဥ်။ ဓာတ်ပုံ - JFM)

မေ-၂၉၊ ၂၀၂၆။ တေဇ/People’s Spring

အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင် ကောင်စစ်ဝန်ရာထူးယူထားသူက EU ရဲ့ ဒဏ်ခတ်ပိတ်ဆို့မှုခံထားတဲ့ စစ်တပ်ရဲ့စီးပွားရေး လုပ်ငန်း‌တွေနဲ့ဆက်စပ်သူဖြစ်ကြောင်း Justice For Myanmar(JFM)ကတိုင်ကြားခဲ့ပြီးနောက် အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အဲဒီရာထူးကို ရုတ်သိမ်းလိုက်ပါတယ်။

ဒီရာထူးခန့်အပ်ခံထားရတဲ့ ခရိုနီကိုကိုလတ်က EU ရဲ့ဒဏ်ခတ်ပိတ်ဆို့မှုစာရင်းမှာ ပါဝင်နေတဲ့ စစ်အုပ်စု တရားမဝင်ထိန်းချုပ်ထားတဲ့ မြန်မာ့သစ်လုပ်ငန်း (MTE)၊ စစ်တပ်ပိုင် မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)တို့နဲ့ စီးပွားရေးအတူ လုပ်ဆောင်နေတဲ့ အသေးစိတ်အကြောင်းအရာတွေကို JFM က အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဆီကို မတ်လ ၂၇ ရက်မှာ ပေးပို့ခဲ့ပြီး ရာထူးကနေ ရုတ်သိမ်းပေးဖို့တောင်းဆိုခဲ့တယ်လို့ သတင်းထုတ်ပြန်ထားပါတယ်။

“အိုက်စလန်နိုင်ငံအနေနဲ့ အဆိုပါ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ခန့်အပ်မှုကြောင့် တကယ့်ကို ထိခိုက် နစ်နာမှုတွေကို ဖြစ်စေခဲ့ပါတယ်။ ဒါဟာ စစ်အုပ်စုကို မမှန်ကန်တဲ့ တရားဝင်မှုကို ပေးအပ်ခဲ့တာဖြစ်သလို စစ်အုပ်စုရဲ့ နိုင်ငံတကာရာဇဝတ်မှုတွေကို ငွေကြေးထောက်ပံ့ပေးနေတဲ့ ခရိုနီတစ်ဦးကို ကျောထောက် နောက်ခံပေးခဲ့ခြင်းလည်း ဖြစ်ပါတယ်။ ဂုဏ်ထူးဆောင်ကောင်စစ်ဝန်ရာထူးကို ရုပ်သိမ်းပေးဖို့ ကျွန်ုပ်တို့ရဲ့တောင်းဆိုချက်အပေါ် အိုက်စလန်နိုင်ငံက အလျင်အမြန် ဆုံးဖြတ်ဆောင်ရွက်ပေးခဲ့ခြင်းကို ကျွန်ုပ်တို့ကြိုဆိုလိုက်ပြီး၊ ဒီလုပ်ရပ်ဟာ အခြားသောအစိုးရတွေ လိုက်နာဆောင်ရွက်သင့်တဲ့ နမူနာကောင်းတစ်ခုလည်း ဖြစ်ပါတယ်”လို့ JFM ရဲ့ ပြောရေးဆိုခွင့်ရှိသူ မရတနာမောင်က ပြောပါတယ်

Public Service Announcement

Public Service Announcement

အိုက်စလန်နိုင်ငံရဲ့ မြန်မာနိုင်ငံဆိုင်ရာ ဂုဏ်ထူးဆောင်ကောင်စစ်ဝန် ရာထူးကို မေလ ၁၅ ရက်မှာ ရုတ်သိမ်းခဲ့တာလို့ အိုက်စလန်နိုင်ငံခြားရေးဝန်ကြီးဌာနက အသိပေးထားပါတယ်။

ကိုကိုလတ်က ‌MEHL နှင့် MTE တို့နဲ့ စီးပွားရေးဆက်ဆံမှု မရှိကြောင်း ငြင်းဆိုခဲ့ပြီး ၁၁ ပတ်ကြာတာဝန်ထမ်းဆောင်ပြီး‌နောက် ရာထူးကနေ နှုတ်ထွက်ခဲ့တယ်လို့ သိရပါတယ်။

ဒါပေမမဲ့ JFM ရဲ့ ဒီနေ့ မေလ၂၉ ရက်ထုတ်ပြန်တဲ့ အစီရင်ခံစာမှာတော့ ခရိုနီကိုကိုလတ်ရဲ့ KK Business Group က မြန်မာ့စီးပွားရေးဦးပိုင်လီမိတက်(MEHL)ဆီကနေ Central Hotel ကို ၁၅ နှစ် ငှားရမ်းလုပ်ကိုင်နေတာကို ၂၀၂၅ ဒီဇင်ဘာလမှာ စစ်တပ်ရဲ့စီးပွားရေး နဲ့ ကူးသန်းရောင်းဝယ်ရေးဝန်ကြီးဌာနဆီ ကိုကိုလတ်ကိုယ်တိုင် လက်မှတ်ရေးထိုး တင်သွင်းခဲ့တဲ့ သွင်းကုန်ခွင့်ပြုမိန့်လျှောက်လွှာနဲ့ အတည်ပြုထားပါတယ်။

ဒါ့အပြင် JFMက ရရှိထားတဲ့ လေလံ မှတ်တမ်း‌တွေအရ KK Business Group က စစ်တပ်ထိန်းချုပ်မှု‌အောက်က မြန်မာ့သစ်လုပ်ငန်းဆီကနေ ၂၀၂၂ ၊ ၂၀၂၃ မှာ ဝယ်ယူခဲ့တဲ့ ကုမ္ပဏီလေးဆယ်ကျော်ထဲမှာ အကြီးမားဆုံး ဝယ်ယူသူဖြစ်တယ်လို့လည်း ထောက်ပြထားပါတယ်။

“စစ်အုပ်စုထံ တင်သွင်းထားသော K K ကုမ္ပဏီများ၏ စာရွက်စာတမ်းများအရ အမေရိကန်၊ ကနေဒါနှင့် သြစတြေးလျနိုင်ငံတို့က ဒဏ်ခတ်ပိတ်ဆို့ထားသော မြန်မာ့နိုင်ငံခြားကုန်သွယ်မှုဘဏ်(MFTB)ရှိ ဘဏ်စာရင်းတစ်ခုမှတဆင့် စီးပွားရေးလုပ်ငန်းများ လုပ်ဆောင်လျက်ရှိသည်။” လို့ JFMက ဆိုပါတယ်။

ဒါကြောင့် ခရိုနီကိုကိုလတ်ရဲ့ KK Business Group ကို အမေရိကန်၊ ယူကေ၊ အီးယူ၊ ကနေဒါ ၊ သြစတြေးလျနိုင်ငံတွေ အနေနဲ့ ဒဏ်ခတ်ပိတ်ဆို့မှုတွေ ပြုလုပ်ဖို့ JFMက တောင်းဆိုထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ထိုင်းနဲ့ အမေရိကန် နိုင်ငံခြားရေး ဝန်ကြီးတွေ တွေ့ဆုံရာမှာ မြန်မာ့နိုင်ငံရေး အကျပ်အတည်းကိုပါ ထည့်သွင်း ဆွေးနွေးခဲ့ကြောင်း သိရပါတယ်။

သတင်း

မြန်မာအာဏာသိမ်းခေါင်းဆောင်တွေအနေနဲ့ အာဆီယံအဆင့်မြင့်အစည်းအဝေးတွေမှာ ပါဝင်တက်ရောက်နိုင်ဖို့ အလှမ်းဝေးနေဆဲလို့ အာဆီယံအထူးကိုယ်စားလှယ်က ပြောကြားလိုက်ပါတယ်။

သတင်း

မြန်မာနိုင်ငံသားအမျိုးသားတဦးကိုဒရုန်းမှောင်ခိုမှုနဲ့ ထိုင်းရဲတပ်ဖွဲ့က ဖမ်းဆီးခဲ့ကြောင်း ထိုင်းသတင်းဌာန​တွေက​ဖော်ပြပါတယ်။

သုံးသပ်ဆောင်းပါး

(အမေရိကန်အခြေစိုက် The Diplomat ၏ သုံးသပ်ချက်)