Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မှာမြို့နယ် ပ.အ.ဖ ကညမထွက်ရအမိန့်ထုတ်

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

ဇွန် – ၁ ၊၂၀၂၆ /People’s Spring

ချင်းပြည်နယ်တောင်ပိုင်းကန်ပက်လက်မြို့နယ်မှာစစ်ရှောင်ပြည်သူတွေရဲ့နေအိမ်တွေကိုမသမာသူလူတစ်စုကဖောက်ထွင်းနေတာကြောင့်ညမထွက်ရအမိန့်ကို မြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့(ပ.အ.ဖ)က မေလ ၃၀ ရက်မှာ ထုတ်ပြန်လာပါတယ်။

အာဏာသိမ်းစစ်တပ်ရဲ့ထိုးစစ်ကိုခုခံတိုက်ခိုက်နေတဲ့ကာလအတွင်းကန်ပက်လက်မြို့ပေါ်ကဒေသခံတချို့ကဘေးလွတ်ရာဆီတိမ်းရှောင်ကြပြီး စစ်ရှောင်တွေရဲ့နေအိမ်တွေကို မသမာသူတွေက ဝင်ရောက်ဖောက်ထွင်းခိုးယူနေတာလို့ ကန်ပက်လက်မြို့နယ် ပ.အ.ဖက အသိပေးထားတာပါ။

ဒါကြောင့်ဒေသခံတွေအနေနဲ့ ညအချိန်မှာနေအိမ်နဲ့ ဘေးကင်းရာပုန်းခိုကျင်းတွေမှာသာနေထိုင်ကြဖို့ ၊ ည ၉ နာရီကနေ မနက် ၅ နာရီအထိ အပြင်မထွက်ကြဖို့ ညမထွက်ရအမိန့် ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီညမထွက်ရအမိန့်ဟာနောက်ထပ်အမိန့် မထုတ်မပြန်ချင်းအတည်ဖြစ်တယ်လို့အသိပေးထားပါတယ်။

ချင်းပြည်နယ်တောင်ပိုင်းကကန်ပက်လက်မြို့ကို ပြီးခဲ့တဲ့ ၂၀၂၄ ခုနှစ် နှစ်ကုန်ပိုင်းမှာ ချင်းညီနောင်တပ်ဖွဲ့က သိမ်းခဲ့တာပါ။

လက်ရှိမှာတော့ စစ်တပ်က ချင်းပြည်နယ်က ဖလမ်းမြို့ နဲ့ တွန်းဇံမြို့ကို ပြန်လည်သိမ််းယူပြီးနောက်မှာ ပြည်နယ်တောင်ပိုင်းက ကန်ပက်လက်ဆီ ဆက်လက်ထိုးစစ်ဆင်လာတာလည်းဖြစ်ပါတယ်။

ကန်ပက်လက်ဟာမကွေးတိုင်း ၊ပခုက္ကူခရိုင်ယောဒေသ နဲ့ ထိစပ်နေတာပါ။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်တောင်ပိုင်း မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တွေမှာ တိုက်ပွဲတွေ ပြန်ငြိမ်နေတယ်လို့ ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ရိုဟင်ဂျာလက်နက်ကိုင်အဖွဲ့တွေဖြစ်တဲ့ ARSA၊RSO၊ARAတို့ရဲ့ ပြည်သူတွေကို သတ်ဖြတ်တာ၊ ပြန်ပေးဆွဲတာ၊ ချောင်းမြောင်းတိုက်ခိုက်တာတို့ ရှိနေတဲ့အတွက်ကြောင့် ဘူးသီးတောင်နဲ့ မောင်တောမြို့နယ်တို့အတွင်း နေထိုင်တဲ့ပြည်သူတွေအနေနဲ့ ညဘက်အ ပြင်မထွက်ကြဖို့ အာရက္ခတပ်တော်(AA)က ညမထွက်ရအမိန့်တရပ် ထုတ်ပြန်လိုက်ပါတယ်။

သတင်း

ပခုက္ကူမြို့နယ်အတွင်းလူမှုကူညီရေးလုပ်ငန်းတွေဆောင်ရွက်မယ့် အရပ်ဖက်အဖွဲ့အစည်းတွေအနေနဲ့ အမျိုးသားညီညွတ်​ရေးအစိုးရ​အောက်ရှိ ၊မြို့နယ် ပြည်သူ့အုပ်ချုပ်​ရေး (ပအဖ)နဲ့ ကြိုတင်ချိတ်ဆက်ညှိနှိုင်းပြီးမှ ဆောင်ရွက်ဖို့ ပခုက္ကူမြို့နယ်ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့က ဇူလိုင် ၂၇ ရက်က ကြေညာချက်ထုတ်ပြန်ပါတယ်။

သတင်း

ချင်းပြည်နယ်တောင်ပိုင်း၊ ကန်ပက်လက်မြို့စစ်ကူပေးမယ့် စစ်တပ်စစ်ကြောင်းဟာ ဆောမြို့ကို ဦးတည်လာနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်းမြစ်တချို့က ပြောပါတယ်။

Facebook