Connect with us

Hi, what are you looking for?

သတင်း

ပေါက်မြို့နယ်က ပျူစောထီးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ် လေကြောင်းကအပြင်းအထန် ခုခံနေ

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

ဇွန် -၃၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ပေါက်မြို့နယ်က ပျူစောထီးကျေးရွာတွေ တိုက်ခိုက်ခံနေရလို့ စစ်တပ်ကလေကြောင်းကနေ အပြင်းအထန်ခုခံနေတယ်လို့ ဒေသခံသတင်းရင်းမြစ်တွေက လူထုနွေဦးကို ပြောပါတယ်။

မနေ့က(‌ဇွန်လ ၂ ရက်)ကစပြီး ပေါက်မြို့နယ် အရှေ့တောင်ဘက်ခြမ်းက စစ်တပ်အ‌‌ခြေပြု ကျေးရွာတွေ နဲ့ စစ်တပ်စခန်းရှိတဲ့ နေရာတွေကို ဒေသခံတော်လှန်ရေးအဖွဲ့တွေက ထိုးစစ်ဆင်တိုက်ခိုက်နေတာလို့ ဆိုပါတယ်။

“ရွာတစ်ခု တော့ရပြီ။စစ်တပ်ရဲ့ စစ်ကူစစ်ကြောင်းကို ကြားဖြတ်တိုက်နေတာတွေလည်း ရှိတယ်။အခြေအနေကတော့ တော်တေယ်ပြင်းပြင်းထန်ထန်ပဲ “လို့ ပေါက်မြို့နယ် စစ်ရေးသတင်းရင်းမြစ်က ဒီကနေ့ အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

တော်လှန်ရေးတပ်ဖွဲ့တွေ ထိုးစစ်ဆင်နေတဲ့ ပျူစောထီးကျေးရွာတွေဟာ အာဏာသိမ်းပြီး ၂၀၂၁ ကတည်းက စစ်တပ်ဖွဲ့စည်းထားတဲ့ ပြည်သူ့စစ်ရွာတွေလို့ အသိပေးပါတယ်။

“မနေ့ကဆို ဂျက်ဖိုက်တာနဲ့ Y 12 ချည်းပဲ ၁၀ စီး ထက်မနည်း သုံးပြီး ဗုံးတွေဆက်တိုက်ကြဲတယ်။ဒီနေ့မနက်လည်း Y 12 နဲ့လာကြဲတယ်”လို့ အသက် ၃၀ အရွယ်ပေါက်မြို့နယ်ဒေသခံတစ်ဦးက ပြောပါတယ်။

မကွေးတိုင်းက မြို့နယ်တွေမှာ ပေါက်မြို့နယ် ဟာ စစ်တပ်အမာခံ ကျေးရွာအများစုရှိပြီး ဇီးပြား၊ ဝန်ကျုံး၊ သစ်ချိုကုန်း၊ ကုက္ကိုလ်စု၊ အင်မထီး၊ ရေပြာ ရွာတွေဟာ ‌ဒေသတွင်း ပြည်သူ့စစ်(ပျူစောထီး)ရွာကြီးတွေအဖြစ် နာမည်ကျော်ပါတယ်။

ပေါက်မြို့နယ်နဲ့ကပ်လျက်ရှိတဲ့ မြိုင်မြို့နယ်မှာလည်း စစ်တပ်အ‌ခြေစိုက်ထားတဲ့ သရက်ကန် ပျူစောထီးရွာကို တော်လှန်ရေးပူးပေါင်းတပ်က ပြီးခဲ့တဲ့ရက်ပိုင်းက သိမ်းပိုက်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ကန့်ဘလူမြို့နယ်၊ ဇာဒီပျူ​စောထီးရွာမှာ ကင်းစောင့် နေတဲ့ ပျူစောထီးတဦးကို ကွမ်ယာ​ကြွေးဟန်ပြုပြီး အနီးကပ်ပစ်ခတ်ကာG3 တလက်သိမ်းနိုင်ခဲ့တယ်လို့ ကန့်ဘလူခရိုင်ပကဖ လှုပ်ရှား​ရေးတပ်ရင်းက ဒုတပ်ရင်းမှူးဗိုလ်ပိုင်ချဲက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ မြိုင်နဲ့ ပေါက်မြို့နယ်မှာ ၁လအတွင်း စစ်တပ်စစ်ကြောင်းက ပြည်သူ ၂၄ ဦးထက်မနည်း ညှင်းပန်းနှိပ်စက် သတ်ဖြတ်သွားကြောင်း အညာမြေ အရပ်ဘက်လူမှုအဖွဲ့အစည်း-မြိုင်က ထုတ်ပြန်ပါတယ်။

သတင်း

​မောင်နှစ်မချင်းရန်ဖြစ်၍ပျူကိုတိုင်ရာအကိုဖြစ်သူကိုဖမ်း​ခေါ်သွားပြီးသတ်လိုက်လို့ ​မိသားစုကငွေ​​ပေးကာအ​လောင်းပြန်ထုတ်ရ

သတင်း

စစ်ကိုင်းတိုင်း၊ ကန့်ဘလူမြို့နယ် ဇီးကုန်းမြို့မှာ မြို့ထဲဝင်လာတဲ့ စစ်တပ်လက်အောက်ခံ ရဲတစ်ဦးနဲ့ ပျူစောထီးတစ်ဦးတို့ ပစ်ခတ်ခံရပြီး သေဆုံးခဲ့တယ်လို့ ဇီးကုန်းတိုက်နယ်ပြည်သူ့ကာကွယ်ရေးအဖွဲ့ က ပြောပါတယ်။