Connect with us

Hi, what are you looking for?

သတင်း

မင်းတပ်မှာ တိုက်ပွဲဖြစ်တဲ့နေရာတွေကို စစ်တပ် ဗုံးကြဲ

ထင်ချောင်းရွာခံ ကျောင်းသား ၁ ဦး အပါအဝင် အရပ်သား ၂ဦး စစ်တပ်သတ်ဖြတ်

ထင်ချောင်းရွာခံ ကျောင်းသား ၁ ဦး အပါအဝင် အရပ်သား ၂ဦး စစ်တပ်သတ်ဖြတ်

ဇွန်-၄၊၂၀၂၆။ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ မင်းတပ်မြို့နယ်မှာ တိုက်ပွဲဖြစ်ပွားတဲ့နေရာတွေကို အာဏာသိမ်းစစ်တပ်က တိုက်လေယာဉ်နဲ့ ဗုံးကြဲတိုက်ခိုက်တာတွေ လုပ်ဆောင်ခဲ့ကြောင်း ဒေသခံ သတင်းရင်းမြစ်က ပြောပါတယ်။

ဇွန်လ ၃ရက်ည ပိုင်းမှာ မင်းတပ်မြို့နယ် အရှေ့ခြမ်းတနေရာကို စစ်တပ်က တိုက်လေယာဉ်နဲ့ ၃ကြိမ်ထက်မနည်း တိုက်ခိုက်ခဲ့သလို Y12 လေယာဉ်နဲ့လည်း ၈ကြိမ်ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ ဒေသခံက အသိပေးထားပါတယ်။

“ မြို့ပေါ် ဆိုတာထက် တိုက်ပွဲဖြစ်တဲ့နေရာတွေပါ” လို့ ဒေသခံက မင်းတပ်မြို့နယ်အတွင်း စစ်တပ် လေကြောင်းဗုံးကြဲတိုက်ခိုက်မှု အခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

အာဏာသိမ်းစစ်တပ်ဟာ ဇွန်လ ၂ရက် ညသန်းခေါင်ကျော်( ဇွန် ၃ရက်မနက်အစော)ကလည်း မင်းတပ်မြို့နယ်က တနေရာကို လေကြောင်း တိုက်ခိုက်ခဲ့သလို ဇွန်လ ၂ရက် ည ၉နာရီလောက်မှာလည်း မင်းတပ်မြို့နယ် တနေရာကို လေကြောင်း တိုက်ခိုက်ခဲ့ပါတယ်။

ဒါ့အပြင် ဇွန်လ ၂ရက်မနက်အစောမှာလည်း မင်းတပ်မြို့နယ် တနေရာကို လေကြောင်းက ၄ကြိမ်ဗုံးကြဲတိုက်ခိုက်ခဲ့ပါတယ်။

စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့ပြန်ရဖို့ ထိုးစစ်ဆင်နေလို့ ချင်းတော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲတွေဖြစ်ပွားနေတာပါ။ တိုက်ပွဲ သတင်းအခြေအနေတွေကို အဲဒီဒေသကို ထိန်းချုပ်ထားတဲ့ ချင်းပြည်သူ့အစည်းအရုံး(CPU/CPA)က တရားဝင် သတင်းထုတ်ပြန်တာ မရှိသေးပါဘူး။

ဒါ့အပြင် စစ်တပ်က မေလကုန်ပိုင်းမှာ မီးရှို့ခဲ့တဲ့ မင်းတပ်မြို့နယ် ထင်ချောင်းရွာမှာလည်း ပြည်သူ ၂ဦးကို သတ်ဖြတ်ခဲ့တယ်လို့ ဒေသခံက ပြောပါတယ်။ စစ်တပ်ဟာ ထင်ချောင်းရွာက နေအိမ် ၁၀လုံးကျော် မီးရှို့ခဲ့ကြဲတဲ့အပြင် အသက် ၆၀ ခန့်အမျိုးသား ၁ဦးနဲ့ ၁၆နှစ်အရွယ် ၁၀တန်းကျောင်းသား ၁ဦးကို သတ်ဖြတ်ခဲ့တာလို့ ဆိုပါတယ်။

စစ်တပ်ဝင်ရောက်ချိန် ဒေသခံတွေ တိမ်းရှောင်ကြပေမယ့် စစ်တပ် ပြန်သွားပြီဟု ယူဆပြီး ကျေးရွာကို ခဏ ပြန်ဝင်ကြည့်ချိန် သတ်ဖြတ်ခံရတာလို့သိရကြောင်း ဒေသခံက ပြောပါတယ်။

အာဏာသိမ်း စစ်တပ်ဟာ ချင်းမကွေးအစပ်ဒေသတွေကို အင်အားအလုံးအရင်းနဲ့ ထိုးစစ်ဆင်နေတာဖြစ်ပြီး လမ်းကြောင်းတလျှောက်မှာ ဒေသခံတွေကို ဖမ်းဆီးတာ၊ သတ်ဖြတ်တာတွေ နဲ့ နေအိမ်တွေကို မီးရှို့တာတွေ ကျူးလွန်နေလို့ ပြည်သူတွေအနေနဲ့ စစ်ကောင်စီ စစ်ကြောင်းတွေကို ဝေးဝေးရှောင်ကြရန် ဒေသခံတွေက တိုက်တွန်းနှိုးဆော်ထားပါတယ်။

https://www.facebook.com/reel/1675218220367519

ရုပ်သံ – Hkl-Mindat

ဆက်စပ်သတင်းများ

သတင်း

ကျားမသောက်တပ်ရင်းထဲ AA ရဲလက်နက်ကြီးကျရောက်ပေါက်ကွဲလို့ အသေအပျောက်ရှိ

သတင်း

ချင်းပြည်နယ်တောင်ပိုင်းရဲ့ ရှေ့တန်းစာမျက်နှာမှာ တန်ပြန်ထိုးစစ်တွေ ပြင်းထန်စွာ ဆင်နွှဲနေတယ်လို့ ချင်းပြည်သူ့အစည်းအရုံး(CUP/CPA)ထောက်ပို့ဌာနက ဒီကနေ့ ထုတ်ပြန်ပါတယ်။

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်းက မိုးကြီးပြီး ရေဘေးကြုံတွေ့နေတဲ့ မဘိမ်းမြို့ကို စစ်တပ်က လေကြောင်း ကနေ ဗုံးကြဲနေတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။