Connect with us

Hi, what are you looking for?

သတင်း

စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာ တိုက်ပွဲဖြစ်နေ၊ စစ်တပ်ကရွာတွေဗုံးကြဲ၊ပြည်သူ၁ဦး သေဆုံး

ပဲခူးတိုင်း၊စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF (၃၅၀၄)တပ်ရင်းက ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

(​ရေတာရှည်မြို့နယ်မှPDFတပ်ဖွဲ့ဝင် ​တွေ။ဓာတ်ပုံ -တပ်ရင်း (၃၅၀၄) ရေတာရှည်မြို့နယ်)

ဇွန် -၇၊၂၀၂၆။နော်/People’s Spring

ပဲခူးတိုင်း၊စစ်တောင်မြစ်အရှေ့ဘက်ကမ်းမှာတိုက်ပွဲဆက်ဖြစ်နေတယ်လို့ ရေတာရှည်မြို့နယ်အခြေစိုက် PDF (၃၅၀၄)တပ်ရင်းက ဇွန်လ ၇ရက်မှာ ထုတ်ပြန်ပါတယ်။

စစ်တပ်က သေဆုံးထိခိုက်သူများနေတာကြောင့် စစ်ရေးနဲ့သက်ဆိုင်မှုမရှိတဲ့ ကျေးရွာတွေကိုလေကြောင်းကနေ ဗုံးကြဲနေတယ်လို့လည်း ဆိုပါတယ်။

ဇွန် ၆ ရက်ရေတာရှည်မြို့နယ် စစ်တောင်းမြစ်အရှေ့ဘက်ကမ်းက နဂျပ်ကျေးရွာကို စစ်တပ်က Y12 လေယာဥ်အသုံးပြုပြီး ဗုံးကြဲ တိုက်ခိုက်ခဲ့တယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“မြေပြင်မှာ တိုက်ပွဲတွေတော့တော်တော်များများဖြစ်နေတယ်။ဆွာရွာမ၊အုတ်မြေတူးကို လေယာဉ် လက်နက်ကြီး နဲ့တိုက်ခိုက်တာတွေကြောင့် အဲဒီနားက ရွာခြောက်ရွာ တွေလည်းစစ်ရှောင်နေရတယ်။အများစုကနီးစပ်ရာဆွာမြို့ကိုရှောင်ကြရတာပေါ့”လို့ ရေတာရှည်မြို့နယ်သတင်းရင်းမြစ်က ပြောပါတယ်။

လေကြောင်းတိုက်ခိုက်မှုကြောင့် ဒေသခံနေအိမ် ၂လုံးပျက်စီးခဲ့ပြီး ပြည်သူ ၁ဦး ဗုံးစထိမှန် သေဆုံးကာ နောက် ၁ဦးလည်း ဒဏ်ရာပြင်းထန်စွာရရှိတယ်လို့ သိရပါတယ်။

စစ်တပ်က ပြည်သူတွေနေထိုင်ရာ ကျေးရွာတွေကို ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်နေတဲ့ အတွက် လေကြောင်းအန္တရာယ်အတွက်အထူးဂစိုက်ဖို့တော်လှန်ရေးအဖွဲ့တွေက သတိပေး ထားပါတယ်။

အခုဇွန်လ ၃ ရက်က စစ်တောင်းမြစ်အရှေ့ဘက်ကမ်း ဆွာရွာမကြီးကျေးရွာမှာ အာဏာသိမ်းစစ်တပ်စခန်းကို တော်လှန်ရေးအဖွဲ့တွေ ၀င်ရောက်သိမ်းပိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးသူများတဲ့အပြင် လက်နက်အများအပြားရရှိခဲ့တာကြောင့် စစ်တပ်က အရပ်သားပစ်မှတ်နေရာတွေကိုပါ ရည်ရွယ်ချက်ရှိရှိ တိုက်ခိုက်တယ်လို့ PDF (၃၅၀၄)တပ်ရင်း တာ၀န်ရှိသူက သုံးသပ်ပါတယ်။

ရေတာရှည်မြို့နယ် စစ်ဘေးရှောင်ကူညီရေးအချက်အလက်တွေအရ ပိတောက်ကုန်း၊ အုတ်မြေလူး၊ဆီဆိုင်၊ အေးရွာလေး၊ကျွန်းကုန်း၊ရေတာရှည်လေး၊ ရေငံ၊အင်းကြီးပေါက်၊ခင်တန်းရွာသစ်၊ကံလှ ဂွေးသဲ၊တောင်အင်းကုန်း၊ကြာအင်းကုန်းနဲ့ ကြိတ်ပုတီးကျေးရွာက ‌ဒေသခံတွေ ရွာလုံးကျွတ်စစ်ရှောင်နေရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရှမ်းပြည်နယ်မြောက်ပိုင်း၊မိုးမိတ်မြို့အနီးမှာ ဒီနေ့ နေ့လယ်ပိုင်း ၁နာရီခန့်ကစပြီး တိုက်ပွဲပြင်းထန်နေပါတယ်။