Connect with us

Hi, what are you looking for?

သတင်း

လောင်းလုံးမှာ ကျောင်းကြို/ပို့ကားတွေ စစ်တပ်က အကာအကွယ်ယူလှုပ်ရှားနေဟု PDF ပူးပေါင်းတပ် ထုတ်ပြန်

မြို့ပေါ်ကျောင်းအပ်ထားတဲ့ ကလေးမိဘတွေအနေနဲ့ လုံခြုံရေးရှေ့ရှုပြီး မြို့ပေါ်ပြောင်းရွှေ့နေထိုင်ကြဖို့ မေတ္တာရပ်ခံ

(တနင်္သာရီတိုင်း၊လောင်းလုံမြို့နယ်မှာ ယာဥ်အန္တရာယ်ကင်းစင်ရေးအတွက် မြို့နယ် ပြည်သူ့လုံခြုံရေး တပ်ဖွဲ့က အသိပညာပေးမှုလိုက်လံဆောင်ရွက်နေစဉ်။ ဓာတ်ပုံ - PVTV)

ဇွန်-၈၊ ၂၀၂၆။ ထားမြတ်/People’s Spring

တင်္သာရီတိုင်း၊ လောင်းလုံးမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က အရပ်သားတွေကို လူသားဒိုင်းအဖြစ် အသုံးပြုတာအပြင် ကျောင်းကြို/ပို့ယာဉ်တွေကိုပါ အကာအကွယ်ယူပြီး စစ်ရေးလှုပ်ရှားနေကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃) လက်အောက်ခံ PDF အပါအဝင်ဒေသတွင်း တော်လှန်ရေးတပ်တွေက အသိပေးထုတ်ပြန်ပါတယ်။

မြို့ပေါ်ကျောင်းအပ်နှံထားသော ပြည်သူတွေကို အသိပေးမေတ္တာရပ်ခံတဲ့ အခုကြေညာချက်ကို လောင်းလုံးမြို့ နယ် (၈၀ဝ၃) တပ်ရင်း ၊(ပအဖ) (ပကဖ) (ပလဖ)၊ သံမဏိလိပ်ပြာတပ်ဖွဲ့၊အထူးပြောက်ကျားတပ်ဖွဲ့(SGF) နဲ့ လောင်းလုံးပညာရေး(ဘုတ်အဖွဲ့)တို့မှ ပူးတွဲထုတ်ပြန်ခဲ့တာပါ။

မြို့နယ်အတွင်း တော်လှန်ရေးတပ်နဲ့ စစ်ကောင်စီအကြား စစ်ရေးတင်းမာနေတဲ့ အခြေအနေမျာ အရပ်သားတွေကို ရန်သူစစ်ကောင်စီက လူသားဒိုင်းသဖွယ်အသုံးပြုနေတာ ပြည်သူတွေ အသိပင်ဖြစ်ကြောင်း ထုတ်ပြန်ခဲ့ပြီး အခုနောက်ပိုင်းမှာလည်း စစ်တပ်ဟာ ကျောင်းကြို/ပို့ ယာဉ်များကိုလည်း အကာကွယ်ယူပြီး သွားလာလှုပ်ရှားနေတာကြောင့် ကျောင်းတက်နေသော ကလေးသူငယ်များရဲ့ ဘေး ကင်းလုံခြုံမှုရှိရေးအတွက် ထည့်သွင်းစဉ်းစားဖို့ လိုအပ်လာတယ်လို့ အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

“တော်လှန်ရေးတပ်ဖွဲ့များသည်လည်း ၎င်းမြို့နယ်အတွင်းမှာ စစ်ဆင်ရေးများကို အရှိန်ဟုန်မြှင့် ဖော်ဆောင်သွားနိုင်ရေးအတွက် ကြိုးပမ်းလျက်ရှိပြီး မြို့ပေါ်ကျောင်းအပ်နှံထားသော မိဘများအနေဖြင့် မိမိတို့၏ကလေးငယ်များအား လုံခြုံရေးကိုရှေ့ရှု၍ မြို့ပေါ်၌ ပြောင်းရွေ့နေထိုင်ပေးကြပါရန် မေတ္တာရပ်ခံအပ်ပါသည်”လို့ ထုတ်ပြန်ပါတယ်။

ယခုလိုတားမြစ်ရတာဟာ ကျောင်းသူ၊ကျောင်းသားများအား လွတ်လပ်စွာပညာသင်ယူခွင့်ကို တားမြစ် ဟန့်တားခြင်းမဟုတ်ကြောင်းလည်း အသိပေးပါတယ်။

ဒါပေမဲ့ စစ်ရေးနယ်မြေဖြစ်နေတာကြောင့် ကျောင်းကားများနဲ့ အတူ စကစ ကားများပါလိုက်ပါလာနိုင်တာကြောင့် နှစ်ဖက်တိုက်ပွဲတွေ အချိန်မရွေးဖြစ်ပွားနိုင်တာ၊ မလိုလားအပ်ဘဲ ကျောင်းသူကျောင်းသားများကိုထိခိုက်လာနိုင်တာကြောင့် ပြည်သူတွေနဲ့ ကျောင်းသူကျောင်းသားတွေကို အခုလို အလေးအနက် မေတ္တာရပ်ခံရတာဖြစ်တယ်လို့ ထုတ်ပြန်ပါတယ်။

စစ်တပ်က ကျောင်းကြိုပို့ယာဉ်တွေကို အကာအကွယ်ယူ စစ်ရေးလှုပ်ရှားတာအပါအဝင် ဒေသတွင်း စစ်ရေး အခြေအနေတွေမေးမြန်းဖို့ ဗျူဟာ (၃၃)တာဝန်ရှိသူအချို့ထံ ဆက်သွယ်ထားဆဲဖြစ်ပြီး အဆက်အသွယ်မရသေးပါဘူး။

လောင်းလုံးမြို့နယ်အတွင်း စစ်တပ်စစ်ကြောင်းနဲ့ ရဲစခန်းအချို့ကို တော်လှန်ရေးတပ်တွေက အခုနှစ်အတွင်း တိုက်ခိုက်ခဲ့တဲ့ ဖြစ်စဉ်တွေရှိခဲ့သလို တော်လှန်ရေးတပ်အချို့ကလည်း ဒေသတွင်းအချိန်မရွေးတိုက်ပွဲဖြစ်နိုင်လို့ ခရီးသွားလာတာတွေ မလုပ်ဖို့ သတိပေးထားတာတွေရှိပါတယ်။

ဆက်စပ်သတင်းများ

သတင်း

​အထိနာတဲ့ စစ်တပ်က နေအိမ်နဲ့ကားအချို့ကို မီးရှို့၊ ပြည်သူအချို့ ဖမ်းဆီး

သတင်း

ကရင်ပြည်နယ်၊ မြဝတီမြို့တောင်ဘက်ခြမ်းက တိုက်ပွဲတွေအတွင်း စစ်တပ်က သေဆုံးမှုများနေပြီး တိုက်ပွဲ ၃ရက်မြောက်နေ့မှာ လန်ကျသွားတယ်လို့ လူထု​နွေဦးရဲ့ကရင်စစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ဖားကန့်မြို့နယ်၊ဆည်ဇင်းရွာနဲ့ဆက်စပ်နေတဲ့ ဟုမ္မလင်းမြို့နယ်ထဲက နေရာအချို့မှာတိုက်ပွဲပြင်းထန်နေပြီး ဒေသခံတွေရွှေတူးတဲ့နေရာပတ်ဝန်းကျင်ကို စစ်တပ်ကလေကြောင်းကနေ ဗုံးကြဲလို့ အရပ်သားထိခိုက်သေဆုံးမှုတွေရှိ​နေပါတယ်။

သတင်း

စစ်ကိုင်းတိုင်း၊ ခင်ဦးမြို့နယ်က သာဝတ္ထိကျေးရွာကို စစ်တပ်က အသေခံဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ရာ ဒေသခံပြည်သူ ၅ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။