Connect with us

Hi, what are you looking for?

သတင်း

ထိန်းချုပ်ဒေသတွင်း ဆက်သွယ်ရေးလမ်းပိုင်းတွေကို ဟုမ္မလင်း-ပအဖ ယာယီပိတ်

ဟုမ္မလင်းမြို့နယ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေအတွင်း ကုန်းလမ်းနဲ့ရေလမ်းဖြတ်သန်းသွားလာခွင့်ကို ဒီနေ့(ဇွန်လ၁၀) ကစပြီးပိတ်ပင်လိုက်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

(ဟုမ္မလင်းမြို့နယ်အတွင်းတော်လှန်ရေးတပ်တွေထိန်းချုပ်ထားတဲ့ဒေသတွေမှာ ဒေသခံပြည်သူတွေအတွက် ကာကွယ်ဆေးတိုက်ကျွေးမှုကို ဇွန်လဆန်းပိုင်းမှာပြုလုပ်စဉ်။ဓါတ်ပုံ-ဟုမ္မလင်းပအဖ)

ဇွန်-၁၀၊၂၀၂၆။‌စိုင်းနောင်/People’s Spring

ဟုမ္မလင်းမြို့နယ်ကပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေရဲ့ထိန်းချုပ်နယ်မြေအတွင်း ကုန်းလမ်းနဲ့ရေလမ်းဖြတ်သန်းသွားလာခွင့်ကို ဒီနေ့(ဇွန်လ၁၀) ကစပြီးပိတ်ပင်လိုက်တယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

ထိန်းချုပ်နယ်မြေအတွင်းရှိ အဝင်အထွက်ဂိတ်တွေ၊ ကုန်းလမ်းနဲ့ ရေလမ်းဂိတ်တွေ၊ အခွန်ဂိတ်တွေအားလုံးကို ပိတ်ပင်လိုက်တာဖြစ်ပြီး နောက်ထပ်ကြေညာချက်မထွက်ခင်အထိ အတည်ဖြစ်တယ်လို့ဇွန်လ ၈ ရက်နေ့ကထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

ဟုမ္မလင်းမြို့နယ်ထဲမှာပြီးခဲ့တဲ့ဇွန်လဆန်းပိုင်းကတိုက်ပွဲဖြစ်ပွားခဲ့ပြီး စစ်တပ်နဲ့ ရှမ်းနီတပ်(SNA) ပူးပေါင်းစစ်ကြောင်းတွေ စစ်ရေးလှုပ်ရှားမှုရှိနေတယ်လို့ ဒေသခံသတင်းမြစ်တွေကပြောပါတယ်။ဇွန်လဆန်းပိုင်းက တိုက်ပွဲတွေမှာ စစ်တပ်ကလက်နက်ကြီးအင်အားသုံးပစ်ခတ်တိုက်ခိုက်ခဲ့တယ်လို့ မြို့ခံတွေကပြောပါတယ်။

Public Service Announcement

Public Service Announcement

ဟုမ္မလင်းမြို့နယ်ဟာ ခန္တီးခရိုင်ထဲမှာပါဝင်ပြီး နာဂကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသနဲ့လည်းဆက်စပ်နေပါတယ်။ဟုမ္မလင်းမြို့နယ်ထဲမှာပါဝင်တဲ့ ရွှေပြည်အေးမြို့ကို ပြည်သူ့ကာကွယ်‌ ရေးတပ်ဖွဲ့တွေကသိမ်းပိုက်ထိန်းချုပ်ထားပါတယ်။

ဒေသတွင်းမှာ ချင်းတွင်းမြစ်နဲ့ရေကြောင်းကုန်သွယ်ရေးရှိသလိုကုန်းလမ်းကုန်သွယ်ရေးလမ်းကြောင်းလည်းရှိပါတယ်။လက်ရှိမှာ ကုန်းလမ်းနဲ့ရေလမ်းကုန်သွယ်ရေးလမ်းကြောင်းတွေကို ပိတ်ပင်ထားမယ်ဆိုတဲ့ကြေညာချက်ကြောင့် ဒေသတွင်း ကုန်စည်စီးဆင်ရေးအတွက်အခက်အခဲတွေရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့တွေထိန်းချုပ်ထားတဲ့ကျေးရွာတစ်ရွာကဒေသခံတဦးကပြောပါတယ်။

လက်ရှိဒေသတွင်းအခြေအနေအရဒေသတွင်းဆက်သွယ်ရေးလမ်းပိုင်းတွေ ဖြတ်သန်းသွားလာခွင့်ပိတ်ပင်ထားတဲ့အပြင် ဟုမ္မလင်းမြို့နယ် ရွှေပြည်အေးမြစ်ပြင်တလျှောက် နဲ့ သောင်သွပ်တိုက်နယ်အတွင်း အသုံးပြုနေတဲ့ စတားလင့် ၊ အင်တာနက်၊ ဝိုင်ဖိုင်အသုံးပြုမှုအားလုံးကိုလည်းဒီနေ့ကစပြီး အသုံးပြုခွင့် ပိတ်ပင်သွားမယ်လို့ ပြည်သူ့အုပ်ချုပ်ရေးအဖွဲ့ (ပအဖ) က ထုတ်ပြန်ပါတယ်။

လက်ရှိမှာဟုမ္မလင်းမြို့နယ်နဲ့ဆက်စပ်နေတဲ့ တမူးမြို့နယ်မှာလည်းစစ်တပ် နဲ့ ပြည်သူ့ကာ ကွယ်ရေးတပ်ဖွဲ့တွေ စစ်ရေးတင်းမာနေပါတယ်။

ဆက်စပ်သတင်းများ