Connect with us

Hi, what are you looking for?

သတင်း

နတ်တလင်းက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး ရုပ်အလောင်းတွေ့

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

ဇွန် -၁၃ ၊၂၀၂၆။နော်/People’s Spring

ပဲခူးတိုင်းအနောက်ခြမ်း၊ နတ်တလင်းမြို့နယ်၊ မကျီးပင်ကျေးရွာက စစ်တပ်တပ်စခန်းအနီးမှာ အမျိုးသမီးတစ်ဦး သေဆုံးနေတာတွေ့ရှိခဲ့တယ်လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

သေဆုံးနေတဲ့ အမျိုးသမီးရဲ့ ရုပ်အလောင်းကို ဇွန်လ ၁၀ ရက်မှာ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးမှာ တွေ့ရှိခဲ့တာလည်း ဖြစ်ပါတယ်။

“ စက်လှေဆိပ်အနား ကျွန်းခင်းထဲအနံ့ထွက်လို့သွားကြည့်တာ မ…..အသက် ၂၈နှစ်ရဲ့အလောင်းဟာ ပုတ်ပွပြီး ကိုင်လို့မရအောင် သေဆုံးနေသလိုခါးမှာလဲ ထမိန်မရှိ ကိုယ်လုံးတီးနဲ့ မုဒိန်းကျင့်ပြီးသတ်ထားတဲ့ပုံစံကို မြင်တွေ့ခဲ့ရပါတယ်”လို့ ဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းတွေ့ရှိခဲ့တဲ့ မကျီးပင်ရွာအောင်သုခ စက်လှေဆိပ်အနီးနေရာဟာ စစ်တပ် အထိုင်ချ တပ်စွဲထားတဲ့ စခန်းအနီးအနားမှာဖြစ်တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ ဧပြီ ၁၀ ရက်မှာ စစ်တပ်က မကျီးပင်ရွာ အောင်သုခလှေဆိပ်ကို လေယာဉ်နဲ့ ဗုံးကြဲခဲ့တာကြောင့် အသက် (၄၂)နှစ်အရွယ် အမျိုးသားတစ်ဦး သေဆုံးခဲ့ပါသေးတယ်။

လေယာဉ်ဗုံးစထိမှန်မှုကြောင့် သေဆုံးခဲ့ရတဲ့အမျိုးသားဟာ အခုသေဆုံးခဲ့ရတဲ့ အမျိုးသမီးရဲ့ယောကျာ်းဖြစ်တယ်လို့လည်း ဒေသခံတွေက ပြောပါတယ်။

ဒါအပြင် ဧပြီ ၁၆ ရက်မှာ စစ်ကောင်စီတပ်ဖွဲ့ဝင်တွေဟာ မကျီးပင်ရွာက နေအိမ်တွေကို ဝင်ရောက်မီးရှို့ခဲ့တာကြောင့် နေအိမ် ၃၀ နီးပါးမီးလောင် ပျက်စီးခဲ့ပါတယ်။

စစ်တပ်ရဲ့ လုပ်ရပ်တွေကြောင့် မကျီးပင်ရွာက နေဒေသခံပြည်သူတွေဟာ ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်ခဲ့ကြရပါတယ်။

စစ်တပ်ဟာ မကျီးပင်စက်လှေဆိပ် ရှင်းလင်းဆောင် ဘုရားကုန်းတို့မှာ ဘန်ကာတွေတူးပြီး အထိုင်စခန်းအဖြစ် အခြေချတပ်စွဲနေထိုင်ခဲ့တယ်လို့ ဒေသခံတွေဆီက သိရပါတယ်။

အဲ့ဒီနောက် စက်လှေဆိပ်အနီးမှာ ကျေးရွာသားတချို့ဟာ စျေးရောင်းစျေးဝယ် လုပ်ဆောင်တာတွေရှိသလို နေထိုင်သူတချို့လည်းရှိခဲ့ပါတယ်။

သေဆုံးခဲ့တဲ့ အသက် (၂၈)အရွယ် အမျိုးသမီးဟာလည်း စက်လှေဆိပ်အနီးမှာ ပြန်လည်နေထိုင်ခဲ့ပြီးနောက် အခုလို သေဆုံးခဲ့ရတာဖြစ်တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တွေမြို့နယ်တိုက်ပွဲတွေမှာ အထိနာနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ ဒီနေ့တရက်တည်းမှာ ရခိုင်ပြည်နယ်၊ ပေါက်တော၊ မင်းပြား နဲ့ ဂွမြို့နယ်တို့ကို ဗုံးကြဲခဲ့ပြီး အမျိုးသမီးတဦးသေဆုံးကာ ကျောင်းသားတဦး အပါအဝင် ​ဒေသခံပြည်သူနှစ်ဦး ဒဏ်ရာရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆောမြို့နယ်မှာ အာဏာသိမ်းစစ်တပ်ရဲ့ အင်အားဖြည့်မှုတွေကြောင့် တိုက်ပွဲတွေ ပိုပြင်းထန်လာနိုင်တယ်လို့ ဒေသတွင်းစစ်ရေးတာ၀န်ရှိသူနဲ့ သတင်းရင်းမြစ်တချို့က ပြောပါတယ်။

သတင်း

စက်တင်ဘာ ၄ ​နောက်ပိုင်းစစ်လက်ချက်ကြောင့်အရပ်သားအနည်းဆုံး၆ ဦး​သေနဲ့ ၆ ဦးဒဏ်ရာရ

သတင်း

ကရင်ပြည်နယ်နဲ့ မွန်ပြည်နယ်အစပ်ရှိကြသောင်းဆိပ်(ယိုကလား)ရွာကိုအာဏာသိမ်းစစ်တပ်က က်တင်ဘာလ ၁၉ ရက်ညနက်ပိုင်းမှာဗုံးကြဲတာကြောင့်စာသင်ကျောင်းအပါအဝင်နေအိမ်အလုံး ၄၀ နီးပါး ထိခိုက်ပျက်စီးခဲ့ရတယ်လို့ KNU ဒူးသထူ(သထုံ)ခရိုင်က ဒီနေ့မှာ သတင်းထုတ်ပြန်ပါတယ်။