Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမှာ စစ်တပ်က အရပ်သားတွေကို သတ်ဖြတ်နေ

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

(တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွှေကူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ ။ ဓာတ်ပုံ - ShweGu PDF)

ဇွန်-၁၆၊၂၀၂၆။စိုင်းနောင်/ People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ စစ်တပ်စစ်ကြောင်းက သတ်ဖြတ်သွားတဲ့ ဒေသခံတွေရဲ့ ရုပ်အလောင်း ၈ လောင်းထက်မနည်း တွေ့ရှိပြီး လေကြောင်းပစ်ကူနဲ့ ဆက်စစ်ကြောင်းထိုးနေတယ်လို့ ဒေသခံတွေကပြောပါတယ်။

ရွှေကူမြို့နယ်က ကိုင်းရွာနဲ့ ရွှေဘုန်းမြင့်ကျေးရွာမှာ အရပ်သားတွေ သတ်ဖြတ်ခံရတာလို့ ဒေသခံတစ်ဦးက ပြောပါတယ်။

” စစ်ကြောင်းဝင်ပြီး ပြန်ထွက်တော့ အလောင်းတွေ တွေ့တာ။မိန်းကလေးတွေလည်း ပါတယ်ဗျ။ ခဏပဲ ဝင်ရဲတာ။စိတ်မချလို့ ပြန်ထွက်လာရတယ်”လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

တိုက်ပွဲတွေက မြို့ပြင်နဲ့ ‌ကျေးရွာတွေဘက်မှာဖြစ်နေပြီး မြို့ပေါ်မှာ အခြေအနေတည်ငြိမ်နေတယ်လို့ သိရပါတယ်။

မနေ့က ဇွန်လ ၁၅ရက်မှာ ကိုင်းရွာကို စစ်ကြောင်းဝင်စဉ် လေကြောင်းကနေဗုံးကြဲပြီး လက်နက်ကြီးနဲ့ပါ ပစ်ခတ်လို့ အရပ်သားနေအိမ်တွေ အများအပြားပျက်စီးခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

ရွှေကူမှာ မြို့ခံတွေဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ ဇွန်လ ၈ရက်မှာ KIA က သတိပေးချက်ထုတ်ပြန်ပြီးနောက်ပိုင်း မြို့အနီးဝန်းကျင်ရွာတွေမှာ တိုက်ပွဲတွေဖြစ်တာပါ။

ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးကျေးရွာတွေဘက်မှာ ဇွန်လ ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး ထိခိုက်ပျက်စီးမှုတွေများတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေက ဗန်းမော်မြို့ဘက်ကို ဦးတည်နေပြီး ရွှေကူ၊ ဗန်း‌ဗော်ကြားမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သိရပါတယ်။

စစ်တပ်ဟာ ကချင်၊ စစ်ကိုင်း၊ မကွေးနဲ့ ချင်းပြည်နယ်ဘက်ကို စစ်ကြောင်းထိုးနေပြီး အရပ်သားတွေကို အကြမ်းဖက်သတ်ဖြတ်မှုတွေ ကျူးလွန်နေပါတယ်။ ပြီးခဲ့တဲ့ မေလလယ်ကလည်း မကွေးတိုင်းက မြစ်ခြေမြို့နယ်ကို စစ်ကြောင်းထိုးပြီး အရပ်သား ၄၀ကျော်ကို သတ်ဖြတ်သွားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ပြီးခဲ့တဲ့ ဩဂုတ်လအတွင်း စစ်ရေးအခြေအနေကို ဒီကနေ့ စက်တင်ဘာ ၂၅ရက်မှာ ထုတ်ပြန်ခဲ့ရာတိုက်ပွဲများအတွင်း စစ်ကောင်စီတပ်ဖွဲ့ဝင် ၃၀၀ကျော် သေဆုံးခဲ့ကြောင်းဖော်ပြပါတယ်။

သတင်း

နာဂ ကိုယ်ပိုင်အုပ်ချုပ်ခွင့်ရဒေသ၊ လေရှီးမြို့မှာ ကြံ့ခိုင်ရေးပါတီအမတ်ဟောင်းနဲ့ စစ်တပ်ပေါင်းပြီး ဒေသခံ ၁၁ဦးကို စစ်သားစုဆောင်းဖို့ ဖမ်းဆီးသွားတယ်လို့ မြို့ခံတွေက ပြောပါတယ်။

သတင်း

သုံးပတ်အတွင်းစစ်တပ်ကြောင့် ရခိုင်မှာ​ပြည်သူ ၉ဦး​ သေဆုံးပြီး ၁၇ ဦးဒဏ်ရာရ

သတင်း

အင်းတော်ဗုံးကြဲခံရမှုသေဆုံးသူငါးဦးရှိလာ

Facebook