Connect with us

Hi, what are you looking for?

သတင်း

ခါမ်းပတ်မြို့ပေါ် ရပ်ကွက်တချို့ စစ်တပ်ပြန်ထိန်းချုပ် ၊ တိုက်ပွဲဆက်ပြင်းထန်နေ

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

(ခမ်းပါတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ပြီဆိုကာစစ်တပ် ဝါဒဖြန့်ထားတဲ့ ဓါတ်ပုံ​တွေထဲကတစ်ပုံ ။ဓါတ်ပုံ-အာဏာသိမ်းစစ်တပ်)

ဇွန်-၂၁၊၂၀၂၆။စိုင်းနောင်/People’s spring

အိန္ဒိယ- မြန်မာကုန်သွယ်ရေးလမ်းကြောင်းပေါ်က ခါမ်းပတ်မြို့ထဲမှာ တိုက်ပွဲပြင်းထန်နေပြီး မြို့ပေါ် ရပ်ကွက်တချို့ကို အာ​ဏာသိမ်းစစ်တပ်က ပြန်လည်ထိန်းချုပ်ထားတယ်လို့ သတင်းရရှိပါတယ်။

ခါမ်းပတ်မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ စစ်တပ်ကမတူညီတဲ့ဘက်​တွေကစစ်​ကြောင်းသုံး​ကြောင်းနဲ့ စစ်ကြောင်းထိုးလာတာ​ကြောင့် ဇွန်လ ၈ရက်ကစပြီး တိုက်ပွဲတွေဖြစ်ခဲ့တာပါ။ ခါမ်းပတ်မြို့ကို ကလေးနဲ့ တမူးမြို့ဘက်ကအပြင် မော်လိုက်မြို့ကနေပါ စစ်ကြောင်းသုံးကြောင်းခွဲပြီး ဝင်လာတာလို့ စစ်‌ ရေးသတင်းမြစ်တွေကပြောပါတယ်။

“တမြို့လုံးသိမ်းနိုင်တဲ့အနေအထားတော့မဟုတ်သေးဘူး။အမှတ် ၄ နဲ့ အမှတ် ၂ ကိုဝင်လာတယ်။အမှတ် ၁ နဲ့ ကနန်ကြား ဘက်မှာတိုက်နေကြတယ်” လို့ ဒီနေ့ (ဇွန်လ၂၁) မနက်ပိုင်းအခြေအနေကို တော်လှန်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က​တော့ ခမ်းပါတ်မြို့ကို အပြည့်အဝထိန်းချုပ်နိုင်ပြီလို့ ဇွန် ၂၀ မှာစစ်တပ်ထိန်းချုပ်ထားတဲ့ မီဒီယာ​တွေက​နေ ​ဖော်ပြ​နေပါတယ် ။

ဇွန်လ ၈ ရက်နောက်ပိုင်းကနေ နေ့စဉ် တိုက်ပွဲတွေ ပြင်းထန်ခဲ့ပြီး စစ်တပ်ဘက်က သေဆုံးထိခိုက်မှုတွေများ​ပေမယ့် အင်အားအများအပြားအသုံးပြုထားတာမို့ ​ရှေ့ကို ဆက်ပြီးစစ်​ကြောင်းထိုးခဲ့ပါတယ် ။ တော်လှန်ရေးတပ်​တွေမှာလည်းထိခိုက်ကျဆုံးမှုအချို့ရှိခဲ့တယ်လို့ သတင်းရရှိပါတယ်။

စစ်တပ်စစ်ကြောင်းတွေမှာ စစ်မှုထမ်းသင်တန်းဆင်းအများအပြားပါဝင်ပြီးရှမ်းနီတပ်(SNA)နဲ့ အိန္ဒိယအစိုးရကိုတော်လှန်နေတယ်ဆိုတဲ့ ကသည်းတပ်‌ နဲ့ နာဂလက်နက်ကိုင်တပ်တွေလည်းပါဝင်တယ်လို့ တော်လှန်ရေးတပ်တွေဆီကနေသိရပါတယ်။

အဲဒီစစ်ကြောင်းတွေဟာ ဒေသခံပြည်သူတွေကိုလည်းဖမ်းဆီးထားပြီး ၅ဦးထက်မနည်းကို သတ်ဖြတ်ခဲ့တယ်လို့ စစ်ရှောင်တွေကိုကူညီပေးနေသူတွေကပြောပါတယ်။

လက်ရှိမှာ ကလေး -ခါမ်းပတ်-တမူးကားလမ်းမဘေး ရွာတွေဖြစ်တဲ့ ရန်မျိုးအောင်၊ စော်ဘွားရေရှင်၊ ကျွန်းတော့ရေရှင်၊ နန်ကတိတ်၊နန်မွန်းတားနဲ့ ခွန်မွန်းနွမ်ရွာအပြင်ကျေးရွာ ၁၀ရွာထက်မနည်းက ဒေသခံတွေ ထွက်ပြေးတိမ်းရှောင်နေကြရတယ်လို့ သိရပါတယ်။

ကလေး-ခါမ်းပတ်- တမူးလမ်းပိုင်းဟာ အိန္ဒိယ–မြန်မာ–ထိုင်း သုံးနိုင်ငံချိတ်ဆက်မယ့် အဝေးပြေးလမ်းမကြီးမှာပါဝင်ပါတယ်။ အဲ့ဒီလမ်းကြောင်းကိုမိုးမကျမီဖွင့်လှစ်ဖို့ ကြိုးစားမယ်လို့ ပြီးခဲ့တဲ့ ဇွန်လဆန်းက အိန္ဒိယခရီးစဥ်မှာ အာဏာသိမ်းခေါင်းဆောင်မင်းအောင်လှိုင်က အိန္ဒိယအစိုးရကို ပြောခဲ့ပါတယ်။ အဲ့ဒီနောက်ပိုင်း ခါမ်းပတ်မြို့ကို လေကြောင်းကနေဗုံးကြဲပြီး အင်အားအများအပြားပါတဲ့စစ်ကြောင်းတွေနဲ့ ဆုံးရှုံးထားတဲ့မြို့ကို ပြန်ထိန်းချုပ်နိုင်ဖို့ တန်ပြန်ထိုးစစ်ဆင်လာတာဖြစ်ပါတယ်။

ခါမ်းပတ်မြို့ကိို တော်လှန်​ရေးတပ်​တွေက ၂၀၂၃ နိုဝင်ဘာ၇ရက်မှာ တိုက်ခိုက်သိမ်းပိုက်ခဲ့ပြီး စစ်ကိုင်းတိုင်းမှာ PDF ​တွေပထအဆုံးသိမ်းပိုက်ခဲ့တဲ့ မြို့ဖြစ်ပါတယ်။ခါမ်းပတ်မြို့ကိို ပြန်ရဖို့ စစ်တပ်က ၂၀၂၄နဲ့ ၂၀၂၅ ခုနှစ်အတွင်း အကြိမ်ကြိမ် စစ်ကြောင်း ထိုးခဲ့ဖူး​ပေမယ့် ​တော်လှန်​ရေးတပ်​တွေရဲ့ဖြတ်​တောက်တိုက်ခိုက်မှု​ကြောင့် စစ်​ကြောင်း​တွေပြန်ဆုတ်သွားခဲ့ကြပါတယ် ။

တမူးခရိုင်အတွင်းမှာ မြို့သစ်မြို့၊ ခါမ်းပါတ်မြို့နဲ့ တမူးမြို့တို့ ပါဝင်ပါတယ်။ မြို့သစ်မြို့ကိုလည်း ​တော်လှန်ရေးတပ်ဖွဲ့တွေက ၂၀၂၄ မေလမှာသိမ်းယူခဲ့ပါတယ်။

“အထိအခိုက်နည်းအောင်တော့ စစ်ရေးဖော်ဆောင်ရတာပဲ။ မြို့အခြေအနေတော့ ပြောရခက်ပါတယ်။ စစ်တပ်က မြို့ပေါ်ကို ပြန်ထိန်းချုပ်နိုင်လည်း သတင်းအဖြစ်ပဲ ရှိမှာပါ။ တိုက်ပွဲတွေက ဆက်ရှိမှာပါ”လို့ PDFရဲဘော်တစ်ဦး‌ကပြောပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ဧရာဝတီတိုင်း၊ရေကြည် နဲ့ သာပေါင်းမြို့နယ်အစပ်မှာတိုက်ပွဲတွေဆက်ပြင်းထန်နေပြီးစစ်တပ်က အရပ်သားတွေရှိနေတဲ့ ရွာကိုဗုံးကြဲ‌ နေတယ်လို့ ​ဒေသခံ​တွေက​ပြောပါတယ်။

သတင်း

ရက္ခိုင်ပြည်နယ်၊ အမ်းမြို့နယ်က တလိုင်းတောင်ကျေးရွာကို စစ်တပ်က လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့လို့ အရပ်သား ၂ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရရှိခဲ့ကြောင်း အာရက္ခတပ်တော် (AA)က သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ရွှေကူမြို့နယ်မှာ ဩဂုတ်၈ရက်က တိုက်ပွဲဆက်ဖြစ်ပွားခဲ့ပြီး စစ်တပ်အထိနာကာ တပ်ပြန်ဆုတ်သွားတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မကွေးတိုင်း၊ ဆော - လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။