Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့ပေါ်ကပြည်သူတွေစစ်ဘေးမရှောင်ဖို့ စစ်တပ်က တားမြစ်ပိတ်ပင်ဟု KIAပြော

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

(တိုက်ပွဲကြောင့် ဘေးလွတ်ရာထွက်ပြေးတိမ်းရှောင်နေရတဲ့ ရွှေကူမြို့နယ်အတွင်းက စစ်ဘေးရှောင်များ ။ ဓာတ်ပုံ - ShweGu PDF)

ဇွန်-၂၁၊၂၀၂၆။ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့က မြို့ခံပြည်သူတွေကို စစ်တပ်က စစ်ဘေးတိမ်းရှောင်ခွင့်မပြုကြောင်း ကြားသိရတယ်လို့ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

တိုက်ပွဲပြင်းထန်နေတဲ့ ရွှေကူဒေသ စစ်ရေးအခြေအနေကို မေးမြန်းရာ အဲဒီဒေသမှာ တိုက်ပွဲတွေ ဆက်တိုက်ရှိနေတယ်လို့ အသိပေးပါတယ်။

“စစ်ကော်မရှင်ကလည်းအင်အားနဲ့ထိုးလာတယ်။စစ်ကြောင်း သုံးကြောင်းလေးကြောင်း ခွဲပြီးမှ ထိုးလာတယ်။ အဲဒါကို KIAနဲ့ ပူးပေါင်းတပ်တွေက ခုခံတဲ့ တိုက်ပွဲတွေက နေ့တိုင်းလိုရှိပါတယ်။ရွှေကူမြို့တွင်းမှာတော့ အဲဒီလောက်ထိတော့ ပြင်းထန်တဲ့ တိုက်ပွဲတွေမရှိဘူး။ မြို့တွင်းမှာ ရှိတဲ့ ပြည်သူလူထုကိုတော့ စစ်ကော်မရှင်ဘက်က ထွက်ပြေးဖို့ တိမ်းရှောင်ဖို့ကတော့ ခွင့်မပြုဘူး။ မထွက်ပြေးဖို့ပဲ သူတို့က ပြောကြတာပေါ့” လို့ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ရွှေကူမြို့နယ်ကို စစ်အင်အားအလုံးအရင်းဖြည့်တင်းလာလို့ မေလဆန်းကတည်းက ရှမ်းမြောက် မဘိမ်းမြို့နယ် ငါးအိုးရွာနဲ့ ရွှေကူအကြားမှာတိုက်ပွဲတွေ တောက်လျှောက်ပြင်းထန်ခဲ့ရာ လက်ရှိမှာ ရွှေကူမြို့ပေါ်အထိပါ တိုက်ပွဲဖြစ်ပွားမှုတွေရှိနေတယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

အဲဒီဒေသဟာ KIA တပ်မဟာ(၁၁) တပ်ရင်း(၁၂)ရဲ့ နယ်မြေဖြစ်ပါတယ်။ လတ်တလော စစ်ရေး အခြေအနေတွေကြောင့် ဒေသတွင်း လမ်းပိုင်းအချို့ကို KIA တပ်ရင်း(၁၂) သွားလာခွင့်ပိတ်ပင်ထားသလို မြို့ပေါ်နေ ပြည်သူတွေ စစ်ရှောင်ကြဖို့ ဇွန်လ ၈ရက်မှာ သတိပေးချက် ထုတ်ပြန် ထားပါတယ်။

ဒါ့အပြင် ရွှေကူမြို့အဝင် လမ်းမကြီး နဲ့ ငါးအိုး-ရွှေကူလမ်းမကြီး အားလုံးပိတ်ထားချိန် ပြည်သူတွေအနေနဲ့ တော်လှန်-လမ်းကူး-စီသာ-မိုးကင့်-စီဖွားလမ်းပိုင်းကိုသာ အသုံးပြုကြရမယ်လို့ ထုတ်ပြန်ထားပါတယ်။

တဖက်မှာ စစ်တပ်ဟာ တော်လှန်ရေးတပ်တွေ အသွင်ယူ ပုံမှားရိုက်နေလို့ ပြည်သူတွေ သတိနဲ့သွားလာနေထိုင်ဖို့ ကချင်ဒေသပြည်သူ့ကာကွယ်ရေးတပ် – ရွှေကူ KPDF က ဇွန်လ၁၇ရက်မှာ ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook