Connect with us

Hi, what are you looking for?

သတင်း

ရွှေကူမြို့မှာ စစ်တပ် လက်နက်ကြီးကြောင့် အရပ်သား ၁ဦး ထပ်မံသေဆုံး

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(စစ်တပ် မီးရှို့ဖျက်ဆီးထားတဲ့ ရွှေကူမြို့နယ်က ကျေးရွာတစ်ရွာကို လာရောက်စစ်ဆေးနေတဲ့ ရွှေကူPDFက ရဲဘော်တွေကို တွေ့ရစဉ်။ People Defense Force - ShweGu)

ဇွန်-၂၂၊၂၀၂၆။စိုင်းနောင်/ People’s Spring

ကချင်ပြည်နယ်၊ ရွှေကူမြို့၊ ပင်စင်ကုန်းရပ်ကွက်အတွင်း စစ်တပ်ပစ်ခတ်တဲ့ လက်နက်ကြီးကျရောက်ပေါက်ကွဲပြီး အရပ်သား ၁ဦး ထပ်မံသေဆုံးသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

စစ်တပ်က မြို့ထဲကနေရာအချို့မှာ လက်နက်ကြီးတွေတပ်ဆင်ထားပြီး မြို့ပြင်ဘက်ကိုအဆက်မပြတ်ပစ်ခတ်နေတာကနေ ဒီကနေ့ ဇွန်လ၂၂ရက်နေ့လယ်ပိုင်းမှာ ပင်စင်ကုန်းရပ်ကွက်အတွင်း ကျရောက်ပေါက်ကွဲတာလို့ ဆိုပါတယ်။

” ခြံထဲကို ကျတာဟုတ်တယ်။ အဲဒီခြံထဲကတစ်ဦးသေဆုံးသွားတယ်။ မြို့ထဲကနေလက်နက်ကြီးတွေပစ်နေပြီး လေယာဉ်လည်းဗုံးကြဲနေတယ်”လို့ ရွှေကူမြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသူနဲ့ပတ်သက်တဲ့ အသေးစိတ်အချက်အလက်ကို မသိရသေးပါဘူး။ ယခုဖြစ်စဉ်ဟာ ရွှေကူမြို့နယ်မှာ ဇွန်လ၁၁ရက်ကစပြီး ဖြစ်ပွားတဲ့တိုက်ပွဲအတွင်း လက်နက်ကြီးထိမှန်လို့ ၅ ဦးမြောက်အရပ်သားသေဆုံးမှုဖြစ်ပါတယ်။

ဇွန်လ ၁၇ရက် ညနေက ခုံခမ်းရပ်ကွက်နဲ့ ၁၉လမ်းပေါ်ကို လက်နက်ကြီး ၂လုံးကျရောက်ပေါက်ကွဲခဲ့လို့အရပ်သား ၄ဦး သေဆုံးခဲ့ပါတယ်။

မြို့ထဲမှာ တပ်စွဲထားတဲ့စစ်တပ်စစ်ကြောင်းတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)၊KPDFက ဝိုင်းပိတ်တိုက်ခိုက်ဖို့ကြိုးပမ်းနေပြီး မြို့အနီးမှာလည်း တိုက်ပွဲတွေဖြစ်နေတယ်လို့ သတင်းရရှိပါတယ် ။

စစ်တပ်က မြို့ထဲကနေ လက်နက်ကြီးတွေနဲ့ နေရောညပါပစ်ခတ်နေတယ်လို့ မြို့ခံတွေက ပြောပါတယ်။

စစ်တပ်လက်နက်ကြီးပစ်ခတ်မှုကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေဖြစ်နေသလို ဖမ်းဆီးသတ်ဖြတ်ခံရမှုကြောင့် သေဆုံးသူတွေလည်း ရှိနေတယ်လို့ဒေသခံတွေက ပြောပါတယ်။

ရွှေကူမှာ မြို့ခံတွေ ဘေးလွတ်ရာကိုကြိုတင် တိမ်းရှောင်ကြဖို့ KIA ကဇွန်လ ၈ရက်မှာ သတိပေးချက်ထုတ်ပြန်ခဲ့ပါတယ်။ အဲဒီနောက်ပိုင်းမှာ စစ်တပ်က မြို့ကိုပိတ်ဆို့ပြီး အရပ်သားတွေကိုထွက်ခွင့်မပေးခဲ့ဘူးလို့ မြို့ခံတွေက ပြောပါတယ်။

ရွှေကူမြို့ ၄လမ်းဆုံ၊ တော်လှန်ရွာ၊ ပန်းတင်ရွာနဲ့ငါးဘတ်ကြီးရွာတွေဘက်မှာ ဇွန်လ၁၁ရက် မနက်ပိုင်းကစပြီး တိုက်ပွဲဖြစ်ပွားခဲ့ပြီး အဲဒီရက်ပိုင်းမှာ အရပ်သား ၈ ဦးထက်မနည်းကို စစ်တပ်က ဖမ်းဆီးသတ်ဖြတ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

လက်ရှိစစ်ရေးအခြေအနေကတော့ စစ်တပ်က ရွှေကူမြို့ကနေ ထွက်ပြီး စစ်ကြောင်းထိုးဖို့ကြိုးပမ်းနေပေမယ့် ရှေ့မတိုးနိူင်ဘဲ ပြန်ဆုတ်သွားသလို တိုက်ပွဲအတွင်း သေဆုံးသူတွေနဲ့ ထွက်ပြေးနေသူတွေရှိတယ်လို့သတင်းရကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပြန်ကြားရေးတာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက People’s Spring ကို ဇွန်လ၂၀ရက်မှာ ‌ပြောထားပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook