Connect with us

Hi, what are you looking for?

သတင်း

Proof Of Life ကမ်ပိန်း ၂လကြာတဲ့အထိ စစ်တပ်က တုံ့ပြန်မှုမရှိ

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်‌နေသေးကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ၂လကြာတဲ့အထိ စစ်တပ်က တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသေးဘူးလို့ ဒီကမ်ပိန်းကိုစတင်ခဲ့တဲ့ All In One Piece Movement က အသိပေးထားပါတယ်။

ဇွန်-၂၄၊၂၀၂၆။သတိုး/People’s Spring

လူထုခေါင်းဆောင် ဒေါ်အောင်ဆန်းစုကြည် အသက်ရှင်‌နေသေးကြောင်း သက်သေပြဖို့တောင်းဆိုတဲ့ Proof Of Life ကမ်ပိန်း ၂လကြာတဲ့အထိ စစ်တပ်က တုံ့ပြန်မှု တစ်စုံတစ်ရာမရှိသေးဘူးလို့ ဒီကမ်ပိန်းကိုစတင်ခဲ့တဲ့ All In One Piece Movement က အသိပေးထားပါတယ်။

” နိုင်ငံတကာက တောင်းဆိုနေတာကိုလည်း စစ်အုပ်စုက သိတယ်။သားဖြစ်သူက တောင်းဆိုနေတာကိုလည်း စစ်အုပ်စုက သိတယ်။ပြည်သူတွေက တောင်းဆိုနေတာကိုလည်း စစ်အုပ်စုက သိတယ်။မင်းတို့ စစ်အုပ်စုက အမေဒေါ်အောင်ဆန်းစုကြည်ကို အစဖျောက်ဖို့ ကြိုးစားနေတာကိုလည်း ငါတို့အားလုံး သိတယ်။အခုအချိန်အထိ အမေစု သက်ရှိထင်ရှား ရှိနေသေးကြောင်း ခိုင်မာတဲ့ သက်သေကို ပြည်သူတွေရှေ့ မပြနိုင်သေးတာ ဘာကြောင့်လဲ။အမေစု သက်ရှိထင်ရှား ရှိနေသေးကြောင်း ခိုင်မာတဲ့ သက်သေကို ပြသပါ။”လို့ ဇွန်လ ၂၃ ရက်က ထပ်မံတောင်းဆိုထားပါတယ်။

စစ်တပ်အနေနဲ့ ဒေါ်အောင်ဆန်းစုကြည်ကို အစ‌ဖျောက်ဖို့ ကြိုးစားမယ်ဆိုရင် ပြည်သူတွေရဲ့ဒေါသ၊ နိုင်ငံတကာ အသိုက်အဝန်းရဲ့ ဖိအားနဲ့ ဖြစ်ပေါ်လာမယ့် အကျိုးဆက်တွေကို ရင်ဆိုင်ရမယ်ဆိုတာ သိထားဖို့ လိုတယ်လို့ သတိပေးထားပါတယ်။

Public Service Announcement

Public Service Announcement

ဒါကြောင့် ပြည်သူတွေတောင်းဆိုနေတဲ့ ဒေါ်အောင်ဆန်းစုကြည်ရဲ့ လက်ရှိအခြေအနေကို ပွင့်လင်းမြင်သာစွာ အတည်ပြုပေးဖို့ ‌All In One Piece Movement က တောင်းဆိုထားပါတယ်။

Proof Of Life ကမ်ပိန်းကို ဧပြီ ၂၁ ရက်ကစတင်ခဲ့တာဖြစ်ပြီး ၂လတာ ကာလအတွင်းမှာ ပြည်တွင်း ၊ပြည်ပက ပြည်သူတွေကလည်း Proof Of Life ကမ်ပိန်းအတွက် လှုပ်ရှားမှုတွေဆက်တိုက်ပြုလုပ်ပြီး တောင်းဆိုနေကြတာပါ။

စစ်‌တပ်ကတော့ ဒေါ်အောင်ဆန်းစုကြည်နဲ့ ပတ်သက်ပြီး တိကျတဲ့အချက်အလက် တစ်စုံတစ်ရာ တုံ့ပြန်တာမျိုးမရှိသေးပါဘူး။

မေလ ၁ ရက်က ဒေါ်အောင်ဆန်းစုကြည်ကို နေပြည်တော်အကျဉ်းထောင်ကနေ သတ်မှတ်ထားတဲ့နေအိမ်ကို ရွှေ့ပြောင်းတယ်လို့ ဓာတ်ပုံတစ်ပုံနဲ့ ထုတ်ပြန်ခဲ့ပေမယ့် အဲဒီ့ဓာတ်ပုံ က ဘယ်အချိန်ရိုက်ကူးထားတယ်ဆိုတာဘယ်သူမှ အတည်ပြုမပေးနိုင်ပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊တောင်သာမြို့နယ် ရေခါးရွာကို တပ်စွဲထားတဲ့ စစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ မလှိုင်မြို့နယ် သဘွတ်ကုန်းကျေးရွာ‌‌က ပြည်သူနေအိမ်ပေါ်ကျပြီး လင်မယား ၂ဦး သေဆုံးကာ သမီးဖြစ်သူဒဏ်ရာ အပြင်းအထန်ရခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း တိုက်ပွဲအချို့မှာ ကချင်လွတ်လပ်ရေးတပ်မတော်(KIA)ပူးပေါင်းတပ်က စစ်ကောင်စီတပ်ဖွဲ့ဝင်တွေ အထိနာစေခဲ့တဲ့ ဒရုန်းတိုက်ခိုက်မှုတွေ လုပ်ဆောင်ခဲ့တဲ့ မှတ်တမ်း ရုပ်သံကို ကချင်ဒေသ စစ်ရေးသတင်းတွေ စဉ်ဆက်မပြတ် ဖော်ပြနေတဲ့ သတင်းရင်းမြစ်အချို့က ဒီကနေ့ ဇွန် ၂၅ရက်မှာ လူမှုကွန်ရက်ကနေတဆင့် အသိပေးလာတာ တွေ့ရပါတယ်။

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။