Connect with us

Hi, what are you looking for?

သတင်း

PDF စစ်ကိုင်းတိုင်းစစ်ဌာန ရဲ့နှစ်လနီးပါးစစ်ဆင်​ရေးအတွင်း စစ်တပ် ၃၃ဦး သေ၊ သုံ့ပန်း၂ဦး နဲ့ လက်နက် ၁၆ လက်သိမ်းရ

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့ ညမှာထုတ်ပြန်ပါတယ်။

ဇွန်-၂၄၊ ၂၀၂၆။ ထားမြတ်၊ဇော်ရမ်း/People’s Spring

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ ပြည်သူ့ကာကွယ်ရေးတပ်မတော် (PDF) စစ်ကိုင်းတိုင်းစစ်ဌာနအတွင်း မေလနဲ့ ဇွန်လ တတိယပတ်အထိ စစ်ဆင်​ရေး​တွေမှာစစ်သား (၃၃) ဦးသေဆုံးပြီး (၁၇) ဦးဒဏ်ရာရရှိကာ ၊စစ်သုံ့ပန်း (၂)ဦး ၊ လက်နက်မျိုးစုံ (၁၆) လက်နဲ့ ခဲယမ်း​တွေ သိမ်းဆည်းရရှိခဲ့တယ်လို့ PDF စစ်ရုံးချုပ်က ဒီကနေ့ ညမှာထုတ်ပြန်ပါတယ်။

မေလ ၅ရက်က မုံရွာ-ယာကြီး-ကလေးဝလမ်းပေါ် သင့်ငံရွာမှာ ရောက်နေတဲ့ တပ်မ -၉၉ လက်အောက်ခံ (ခမရ-၁၄)တပ်ရင်းက အင်အား ၂၀၀ ပါစစ်ကြောင်းကို တိုက်ခိုက်မှု၊ မေလ ၁၉ရက်မှာ မြင်းမူမြို့နယ် ၊ အလ္လကပ္ပရွာ အရှေ့ထိပ် စစ်တပ်ဂိတ်က ထွက်လာတဲ့ စစ်သားတွေကို တိုက်ခိုက်မှုကို ဖော်ပြထားပါတယ်။

သင့်ငံရွာ တိုက်ပွဲမှာ စစ်သား ၆ဦးသေဆုံးကာ ဒဏ်ရာရသူများနိုင်ကြောင်း အသိပေးထားပြီး မြင်းမူနယ် တိုက်ပွဲမှာ စစ်တပ်ဘက်က ၃ ဦးသေဆုံးကာ ၃ဦး ဒဏ်ရာရခဲ့တယ်လို့ ​​ဇွန် ၂၄ ရက်ထုတ်ပြန်ချက်မှာဖော်ပြပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင်ဇွန်လ ၂ ရက်ကချောင်းဦးနယ် မုံရွာ-မန္တလေး အမြန်လမ်း‌ပေါ်၊ ငါးယှန်ကျေးရွာရှိ စစ်တပ်စခန်းအား အခြေပြု၍ ထွက်လာသော တပ်မ (၃၃)လက်အောက်ခံ (ခလရ – ၇၆)ခမရ – ၁၃၊ ရတဖ – ၁၆၊ ပြည်သူ့စစ်)ပူးပေါင်းအင်အား ၁၀၀ ပါစစ်ကြောင်းဟာ ချောင်းဦး – ပခုက္ကူ လမ်းပိုင်းပေါ်ရှိ မှန်ချိုကျေးရွာမှ တဆင့် ဆင်မြေကျေးရွာဘက်သို့ ထွက်ခွာလာချိန် ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၂၃ ဦး သေဆုံးကာ ၉ဦး ဒဏ်ရာရပြီး သုံ့ပန်း ၂ဦး၊ လက်နက်မျိုးစုံ ၁၆လက် သိမ်းရခဲ့ကြောင်း PDF စစ်ရုံးချုပ်ကဇွန် ၂၄ရက်ညပိုင်းမှာ ထုတ်ပြန်ပါတယ်။

အဲဒီစစ်ဆင်ရေးကိုမုံရွာခရိုင်ပေါင်းစည်းတပ်ရင်းများနဲ့ မုံရွာခရိုင် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ (ပ.က.ဖ)၊ချောင်းဦးမြို့နယ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ စစ်ကိုင်းခရိုင်ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့(ပ.က.ဖ)၊ ချောင်းဦးမြို့နယ် ပြည်သူ့လုံခြုံရေးတပ်ဖွဲ့ (ပ.လ.ဖ) တို့ပူးပေါင်း ဖော်ဆောင်ခဲ့တာဖြစ်ပြီး မုံရွာခရိုင်စစ်ဌာနက ကွပ်ကဲမှု ပြုလုပ်ခဲ့တယ်လို့ အသိပေးပါတယ်။

ဇွန်လ ၅ရက်မှာလည်း စစ်ကိုင်းမြို့နယ် ကျောက်ဆည်ရွာနဲ့ အုန်းတောရွာကြားမှာ နမခမှ ထွက်လာသော သံပြားကာကား(၈)စီး၊ ဆီဘောက်ဆာကား (၁၄)စီး အား စစ်ကိုင်းခရိုင်စစ်ဌာနကွပ်ကဲမှုဖြင့်မိုင်း (၆) လုံးအသုံးပြု တိုက်ခိုက်ခဲ့ရာ ကား (၁)စီးပျက်စီးသွားပြီး ထိခိုက်ဒဏ်ရာရသူ အများအပြားရှိခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

ဇွန်လ ၅ရက်က မြင်းမူမြို့နယ်၊ ထီးဆောင်းရွာ အရှေ့ဘက် စစ်ကိုင်း တမခ -၃၃ မှ ထွက်ခွာလာသော သံပြားကာ ကား (၈)စီး၊ ၁၂-ဘီးကား (၂)စီး နှင့် ၆-ဘီးကား (၅)စီးအား စစ်ကိုင်းခရိုင်စစ်ဌာနကွပ်ကဲမှုဖြင့် ကြားဖြတ်မိုင်းဆွဲ တိုက်ခိုက်နိုင်ခဲ့ကြောင်းလည်း အသိပေးပါတယ်။

ဒါ့အပြင် ဇွန်လ ၁၅ရက်မှာတော့ မြင်းမူမြို့နယ်၊ ဂွေးပင်တောရွာ မှာ အထိုင်ချထားတဲ့ စစ်တပ်ဟာ ကင်းပုန်းဝပ်ဖို့ ထွက်လာလို့ မိုင်းနဲ့ တိုက်ခိုက်ခဲ့ကြောင်း ဖော်ပြပါတယ်။ထိခိုက်သေဆုံး အခြေအနေတွေတော့ ဖော်ပြမထားပါဘူး။ အဲဒီနေ့မှာပဲ စစ်ကိုင်းမြို့နယ်၊ နှုံးတွင်းရွာနဲ့ နတ်ခရိုင်ရွာကြား နမခမှထွက်လာသော ရန်သူ့ယာဥ်တန်းအား လက်လုပ်မိုင်း (၂)လုံးဖြင့် မိုင်းဆွဲတိုက်ခိုက်ခဲ့ရာ ကား(၂)စီးထိခိုက်ပျက်စီးသွားတယ်လို့ ဖော်ပြထားပါတယ်။ ဒါ့အပြင် စစ်ကိုင်းမြို့နယ်၊ စစ်ကိုင်း တမခ -၃၃ မှ ထွက်လာတဲ့ ရန်ကားသူ့ယာဥ်တန်းအား မြင်းမူမြို့နယ်၊ ထီးဆောင်းရွာ အရှေ့ဘက်မှာ ပဒေသာမိုင်း ၃လုံးနဲ့ တိုက်ခိုက်ခဲ့တယ်လို့ ထုတ်ပြန်ပါတယ်။

“နမခကို ကာဖို့ တက်လာတဲ့စစ်ကြောင်းတွေကို ကျနော်တို့တွေတောက်လျှောက်ခံတိုက်နေတာပါ။စစ်တပ်ဘက်က ပစ(စစ်မှုထမ်းသင်တန်းဆင်း)တွေ နဲ့ လာတာလေ။ အသေများတာအမှန်ပဲ”လို့ ယင်းမာပင်ခရိုင်က ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

မုံရွာခရိုင် ဘုတလင်နယ်၊ အနောက်ဇီးတောရွာကနေ ဘုတလင်မြို့ ထွေအုပ်ရုံးသို့ ထွက်လာတဲ့ စစ်တပ်အင်အား ၂၅၀ ခန့်ပါ စစ်ကြောင်းကိုလည်း ဇွန်လ ၁၈ရက်က တိုက်ခိုက်ခဲ့ရာ စစ်သား ၅ဦး ဒဏ်ရာပြင်းထန်ခဲ့တယ်လို့ ဖော်ပြပါတယ်။

“စစ်မျက်နှာကများတယ်။ များလည်း ရအောင် ချနေကြတာပဲ။ မြို့ပေါ်ကလွဲရင် စစ်​ေးအတွက်နေရာမရှိဘူး။ရွာဘက်‌ကျော်လာတာနဲ့ ချနေကြတာ။ မြို့တွေကို စစ်တပ် ထိန်းနိုင်တယ်ဆိုတာ နားမလည်သူတွေပဲ ယုံလိမ့်မယ်”လို့ ပုလဲမြို့နယ်က ကာကွယ်ရေးရဲဘော်တစ်ဦးက ပြောပါတယ်။

စစ်ကိုင်းတိုင်းအတွင်း လက်ရှိမှာ စစ်တပ်စစ်ကြောင်းတွေဝင်လာတဲ့ ခါမ်းပတ်မြို့နယ်မှာလည်း တိုက်ပွဲတွေပြင်းထန်နေပါတယ်။ မြို့ပေါ်ကို စစ်တပ်ကပြန်ပြီးထိန်းချုပ်ထားတယ်ဆိုပေမယ့် ဖြစ်ပွားနေတဲ့တိုက်ပွဲတွေအတွင်း စစ်တပ်ကထိခိုက်သေဆုံးမှုတွေများပြားနေတယ်လို့ မြို့ခံအချို့က ပြောပါတယ်။PDF စစ်ရုံးချုပ်သတင်းထုတ်ပြန်တာမှာစစ်ကိုင်းတိုင်းအတွင်းစစ်ဆင်​ရေးအားလုံးမပါဝင်ပဲ အချို့ကိုသာထုတ်ပြန်ထားတာ​တွေ့ရပါတယ် ။

အမျိုးသားညီညွတ်ရေးအစိုးရ၊ ကာကွယ်ရေးဝန်ကြီးဌာန၊ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) အနေနဲ့ စစ်တပ်ကို စစ်မျက်နှာအသီးသီးမှာ တိုက်ခိုက်လျက်ရှိရာ တိုင်းစစ်ဌာနအလိုက် စစ်ရေး သတင်းတွေ အသိပေးလျက်ရှိသလို တိုက်ပွဲဝင် ရဲဘော်တွေကို ပြည်သူတွေက တက်စွမ်းသရွေ့ ကူညီပေးဖို့လည်း မေတ္တာရပ်ခံထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းပြည်နယ်၊ မင်းတပ်မြို့ ပြန်ထိန်းချုပ်ဖို့ အာဏာသိမ်းစစ်တပ်က ထိုးစစ်ဆင်နေလို့ မြို့နယ်တကြောလုံးမှာ တိုက်ပွဲတွေဖြစ်ပွားနေကြောင်း ဒေသခံ ချင်းသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

မွန်ပြည်နယ်၊ ဘီးလင်းမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က လက်နက်ကြီးနဲ့ ပစ်ခတ်လို့ ကလေးငယ်အပါအဝင်အရပ်သား ပြည်သူ ၂ဦး သေဆုံးကာ ကလေး ၁ဦးအပါအဝင် ၂ဦး ဒဏ်ရာရရှိခဲ့ကြောင်း ကရင်အမျိုးသား အစည်းအရုံး(KNU) သထုံခရိုင် သတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

တိုက်ပွဲတွေပြင်းထန်နေတဲ့ ဧရာဝတီတိုင်း နဲ့ရခိုင်ပြည်နယ်အစပ်နယ်မြေတွေကို စစ်တပ်က ရိက္ခာဖြတ်တောက်နေပြီး ကုန်သည်တွေကိုလည်း စားသောက်ကုန်တွေ လှောင်မထားဖို့ ဖိအားပေးနေပါတယ်။