Connect with us

Hi, what are you looking for?

သတင်း

ကန်ပက်လက်မှာ စစ်ရှောင်တွေကို စစ်တပ်ဒရုန်းနဲ့တိုက်ခိုက်လို့ ကလေးငယ်အပါအဝင် ၂ ဦးသေ၊ ၃ ဦးဒဏ်ရာရ

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

(မီးလောင် ဆုံးရှုံးခဲ့ရတဲ့ ကန်ပက်လက်မြို့နယ်က နေအိမ်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမံဌာန)

ဇွန် ၂၅၊ ၂၀၂၆။ ထားမြတ်/People’s Spring

ချင်းပြည်နယ်၊ ကန်ပက်လက်မြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဒရုန်းနဲ့ ဗုံးကြဲတိုက်ခိုက်လို့ ကလေးငယ် ၁ဦးနဲ့ အမျိုးသမီး ၁ဦး သေဆုံးခဲ့ကြောင်း ကန်ပက်လက်မြို့နယ် လူသားစားနာဘေးစီမံဌာနက ဒီကနေ့ ဇွန်လ ၂၅ရက်မှာ သတင်းထုတ်ပြန်ပါတယ်။

စစ်တပ်က ကန်ပက်လက်မြို့ ပြန်ထိန်းချုပ်ဖို့ ထိုးစစ်ဆင်နေလို့ ချင်းတော်လှန်ရေး ပူးပေါင်းတပ်နဲ့ စစ်ကောင်စီ အကြား တိုက်ပွဲပြင်းထန်နေတဲ့ ကန်ပက်လက်မြို့မှာ စစ်တပ်က အရပ်သား ပြည်သူတွေကိုပါ ပစ်မှတ်ထား တိုက်ခိုက်နေတာဖြစ်ပါတယ်။

ဇွန်လ ၂၁ရက် ညနေပိုင်းက ကန်ပက်လက်မြို့နယ်၊အမှတ်(၅)ဒေသမှာ စစ်ရှောင်ရင်းသွားလာနေတဲ့ စစ်ဘေးရှောင်ပြည်သူတွေကို စစ်တပ်က ဒရုန်းဗုံးချတိုက်ခိုက်ခဲ့လို့ အသက် ၂၆ နှစ်အရွယ် အမျိုးသမီး ၁ဦး၊ ၁နှစ်ခွဲအရွယ် ကလေးငယ်တို့ သေဆုံးကာ အသက် ၆၀ ခန့်ရှိ အမျိုးသမီး ၁ဦး အပါအဝင် ၃ဦး ဒဏ်ရာရခဲ့တာလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“တောတောင်များထဲတွင် စစ်ဘေးရှောင်နေကြသောမိဘပြည်သူများအနေဖြင့် သတိဖြင့်နေထိုင်သွားလာနိုင်ကြပါရန် အသိပေးအပ်ပါသည်” လို့လည်း ကန်ပက်လက်မြို့နယ် လူသားစာနာဘေးစီမဌာနက ထုတ်ပြန်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ပြီးခဲ့တဲ့ ၅ရက်လောက်ကလည်း ကန်ပက်လက်မြို့နယ် ကျင်ဒွေးမြို့ကို လေကြောင်းဗုံးကြဲခဲ့လို့ အရပ်သား ၅ဦးထက်မနည်းသေဆုံးကာ ဒဏ်ရာပြင်းထန်သူ ၁၀ဦးထက်မနည်း ရှိခဲ့ပါတယ်။

စစ်တပ်ဟာ မင်းတပ်နဲ့ ကန်ပက်လက်မြို့နယ်တိုက်ပွဲတွေမှာ လေကြောင်း ပစ်ကူပေး တိုက်ခိုက်နေတာရှိသလို ဒေသတွင်း တိုက်ပွဲမရှိဘဲ ဗုံးကြဲတာ၊ အရပ်သားတွေကို ပစ်မှတ်ထား ဒရုန်းတိုက်ခိုက်တာတွေလည်း လုပ်ဆောင်နေတာဖြစ်ပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

ရခိုင်ပြည်နယ်မှာ ၁၄ မြို့နယ်ဆုံးရှုံးထားတဲ့စစ်တပ်က အင်အားအများအပြားသုံးပြီးတန်ပြန်ထိုးစစ်ဆင်တာ သုံးပါတ်ရှိပါပြီ။သုံးပါတ်တိုင်ကြာလာပေမယ့် အာဏာသိမ်း စစ်တပ်က စခန်းတစ်ခုမှပြန်သိမ်းနိုင်တာမရှိဘဲ စစ်တပ်ရဲ့ကာကင်စခန်းနဲ့ ​ခြေကုတ်​စခန်း​တွေကိုသာ AA ကပြန်သိမ်းသွားပါတယ်။

သတင်း

ကချင်ပြည်နယ်အတွင်း လေကြောင်းအန္တရာယ်သတိပြုဖို့ တော်လှန်ရေးအင်အားစုတွေက သတိပေးထားစဉ်မှာပဲ ဖားကန့်မြို့နယ်ကို စစ်တပ်က Y12လေယာဉ်နဲ့ ဗုံးအလုံး၂၀ကျော်ကြဲချသွားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပျူ​စောထီး ၇ဦးသေဆုံးပြီး လက်နက်တချို့သိမ်းယူ

သတင်း

မန္တလေးတိုင်း၊မြင်းခြံမြို့အခြေစိုက် စစ်တပ်ရဲ့ ခမရ(၁၅)တပ်ရင်းက ဘုန်းတော်ကြီးသင်ပညာရေးကျောင်း(ဘကကျောင်း)ကို လက်နက်ကြီးနဲ့ ပစ်ခတ်ခဲ့တာကြောင့် KG တန်း ကလေးငယ် ၁ဦး သေဆုံးပြီး ကျောင်းသား၂ဦး ထိခိုက်ဒဏ်ရာ ရခဲ့တယ်လို့ မြင်းခြံမြို့နယ် ပြည်သူ့ကာကွယ်‌ရေးအဖွဲ့ (ပကဖ)က ပြောပါတယ်။

Facebook