Connect with us

Hi, what are you looking for?

သတင်း

နယ်မြေစိုးမိုးမှုအားနည်းလာတဲ့ စစ်တပ်က ကျေးရွာတွေ ပိုပစ်မှတ်ထားတိုက်ခိုက်လာဟု နတ်မောက်ပကဖ တာဝန်ခံပြော

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်တပ်က နယ်မြေစိုးမိုးမှု အားနည်းလာတာနဲ့ ကျေးရွာတွေကို မီးရှို့တာ၊ တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်တာ ပိုလုပ်ဆောင်လာတယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။

(မကွေးတိုင်း၊ မြိုင်မြို့နယ်က ကျေးရွာတစ်ရွာကို စစ်တပ်က မီးရှို့ဖျက်ဆီးထားစဉ်။ ဓာတ်ပုံ-နွေဦးတော်လှန် ရေး- မြိုင်မြို့)

ဇွန်-၂၆၊ ၂၀၂၆။ ထားမြတ်/People’s Spring

မကွေးတိုင်း၊ နတ်မောက်မြို့နယ်အတွင်း စစ်တပ်က နယ်မြေစိုးမိုးမှု အားနည်းလာတာနဲ့ ကျေးရွာတွေကို မီးရှို့တာ၊ တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်တာ ပိုလုပ်ဆောင်လာတယ်လို့ နတ်မောက်မြို့နယ် ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) တာဝန်ခံ ကိုအဆိပ်သီးက ပြောပါတယ်။

ဇွန်လ ၂၅ရက်က နတ်မောက်မြို့နယ် သမုန်းကုန်းရွာကို စစ်တပ်က တိုက်ပွဲမရှိဘဲ လေကြောင်း တိုက်ခိုက်ခဲ့လို့ ကလေးငယ်တွေ အပါအဝင် ပြည်သူ ၅ဦးထက်မနည်း သေဆုံးကာ ဒဏ်ရာရသူတွေ ရှိခဲ့တဲ့ ဖြစ်ရပ်နဲ့ပတ်သက်ပြီး မေးမြန်းရာမှာ မြို့နယ်ပကဖ တာဝန်ခံက အခုလို ပြောကြားတာဖြစ်ပါတယ်။

သမုန်းကုန်းရွာမှာ တိုက်ပွဲမရှိဘဲ လေကြောင်းတိုက်ခိုက်ခဲ့သလို အရင်ကလည်း နတ်မောက်နယ်က ကျေးရွာတွေကို စစ်တပ်က လေကြောင်း တိုက်ခိုက်တာ၊ ရွာတွေကို မီးရှို့တဲ့ အခြေအနေနဲ့ ပတ်သက်ပြီး ကိုအဆိပ်သီးက “သူတို့ နယ်မြေ စိုးမိုးမှု အရမ်းအားနည်းသွားလို့ပါ” လို့ စစ်တပ်ရဲ့ အရပ်သားတွေကို ပစ်မှတ်ထား ကျူးလွန်လာမှုအပေါ် ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့ကြောင့် ပြည်သူတွေ စစ်ရေးသတိ အမြဲရှိဖို့ စစ်ရေး သတင်းတွေ နားစွင့်ကြဖို့လည်း သူက တိုက်တွန်းပါတယ်။

အခု စစ်တပ်လေကြောင်းတိုက်ခိုက်ခဲ့တဲ့ သမုန်းကုန်းရွာဟာ စစ်ကောင်စီတပ်တွေ စစ်ကြောင်းထိုးတိုင်း ဝင်လေ့ရှိတဲ့ ရွာဖြစ်တယ်လို့လည်း ကိုအဆိပ်သီးက ပြောပါတယ်။

“ သတိထား ရှောင်ရှားနိုင်ဖို့နဲ့ အိမ်တိုင်း ဗုံးခိုကျင်းတွေ လုပ်ထားဖို့ ပြောချင်ပါတယ်” လို့ မြို့နယ် ပကဖ တာဝန်ခံက နှိုးဆော်ပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဇွန်လပထမပတ်ကလည်း နတ်မောက်အရှေ့ခြမ်း ရုံးပင်ကွက်ရွာ ဘုန်းကြီးကျောင်းကို လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်ခဲ့ရာ သံဃာအချို့ထိခိုက်ခဲ့ပါတယ်။မေလဆန်းကလည်း စစ်တပ်ဟာ နတ်မောက်အရှေ့ခြမ်းက ကျေးရွာတွေကို မီးရှို့ဖျက်ဆီးတာတွေ လုပ်ဆောင်ခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။