Connect with us

Hi, what are you looking for?

သတင်း

သမိုင်းတရားခံတွေနဲ့ အာဏာရှင်တွေ တရားစီရင်ဖို့ သမိုင်းပေးတာဝန် ထမ်းရွက်မယ်လို့ NUG ကာကွယ်ရေး ထုတ်ပြန်

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

(ရွှေဘိုမြို့နယ်သပိတ်အင်အားစုတွေက ဒီကနေ့ ဇူလိုင် ၁၉ရက်မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ပြုလုပ်နေစဉ်။ ဓာတ်ပုံ - ရွှေဘိုမြို့နယ် သပိတ်အင်အားစု)

ဇူလိုင် ၁၉၊ ၂၀၂၆။ ထားမြတ်/People’s Spring

သမိုင်းတရားခံတွေနဲ့ ခေတ်သစ်အာဏာရှင်တွေကို ဥပဒေအကြောင်းအရ တရားစီရင်ဖို့ဟာ တော်လှန်ပြည်သူတရပ်လုံးရဲ့ သမိုင်းပေးတာဝန်ဖြစ်ပြီး အဲဒီ သမိုင်းပေးတာဝန်ကို အရိုးကြေကြေ အရည်ခမ်းခမ်း၊ ဦးလည်မသုန် ထမ်းရွက်သွားမှာဖြစ်ကြောင်း သစ္စာဓိဌာန် ပြုတယ်လို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

ဒီကနေ့ ဇူလိုင် ၁၉ရက်မှာ ကျရောက်တဲ့ (၇၉) နှစ်မြောက် အာဇာနည်နေ့ အထိမ်းအမှတ် ကြေညာချက်မှာ အခုလို ဖော်ပြခဲ့တာပါ။

“အာဇာနည်မျိုး သေရိုးမရှိ” ဟူသော စကားနဲ့ အညီ ဗိုလ်ချုပ်အောင်ဆန်းနဲ့တကွသော အာဇာနည်ခေါင်းဆောင်ကြီးများမှစ၍ ခေတ်အဆက်ဆက် အရေးတော်ပုံတွေနဲ့ နွေဦးတော်လှန်ရေး မှာ အသက်ပေးလှူခဲ့ကြတဲ့ အာဇာနည်သူရဲကောင်းတွေအပါအဝင် မကြာသေးမီက ရန်သူ့ လက်ဝယ် ဥပဒေမဲ့ ဖမ်းဆီးသတ်ဖြတ်ခြင်း ခံခဲ့ရတဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်နဲ့ ပြည်သူ့ကာကွယ်ရေးအဖွဲ့ တို့က အာဇာနည် လူငယ် (၂၀) ဦး တို့ဟာ ပြည်သူတရပ်လုံးရဲ့ ရင်ထဲရှိအာဇာနည်ဂူဗိမ္မာန်မှာ ထာဝရကိန်းအောင်း ရှင်သန်နေမယ်လို့လည်း ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ပါတယ်။

Public Service Announcement

Public Service Announcement

စစ်အုပ်စုက ရုပ်တု၊ အထိမ်းအမှတ်နဲ့ ပုံရိပ်များကို ဖျက်ဆီးပစ်ရုံမျှနဲ့ ပြည်သူ့ရင်ထဲမှ အာဇာနည်များအား ဖျောက်ဖျက်ရမှာ မဟုတ်ကြောင်းလည်း NUG ကာကွယ်ရေးက ဆိုပါတယ်။

သူရဲဘောကြောင်သူတွေနဲ့ တပ်မတော်ရဲ့ သစ္စာဓိဌာန်ကို ဖောက်ဖျက် ကျူးလွန်နေသူများဟာ သူတို့ရဲ့ ရက်စက်ယုတ်မာတဲ့ လုပ်ရပ်တွေအတွက် ဥပဒေနဲ့အညီ ထိုက်တန်တဲ့ တရားစီရင်ခြင်းကို မလွှဲမသွေ ခံရမယ်လို့လည်း NUG ကာကွယ်ရေးက ထုတ်ပြန်ထားပါတယ်။

ပြည်ထောင်စုလွှတ်တော်ကိုယ်စားပြုကော်မတီ(CRPH) ဥက္ကဋ္ဌ ဦးအောင်ကြည်ညွန့်ကလည်း စစ်အာဏာရှင်တွေရဲ့ တိုင်းရင်းသားပြည်သူတရပ်လုံးအပေါ် ဆိုးရွားတဲ့ အကြမ်းဖက်မှုတွေ လူ့အခွင့်အရေးချိုးဖောက်မှုတွေ တိုင်းပြည်အနာဂတ်ဖျက်ဆီးမှုတွေဟာ အထောက်အထားခိုင်မာစွာ မှတ်တမ်းတင်ထားပြီး ရှိနေရုံသာ မက ပြည်သူလူထုရဲ့ ရင်ထဲမှာလည်း အစဉ်ထာ၀ရ စွဲစွဲ မြဲမြဲရှိနေမယ်လို့ ဒီကနေ့ ကျင်းပတဲ့ အာဇာနည်နေ့ အခမ်းအနားမှာ ပြောကြားပါတယ်။

“ ဒီလို ကျူးလွန်ထားတဲ့ ရာဇဝတ်မှုတွေကနေ အပြစ်မရှိသဖွယ်ရှောင်လွှသွားလို မရဘူးဆိုတာလည်း စစ်အာဏာရှင်တွေကိုသတိပေးချင်ပါတယ်။” လိုဦးအောင်ကြည်ညွန့်က ပြောပါတယ်။

ဒီကနေ့ ကျရောက်တဲ့ အာဇာနည်နေ့မှာ ကာကွယ်ရေးဝန်ကြီးဌာန လက်အောက်ရှိ PDF တပ်ရင်းတပ်ဖွဲ့တွေ၊ ပြည်သူ့ကာကွယ်ရေးအဖွဲ့(ပကဖ) ရဲဘော်တွေက အာဇာနည်ခေါင်းဆောင်တွေကို အလေးပြုတဲ့ အခမ်းအနားတွေ ကျင်းပခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

ဆောင်းပါး

အလံဖြူနောက်ကွယ်က စစ်သား​တွေရဲ့ ဆုံးဖြတ်ချက်

သတင်း

စစ်တပ်ရဲ့ ဇူလိုင်တိုက်ပွဲတွေအတွင်း ထိခိုက်သေဆုံးမှု အချက်အလက်တွေကို အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာနက ထုတ်ပြန်ခဲ့ရာ အရာရှိအပါအဝင် သေဆုံးသူ ၃၁၅ဦး ရှိတယ်လို့ ဖော်ပြပါတယ်။

သတင်း

လူထုရဲ့အခုတစ်ကြိမ် ပေါက်ကွဲမှုက ခေတ်ဟောင်းရဲ့ နိဂုံး၊ခေတ်သစ်ရဲ့ နိဒါန်းဖြစ်လိမ့်မယ်လို့ ​ဖော်ပြ

သတင်း

ဗိုလ်ချုပ်အောင်ဆန်းရဲ့ ဦးဆောင်မှု ၊အနစ်နာခံမှုကို ကျေးဇူးဆပ်ဖို့ သူ့ရဲ့ လမ်းညွှန်ချက်တွေလိုက်နာဖို့လိုအပ်သလို သမီးဖြစ်သူကိုကာကွယ်ဖို့ တာဝန်ရှိဟုဆို