Connect with us

Hi, what are you looking for?

သတင်း

ဓာတ်တော်ချိုင့်ရေတံခွန်မှာမိန်းကလေးငယ်ပြုတ်ကျပြီးသေဆုံး

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့၊အနီးစခန်းရှိ ဓာတ်တော်ချိုင့် ရေတံခွန်ဆီ လာရောက်လည်ပတ်တဲ့ ဆယ်ကျော်သက်မိန်းကလေးငယ်တစ်ဦး မနေ့ (ဇူလိုင် ၂၉ ရက်)နေ့ခင်းပိုင်းက ပြုတ်ကျပြီးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

ဓာတ်တော်ချိုင့်ရေတံခွန်ကိုတွေ့မြင်ရပုံ ( ပုံဟောင်း) ဓာတ်ပုံ - ဝီကီ

ဇူလိုင် – ၃၀ ၊၂၀၂၆/People’s Spring

မန္တလေးတိုင်း ၊ ပြင်ဦးလွင်မြို့၊အနီးစခန်းရှိ ဓာတ်တော်ချိုင့် ရေတံခွန်ဆီ လာရောက်လည်ပတ်တဲ့ ဆယ်ကျော်သက်မိန်းကလေးငယ်တစ်ဦး မနေ့ (ဇူလိုင် ၂၉ ရက်)နေ့ခင်းပိုင်းက ပြုတ်ကျပြီးရေနစ်သေဆုံးမှုဖြစ်ပွားခဲ့တယ်လို့ လူမှုကူညီရေးလုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

မနေ့နေ့ခင်းပိုင်း ၃ နာရီခွဲခန့်က ဓာတ်တော်ချိုင့်ရေတံခွန်မှာသူငယ်ချင်းတွေနဲ့ အလည်လာရင်း မိန်းကလေးငယ်ဟာ ခြေချော်ပြီး ရေထဲ ပြုတ်ကျသွားတာပါ။

“ရေကစားရင်း ခြေချော်ပြီ ပြုတ်ကျသွားတဲ့သဘောပါ”လို့ လူမူကူညီရေး လုပ်ကိုင်သူ တစ်ဦးကပြောပါတယ်။

Public Service Announcement

Public Service Announcement

သေဆုံးသွားတဲ့ မိန်းကလေးငယ်ဟာ အသက် ၁၆ နှစ်အရွယ်သာရှိပါတယ်။ ရုပ်အလောင်းကိုတော့ လူမှုကူညီရေးအသင်းတွေက ရှာဖွေပြီး ပြင်ဦးလွင်ဆေးရုံဆီ ပို့ထားတယ်လို့သိရပါတယ်။

ဆက်စပ်သတင်းများ

Facebook