Connect with us

Hi, what are you looking for?

သတင်း

ထားဝယ်မြို့နယ်အကောက်ခွန်ဒုဦးစီးမှူးကို ဌာနတွင်းသတင်းပေးချက်အရ ဖမ်းဆီးခဲ့ဟု PDF ဗျူဟာ (၃၃) ထုတ်ပြန်

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး ဖြိုးစံကို ဖမ်းဆီးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃)က ထုတ်ပြန်ပါတယ်။

(ထားဝယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုဦးစီးမှူးဖြိုးစံကို ဖမ်းဆီးအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - နည်းဗျူဟာ ၃၃)

ဩဂုတ် ၁၊၂၀၂၆။ထားမြတ်/People’s Spring

တနင်္သာရီတိုင်း၊ ထားဝယ်မြို့နယ်အကောက်ခွန်ဦးစီးဌာနမှ ဒုဦးစီးမှူး ဖြိုးစံကို ဖမ်းဆီးထားကြောင်း အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီးဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) တနင်္သာရီတိုင်းစစ်ဌာန၊နည်းဗျူဟာ(၃၃)က ထုတ်ပြန်ပါတယ်။

ဒုအကောက်ခွန်မှူးကို အကောက်ခွန်ဌာနတွင်းမှ အတွင်းသတင်းပေးချက်အရ ဇူလိုင် ၂၀ရက်မှာ ဗျူဟာ(၃၃) ကွပ်ကဲမှု့အောက်ရှိ၊ အမှတ်(၈၀၀၃)တပ်ရင်းက ဖမ်းဆီးခဲ့တာလို့ ဆိုပါတယ်။

ထားဝယ်ခရိုင်၊ လောင်းလုံမြို့နယ်၊ မောင်းမကန်ကမ်းခြေအနီး အမှတ်၈၀၀၃ တပ်ရင်းမှ နယ်မြေရှင်းလင်းရေးဆောင်ရွက်နေစဥ် သတင်းအရစစ်ဆေးဖမ်းဆီးခဲ့တာလို့ ဖော်ပြထားပါတယ်။

Public Service Announcement

Public Service Announcement

“နံရံတိုင်းမှာ နားတွေရှိတယ်။ ဗျူဟာ ၃၃ လှုပ်ရှားနယ်မြေမှာ မင်းတို့ ပြေးမလွတ်ပါဘူး” လို့ ဗျူဟာ (၃၃) ဗျူဟာမှူး ရဲဘော်စောဒါးကိုးက ဒုအကောက်ခွန်မှူး ဖြိုးစံကို ဖမ်းဆီးရမိခဲ့တဲ့ အခြေအနေနဲ့ပတ်သက်ပြီး လူမှုကွန်ရက်မှာ ရေးသားခဲ့ပါတယ်။

ဖမ်းရတဲ့ ဒုအကောက်ခွန်မှူးက ထားဝယ်ရေနက်ဆိပ်ကမ်းနဲ့ သဘာဝဓါတ်ငွေ့တူးဖော်ရေးအခြေအနေများ၊ စက်ပစ္စည်းများ စစ်ဆေးမှု ပြုလုပ်ခဲ့ကြောင်း ဝန်ခံထွက်ဆိုခဲ့ဟု အသိပေးထားပြီး တာဝန်ရှိသူတွေက စုံစမ်းစစ်ဆေးမှုတွေဆက်လုပ်နေတယ်လို့ ထုတ်ပြန်ပါတယ်။

ဒုအကောက်ခွန်မှူး ဖြိုးစံ ဖမ်းဆီးခံရပြီးနောက် စစ်ကောင်စီတပ်တွေက ဒေသတွင်းကို စစ်ကြောင်းထိုးနယ်မြေရှင်းလင်းနေတယ်လို့လည်း အသိပေးပါတယ်။

ဒါ့အပြင် ထားဝယ်အကောက်ခွန်ဦးစီးဌာနအတွင်း အကောက်ခွန်ဦးစီးမှူး တင်မောင်လင်းဟာလည်း စီးပွားရေးလုပ်ငန်းရှင်များနဲ့ ပူးပေါင်းပြီး ဌာနအတွင်း လုပ်ပိုင်ခွင့်ထက်ကျော်လွန်ကာ အကျင့်ပျက်ချစားနေကြောင်းဌာနတွင်းက အတွင်းသတင်းပေးသူက ပြောကြားချက် ရရှိထားတယ်လို့ ဗျူဟာ (၃၃) က ထုတ်ပြန်ပါတယ်။

ဆက်စပ်သတင်းများ