Connect with us

Hi, what are you looking for?

သတင်း

ရှစ်လေးလုံးနေ့အကြို ထီးသပိတ်လှုပ်ရှားမှုတွေ အိုင်ယာလန်နဲ့ သြစတြေးလျရောက် မြန်မာတွေ ပြုလုပ်

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - ရန်ကုန်လူထုသပိတ်

သြဂုတ် ၄၊၂၀၂၆။သုည/People’s Spring

အိုင်ယာလန်နဲ့ သြစတြေးလျနိုင်ငံရောက်မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ်အကြို လူထုလှုပ်ရှားမှုတွေ သြဂုတ် ၃ ရက်က ပြုလုပ်ခဲ့ပါတယ်။

အိုင်ယာလန်နိုင်ငံ Kilkenny မြို့ရှိ Kilkenny Castle နဲ့ အခြားသောနေရာတွေမှာ ပြည်ပရောက် မြန်မာတွေ စုပေါင်းပြီး (၃၈) နှစ်မြောက် ရှစ်လေးလုံးအထိမ်းအမှတ်အကြို အနေနဲ့ ထီးသပိတ်လှုပ်ရှားမှုကို လုပ်ဆောင်ခဲ့ကြပါတယ်။

သြစတြေးလျနိုင်ငံ Perth မြို့မှာလည်း ရှစ်လေးလုံးမျိုးဆက် အင်အားစုတွေ ဦးဆောင်ပြီး (၃၈) နှစ်မြောက် ၈လေးလုံး အရေးတော်ပုံနေ့ အထိမ်းအမှတ် အခမ်းအနား ပြုလုပ်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

အလားတူ သြစတြေးလျနိုင်ငံ ဆစ်ဒနီမြို့မှာလည်း ပြည်ပရောက် မြန်မာတိုင်းရင်းသားတွေက “အကြောက်တရားမှလွတ်မြောက်ရာဆီသို့” စာသားနဲ့ ၈ ဂဏန်းပါ ထီးတွေကို ကိုင်ဆောင်ပြီး ထီးသပိတ်လှုပ်ရှားမှုကို ဆင်နွှဲခဲ့ပါတယ်။

လာမယ့် သြဂုတ် ၈ ရက်မှာ ကျရောက်မယ့် (၃၈) နှစ်မြောက် ၈လေးလုံး ဒီမိုကရေစီအရေးတော်ပုံ အထိမ်းအမှတ်အနေနဲ့ ပြုလုပ်မယ့် “၈၈၈၈ ထီးသပိတ်လှုပ်ရှားမှု” မှာ ပြည်သူတွေနဲ့ ကမ္ဘာတဝန်းက မြန်မာ့အရေးထောက်ခံတွေ ပါဝင်ကြဖို့ ရန်ကုန်လူထုသပိတ်က တိုက်တွန်းလှုံ့ဆော်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန် နဲ့ ဩစတေးလျ နိုင်ငံတွေရဲ့ မြို့ သုံးမြို့မှာ တော်လှန်အနုပညာရှင်တွေရဲ့ ဖျော်ဖြေပွဲသုံးပွဲကို ဒီနေ့ (စက်တင်ဘာ၁၂) ပြုလုပ်မှာ ဖြစ်ပါတယ်။

သတင်း

အာဏာသိမ်းမြန်မာစစ်တပ်အပေါ် အရေးယူမှုတွေ မြှင့်တင်ပေးဖို့ ဩစတြေးလျအစိုးရကို ကမ္ဘာလုံးဆိုင်ရာအလုပ်သမားသမဂ္ဂများအဖွဲ့ချုပ် (UNI Global Union)အဖွဲ့ဝင်ဖြစ်တဲ့ ဘဏ္ဍာရေးကဏ္ဍအလုပ်သမားသမဂ္ဂ (FSU)က တောင်းဆိုလိုက်ပါတယ်။

နိုင်ငံတကာ

လက်ဆောင် သခွားမွှေးသီးတွေအကြောင်း ဩစတြေးလျ ဝန်ကြီးချုပ်က ပြောပြခဲ့ချိန်မှာ ဂျပန် ဝန်ကြီးချုပ်ရဲ့ အမျိုးသမီး ခန္ဓာကိုယ် အစိတ်အပိုင်းတွေကို စော်ကားလှောင်ပြောင်ခဲ့တယ်ဆိုတဲ့ စွပ်စွဲချက်တွေကို ယုံကြည် လက်ခံထားခြင်း မရှိဘူးလို့ ဂျပန် အစိုးရက ထုတ်ပြန်ခဲ့ပါတယ်။

သတင်း

တောင်ကိုရီးယားနိုင်ငံ၊ ဆိုးလ်မြို့လယ်က ဘိုရှင်းဂတ်ပန်းခြံမှာ မြန်မာတွေစုပေါင်းပြီး ရှစ်လေးလုံးအရေးတော်ပုံ (၃၈) နှစ်မြောက်အဖြစ် ချီတက်ဆန္ဒပြပွဲကို ဒီကနေ့ (သြဂုတ် ၉) ပြုလုပ်ခဲ့ပါတယ်။