Connect with us

Hi, what are you looking for?

သတင်း

မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ ဗြိတိန်ရောက် မြန်မာတွေ ဆန္ဒပြ

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ဓာတ်ပုံ - Myanmar Unity Movement

သြဂုတ်-၅၊၂၀၂၆။သုည/People’s Spring

ဗြိတိန်နိုင်ငံ လန်ဒန်မြို့မှာ မြန်မာတွေ စုပေါင်းပြီး အာဏာသိမ်းစစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို ဖိတ်ခေါ်မှု၊ တွေ့ဆုံဆွေးနွေးမှုနဲ့ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့ တောင်းဆိုတဲ့ ဆန္ဒပြပွဲကို သြဂုတ် ၄ ရက်မှာ ပြုလုပ်ခဲ့ပါတယ်။

ယင်းဆန္ဒပြလှုပ်ရှားမှုကို လန်ဒန်မြို့ရှိ မြန်မာစစ်သံရုံး၊ ထိုင်းသံရုံး၊ မလေးရှားသံရုံးနဲ့ စင်ကာပူသံရုံးရှေ့တို့မှာ ပြုလုပ်ခဲ့ပြီး Myanmar Unity Movement အဖွဲ့က ဦးဆောင်ကာ ​​ဗြိတိန်နိုင်ငံရောက် မြန်မာ့ဒီမိုကရေစီရေး လှုပ်ရှားသူတွေ ပူးပေါင်းပါဝင်ခဲ့ပါတယ်။

ဆန္ဒပြမြန်မာတွေက ထိုင်းအစိုးရအနေနဲ့ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် ဖိတ်ခေါ်မှု၊ အဆင့်မြင့်တွေ့ဆုံဆွေးနွေးမှု၊ သံတမန်ဆက်ဆံရေးတွေ မပြုလုပ်ဖို့နဲ့ စစ်ခေါင်းဆောင် မင်းအောင်လှိုင်ကို တရားဝင်ဖိတ်ကြားမှုကို ပြန်လည်သုံးသပ်ဖို့ ဆန္ဒထုတ်ဖော်ခဲ့ပါတယ်။

Public Service Announcement

Public Service Announcement

ဒါအပြင် ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေးဖို့၊ အာဆီယံရဲ့ အချက် (၅) ချက် သဘောတူညီချက်ကို လက်တွေ့အကောင်အထည်ဖော်ဖို့၊ အာဏာသိမ်းစစ်အုပ်စုကို တရားဝင်မှုရရှိစေနိုင်မယ့် မည်သည့်လုပ်ရပ်မျိုးကိုမဆို ရှောင်ရှားပေးဖို့နဲ့ မြန်မာပြည်သူတွေရဲ့ဆန္ဒကို လေးစား အသိ အမှတ်ပြုပြီး ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုသို့ ငြိမ်းချမ်းစွာ ကူးပြောင်းနိုင်ရေးကို အားပေးဖို့ကိုလည်း တောင်းဆိုခဲ့ပါတယ်။

“တရားမဝင်သော စစ်အရေခြုံကို မပူးပေါင်း မထောက်ခံရေး တို့အရေး တို့အရေး” ၊ “ပြည်သူ့အာဏာ ပြည်သူ့လက်ထဲ ပြန်ပေး” ၊ “ဒေါ်အောင်ဆန်းစုကြည်နဲ့ နိုင်ငံရေးအကျဉ်းသားအားလုံးကို ချက်ချင်းလွှတ်ပေး” ၊ “စစ်အာဏာရှင်စနစ် အမြစ်ပြတ် ချုပ်ငြိမ်းရေး” ၊ “ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စု အမြန်ဆုံးပေါ်ပေါက်ရေး” စတဲ့ ကြွေးကြော်သံတွေနဲ့ ဆန္ဒပြခဲ့ကြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

အမေရိကန်နဲ့ဆက်ဆံရေးပြန်လည်တည်ဆောက်ချင်တယ်လို့ အာဏာ သိမ်းစစ်ခေါင်းဆောင်မင်းအောင်လှိုင်ကပြောကြားခဲ့ပါတယ်။

သတင်း

မိခင်ဒေါ်အောင်ဆန်းစုကြည် နဲ့ တွေ့ခွင့်​ပေးဖို့ ၊လွှတ်​ပေးဖို့ လန်ဒန်မြို့ မြန်မာသံရုံးက တစ်ဆင့် အာဏာသိမ်းခေါင်းဆောင် မင်းအောင်လှိုင်ဆီကိုစာရေးသားပေးပို့ခဲ့တယ်လို့ ကင်မ်အဲရစ်(ခ)ကိုထိန်လင်းက အသိပေးထားပါတယ်။

နိုင်ငံတကာ

ဆော်ဒီအာရေးဘီးယားရဲ့ ကာကွယ်ရေး ကဏ္ဍအတွက် ဝေဟင်ဆီဖြည့် အထောက်အပံ့မျိုး ကူညီပေးသွားမယ်လို့ ဗြိတိန် အစိုးရက ပြောပါတယ်။

ဆောင်းပါး

အမေရိကန်နိုင်ငံသား အဒမ် ကက်စတီလို (Adam Castillo) လွတ်မြောက်လာမှုဟာ သံတမန်ရေးရာ အောင်မြင်မှုတစ်ရပ် ဖြစ်ပေမယ့် ဒီဖြစ်စဉ်ကို မင်းအောင်လှိုင်ဦး‌ဆောင်တဲ့စစ်အုပ်စု နဲ့ သံတမန်ဆက်ဆံရေး ပုံမှန်ပြန် လည်တည်ဆောက်ဖို့ ဒါမှမဟုတ် မြေရှားသတ္တုဆိုင်ရာ သဘောတူညီချက်တွေ ရရှိဖို့ လမ်းဖွင့်ပေးတဲ့ အကြောင်းပြချက်အဖြစ် အသုံးမပြုသင့်ကြောင်း ကယ်လီဖိုးနီးယားအခြေစိုက် မြန်မာနဲ့...

Facebook