သြဂုတ် ၆၊ ၂၀၂၆။မေရီ/People’s Spring
ရတနာပုံံတံတားအဆင်း မန္တလေးမြို့အဝင်က စစ်တပ်ရဲ့ နှာပေါက်စစ်ဆေးရေးဂိတ်ကို နေရာရွှေ့ပြောင်းပြီး စစ်ဆေးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။
စစ်ကိုင်းတိုင်းဘက်ကနေ ဝင်ရောက်လာတဲ့ ခရီးသည်တွေကို တင်းကျပ်စွာ စစ်ဆေးလေ့ရှိတဲ့ မန္တလေးမြို့ဘက်ခြမ်းက စစ်တပ်ရဲ့စစ်ဆေးရေးဂိတ်ကို ယခင်က ရတနာပုံတံတားအဆင်း နှာပေါက်အဝိုင်းပတ်နားမှာ ဖွင့်ထားခဲ့ပြီး ယခုအခါ အဝိုင်းပတ်ရဲ့ တောင်ဘက်၊ ကျောက်စိမ်းဘုရားသို့ သွားရာလမ်းဘက်ကို ပြောင်းရွှေ့လိုက်ကြောင်း စစ်ကိုင်းဒေသခံတွေက ပြောပါတယ်။
ဒါ့အပြင် အဲဒီစစ်ဆေးရေးဂိတ်ဟာ မန္တလေးမြို့ဘက် သွားမယ့် ခရီးသွားတွေအားလုံးကို ဆိုင်ကယ်သမားကအစ စစ်ဆေးနေတယ်လို့ သွားရောက်ခဲ့သူတွေကအစ ပြောပါတယ်။

Public Service Announcement
“တံတားပေါ်ကဆင်းဆင်းချင်း အဝိုင်းပတ်ကနေ ဖြတ်လို့မရတော့ဘူး။ ကျောက်စိမ်းဘုရားဘက်သွားတဲ့လမ်းဘက်ကို ဂိတ်ကပြောင်းသွားတော့အဲဒီဘက်ထိ မောင်းရတယ်။ ဆိုင်ကယ်သမားကအစ စစ်တယ်”လို့ စစ်ကိုင်းဒေသခံ အမျိုးသားတစ်ဦးက ပြောပါတယ်။
ရတနာပုံတံတားအဆင်းက မန္တလေးမြို့အဝင် စစ်ဆေးရေးဂိတ်ဟာ ခရီးသွားတွေကို မကြာခဏ စစ်ဆေးဖမ်းဆီး ငွေညှစ်လေ့ရှိကြောင်း၊ ဒါ့အပြင် PSMS စနစ်နဲ့လည်း စစ်ဆေးလေ့ရှိပြီး CDM နဲ့ ၅၀၅ သမားတွေ မကြာခဏ ဖမ်းဆီးခံရဖူးကြောင်း ဒေသခံတွေက ပြောပါတယ်။


















































