Connect with us

Hi, what are you looking for?

သတင်း

ဖာပွန်ကို ညပိုင်းဗုံးကြဲလို့ အမျိုးသမီးတစ်ဦးသေဆုံးပြီး လေးဦးဒဏ်ရာရ

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

ဓာတ်ပုံ - KHRG

သြဂုတ် – ၇ ၊၂၀၂၆ ၊နိုင်ပကောင်း/People’s Spring

ကရင်ပြည်နယ်၊ဖာပွန်ခရိုင်ကိုသြဂုတ်လ ၅ ရက်ညပိုင်းမှာအာဏာသိမ်းစစ်တပ်ရဲ့လေတပ်ကဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့်အမျိုးသမီးတစ်ဦးသေဆုံးပြီးလေးဦးထိခိုက်ဒဏ်ရာရခဲ့တယ်လို့ ကရင်လူ့အခွင့်အရေးအဖွဲ့(KHRG)က သတင်းထုတ်ပြန်ပါတယ်။

ဖာပွန်ခရိုင်( မူတြော်) ၊ဒွ​ယ်လိုးမြို့နယ်၊ထီးသဘလူးထကျေးရွာအုပ်စု ၊ ဘောသို့ထရွာထဲကိုသြဂုတ်လ ၅ရက် ည ၉ နာရီနဲ့ ၁၀ နာရီ ကြားမှာတိုက်လေယာဉ်နှစ်စီး၊အပေါ့စားထောက်ပို့လေယာဉ်Y -12 တို့နဲ့ ဗုံးကြဲတာပါ။

ဖာပွန်(မူတြော်ခရိုင်)ဟာKNU ရဲ့စစ်ရေးနဲ့အုပ်ချုပ်ရေးနယ်မြေသတ်မှတ်အရKNU တပ်မဟာ (၅) နယ်မြေဖြစ်ပါတယ်။

Public Service Announcement

Public Service Announcement

ဗုံးအလုံးရေ ၂၀ ကြဲချခဲ့တာလို့ KHRG က ဆိုပါတယ်။

အဲဒီလေကြောင်းတိုက်ခိုက်မှုအတွင်းအသက် ၅၃ နှစ်အရွယ်အမျိုးသမီးတစ်ဦးသေဆုံးပြီးအမျိုးသားသုံးဦးနဲ့ အမျိုးသမီးတစ်ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

ဒါအပြင်နေအိမ် ၃၂ လုံးနဲ့ ဓမ္မာရုံနှစ်ဆောင်လည်းထိခိုက်ပျက်စီးဆုံးရှုံးခဲ့တ​ယ်လို့ KHRG က အသိပေးထားပါတယ်။

အရပ်သားတစ်ဦးရဲ့အဆိုအရဗုံးကြဲတိုက်ခိုက်ခံရမှုမတိုင်ခင်ကအရပ် သားအများစုဟာအရင်ကလေကြောင်းတိုက်ခိုက်မှုတွေကြောင့်ရွာထဲမှာမနေရဲကြတော့ဘဲရွာအပြင်မှာတိမ်းရှောင်ပုန်းအောင်းနေထိုင်ခဲ့တာဖြစ်ပြီး လူကြီးအချို့သာညဘက်မှာနေအိမ်ပြန်အိပ်ခဲ့ကြတာလို့ KHRG က ဆိုပါတယ်။

အဲဒီလို တိမ်းရှောင်ပုန်းအောင်းမနေခဲ့ရင်တော့သြဂုတ်လ ၅ ရက် ညပိုင်း လေကြောင်းတိုက်ခိုက်မှုအတွင်းထိခိုက်သေဆုံးမှုနဲ့ ထိခိုက်ပျက်စီးမှုတွေဟာမတွေးရဲစရာပင်ဖြစ်တယ်လို့ အရပ်သားတစ်ဦးရဲ့ ပြောကြားချက်ကို KHRGက သတင်းထုတ်ပြန်ချက်မှာထည့်သွင်းအသိပေးထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်ကိုင်းတိုင်း၊ ပုလဲမြို့နယ် ကံပေါက်ရွာကို အာဏာသိမ်းစစ်တပ်က Gyrocopter ၃ စီးနဲ့ ဗုံးကြဲသွားတာကြောင့် အရပ်သားထိခိုက်သေဆုံးမှုတွေရှိတယ်လို့ သတင်းရရှိပါတယ်။

သတင်း

ကရင်နီပြည်နယ်၊ ဒီးမော့ဆိုမြို့နယ်အနောက်ခြမ်းကို အာဏာသိမ်းစစ်တပ်က လေကြောင်း၊လက်နက်ကြီးနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်လို့ ကရင်နီစစ်ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

သတင်း

ကရင်ပြည်နယ်၊ကမမောင်းမြို့ကနေ ဖာပွန်ဒေသဆီစစ်ကြောင်းထိုးနေတဲ့ အာဏာသိမ်းစစ်တပ်ဟာ စစ်ဆင်ရေးကာလလေးလကျော်လာတဲ့အထိဖာပွန်ဆီမရောက်နိုင်ဘဲအထိအခိုက်အကျအဆုံးများနေတယ်လို့ KNU တပ်မဟာ (၅) ၊ မူတြော်( ဖာပွန်) ခရိုင်က ထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့နယ် ကောင်ဂျာယန်တိုက်ပွဲမှာ စစ်တပ်အထိနာခဲ့ပြီး သေဆုံးထိခိုက်များခဲ့သလို လက်နက်ခဲယမ်းအများအပြား သိမ်းရခဲ့ကြောင်း ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။