Connect with us

Hi, what are you looking for?

သတင်း

ဆော – လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ ဖမ်းမိသူ ၂၀ ကျော်ရှိ

မကွေးတိုင်း၊ ဆော – လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

(ဂန့်ဂေါခရိုင်စစ်ဌာနအောက်က ရဲဘော်တွေကို တွေ့ရစဉ်။ ဓာတ်ပုံ - Sayar Zin Ko Win/FB)

ဩဂုတ်-၉ ၊၂၀၂၆။ဖိုးသား/People’s Spring

မကွေးတိုင်း၊ ဆော – လောင်းရှည်လမ်းပိုင်း တိုက်ပွဲအတွင်း စစ်တပ်က အလင်းဝင်လာသူနဲ့ သုံ့ပန်းအဖြစ် ဖမ်းမိသူ ၂၀ကျော်ရှိတယ်လို့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF)၊ ဂန့်ဂေါခရိုင်စစ်ဌာန တာ၀န်ရှိသူ ကိုဇင်ကို၀င်းက ပြောပါတယ်။

စစ်တပ်ထိုးစစ်ဆင်လာမှုအပေါ် ခုခံတားဆီးဖို့အတွက် သက်ဆိုင်ရာ အဆင့်ဆင့်ညွှန်ကြားမှုနဲ့ အညီ ပြီးခဲ့တဲ့ မေလကတည်းက ပြင်ဆင်ခဲ့တာလို့ ကိုဇင်ကို၀င်းက သူရဲ့လူမှုကွန်ယက်ကတဆင့် ဖော်ပြပါတယ်။

“PDF စစ်ရုံးချုပ်က သတင်းထုတ်ပြန်ပြီးနောက်ပိုင်းမှာလည်း မိမိတို့ဘက်မှသိမ်းဆည်းရမိတဲ့ လက်နက် ခဲယမ်းတွေ ရှိခဲ့သလို ဖမ်းဆီးရမိခဲ့တဲ့ သုံ့ပန်းတွေနဲ့ အလင်းဝင် ပစတွေလည်းများစွာ ရှိခဲ့ပါတယ်။မိမိ လက်ထဲမှာကို ဖမ်းဆီးရမိသုံ့ပန်းနဲ့ အလင်းဝင် ပစ ၂၁ ဦးရှိပါပြီ”လို့ သူက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ဒါ့အပြင် မကွေးတိုင်းအနေနဲ့ ဖြစ်စေ ၊ ဂန့်ဂေါခရိုင်အတွင်းမှာဖြစ်စေ PDF ရဲဘော်တွေအနေနဲ့ ရှေ့တန်းမှာ ဒီကနေ့တိုင် တိုက်ပွဲဝင်နေကြဆဲလို့ ဆိုပါတယ်။

လက်ရှိ အချိန်ထိလည်း လူ ၊ လက်နက်အင်အား အမြောက်အများအသုံးပြုတဲ့ စစ်တပ်ရဲ့ ထိုးစစ်ကို ဆော – လောင်းရှည်လမ်းပိုင်းမှာဘဲ ရအောင်ကာကွယ်နေတယ်လို့ အသိပေးပါတယ်။

“ဒီလို အခက်အခဲ အကြပ်အတည်းတွေထဲကနေ ငါတို့ရဲ့ခေါင်းဆောင် အစစ်တွေနဲ့ ရဲဘော်အစစ်တွေကို မွေးဖွားလာစေမှာ ဖြစ်တယ်။ဒီလို အခက်အခဲ အကြပ်အတည်းတွေထဲကနေပဲ ရန်သူနဲ့ မိတ်ဆွေဆိုတာကို ကွဲကွဲပြားပြား သိမြင်လာစေမှာ ဖြစ်ပါတယ်”လို့ ကိုဇင်ကို၀င်းက ပြောပါတယ်။

ဇူလိုင် ၁၆ ရက်က လောင်ရှည်မြို့ကနေ ဆောမြို့ကို အင်အား ၃၀၀ခန့်နဲ့ စစ်တပ်က တပ်မ (၉၉) စစ်ကြောင်းထိုးခဲ့တာဖြစ်ပြီး ပြည့်သူ့ကာကွယ်ရေးတပ်မတော် PDF ခရိုင်စစ်ဌာနနဲ့ တပ်ရင်း၊ တပ်ဖွဲ့တွေရဲ့ တိုက်ခိုက်မှုကြောင့် ဆုတ်ခွာခဲ့ရပါတယ်။

ဒါ့အပြင် ဇူလိုင် ၂၅ ရက်ကလည်း အင်အား ၁၈၀ ခန့်ပါတဲ့ စစ်တပ်စစ်ကြောင်းက လေကြောင်းပစ်ကူယူပြီး မြေပြင်၊ဝေဟင် ထိုးစစ်နဲ့ ဒုတိယအကြိမ် ထိုးစစ်ဆင်ခဲ့ပေမယ့် မကွေးတိုင်းစစ်ဌာန တပ်ရင်းတပ်ဖွဲ့တွေ အပြင်းအထန် ခုခံတိုက်ခိုက်ခဲ့တာကြောင့် အထိနာပြီး ထပ်မံဆုတ်ခွာသွားခဲ့တယ်လို့ မကွေးတိုင်းစစ်ဌာန ပြည်သူ့ကာကွယ်ရေးတပ်မတော်က ဇူလိုင် ၂၈ ရက်က ထုတ်ပြန်ထားပါတယ်။

အဲဒီဆုတ်ခွာသွားတဲ့ စစ်ကြောင်းတွေကို လိုက်လံတိုက်ခိုက်ပြီးနောက် နယ်မြေရှင်းလင်းရေးမှာ လက်နက်ခဲယမ်းတွေ၊ ရိက္ခာတင်ကား (၃) စီး၊ ရိက္ခာတွေနဲ့ စစ်အသုံးအဆောင်ပစ္စည်းတွေ သိမ်းဆည်းရမိခဲ့တယ်လို့ အသိပေးထားပါတယ်။

မေလ ဒုတိယပတ်ကစပြီး ပေါက်မြို့နယ်အခြေစိုက် အမှတ်(၂၄)ကာကွယ်ရေးပစ္စည်းစက်ရုံ (ကပစ- ၂၄) နဲ့ လောင်းရှည်မြို့အခြေစိုက် ကပစ (၂၅)ကနေ စစ်တပ်က စစ်ကြောင်း နှစ်ခုသုံးပြီး ဆောမြို့နယ် ကျောက်ထု နဲ့ ဆောမြို့နယ်ကို ဝင်ရောက်ခဲ့ပါတယ်။

ကျောက်ထုက စစ်ကြောင်းက မင်းတပ်မြို့ကို ဦးတည်စစ်ဆင်ခဲ့ပြီး ဆောမြို့က စစ်ကြောင်းက ကန်ပက်လက်မြို့ကို ထိုးစစ်ဆင်နေတာ ဖြစ်ပါတယ်။

တော်လှန်ရေးတပ်တွေရဲ့ ထောက်လှမ်းမှုအရ ချင်းတောင် ထိုးစစ်ကို စစ်တပ်က တပ်မ ၅၅၊ ၈၈ ၊ ၉၉ နဲ့ ၁၀၁ က ထုတ်နှုတ်တပ်ရင်းတွေရဲ့ အင်အား ၂၀၀၀ ခန့်အထိ အသုံးပြုထားတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်​တွေ-ပုဏ္ဏားကျွန်းအစပ်တိုက်ပွဲ​တွေမှာစက်တင်ဘာ၄​နောက်ပိုင်းစစ်သား ၂၀၀ခန့်​သေဆုံးဟုဆို

သတင်း

အာဏာသိမ်းစစ်တပ်က ပစ(ပြည်သူ့စစ်မှုထမ်း)လို့ ခေါ်တဲ့ လူငယ်တွေကို အဓမ္မ စစ်သားစုဆောင်းမှု လုပ်ဆောင်နေတဲ့ အစီအစဉ်ကို နည်းမျိုးစုံနဲ့ တိုက်ဖျက်ရမှာ ဖြစ်ပြီး အဲဒီလို တိုက်ဖျက်ရာမှာ လူငယ်တွေ ပူးပေါင်းပါဝင်ကြဖို့ အမျိုးသားညီညွတ်ရေးအစိုးရ(NUG) ကာကွယ်ရေးဝန်ကြီး ဦးရည်မွန်က တိုက်တွန်းပါတယ်။

သတင်း

မုံရွာ–ချောင်းဦးလမ်းပိုင်းမှာ ပြည်သူတွေရဲ့ ၆ဘီးကားတွေကို အာဏာသိမ်းစစ်တပ်က ချောဆွဲထားကြောင်း ဒေသခံတွေက ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဖားကန့်မြို့နယ်က လုံးခင်းဆေးရုံကုန်းနဲ့ ဂေါက်ကွင်းအနီးမှာ စက်တင်ဘာ ၁၁ရက် ညနေကစပြီး တိုက်ပွဲဖြစ်ခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။