ဩဂုတ် -၁၀၊၂၀၂၆။ဖိုးသား/People’s Spring
မကွေးတိုင်း၊ မြိုင်မြို့နယ်မှာ တော်လှန်ရေးတပ်တွေနဲ့ တိုက်ပွဲဖြစ်နေပြီး စစ်တပ်က လေကြောင်းကနေ ပစ်ကူပေးနေတယ်လို့ ဒေသခံစစ်ရေးသတင်းရင်း မြစ်တချို့က ပြောပါတယ်။
မြိုင်မြို့နယ်အနောက်ခြမ်း ယာကြီးပြင်ကျေးရွာမှာ တပတ်ခန့်ကြာ တပ်စွဲထားတဲ့ စစ်တပ်က မှန်ရင်းကျေးရွာကို ရှေ့ပြေးအင်အား ၁၀၀ ၀န်းကျင်နဲ့ ၀င်ရောက်ချိန် မှာ တော်လှန်ရေးတပ်တွေက တိုက်ခိုက်ခဲ့တယ်လို့ ဆိုပါတယ်။
“ဒီမနက်(ဩဂုတ် ၉ ရက်) မှာစတိုးလာတာ။နောက်ချန်အင်အားနဲ့ကားတန်းတွေက ယာကြီးပြင်မှာပဲ ရှိသေးတယ်။မှန်ရင်းရွာဘုန်ကြီးကျောင်းထဲကနေ ရွာထဲ၀င်တဲ့အချိန် တိုက်ပွဲ ဖြစ်တာ”လို့ မြိုင်မြိုနယ်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

Public Service Announcement
တိုက်ပွဲမဖြစ်ခင်နဲ့ တိုက်ပွဲ ဖြစ်စဉ်အပြီးမှာ မှန်ရင်းရွာကို ဦးတည်ပြီးစစ်တပ်က Y 12 လေယာဉ်နဲ့ ဗုံးကြဲတာ၊ ဂျက်ဖိုက်တာ ၊တိုက်ခိုက်ရေး ရဟတ်ယာဉ်တွေနဲ့ လေကြောင်းတိုက်ခိုက်မှု ခုနှစ်ကြိမ်လုပ်ခဲ့တယ်လို့ အသိပေးပါတယ်။
“စစ်ကြောင်းအခြေအနေကို သုံးသပ်ရရင် အနေအထားက ကြားကျနေတယ်။ဒါပေမယ့် မှန်ရင်းကိုကျော်နိုင်ပြီး ထပ်တိုးလာရင်တော့ မှော်ထဲ(ရေနံမှော်)တွေဆီလာတယ်လို့ ပြောလို့ရပြီ”လို့ မြိုင်မြို့နယ် ကာကွယ်ရေးအဖွဲ့၀င်တစ်ဦးက ပြောပါတယ်။
ပေါက်နဲ့ မြိုင် ဒေသအစပ်က တော်လှန်ရေးတပ်တွေ ထိန်းချုပ်ထားတဲ့ ရေနံတွင်းတွေဆီကို စစ်တပ်စစ်ကြောင်းဦးတည်ချင်တာလို့ စစ်ရေးသတင်းရင်း မြစ်တွေကလည်း သုံးသပ်ထားပါတယ်။
လက်ရှိစစ်ကြောင်းရှိနေတဲ့ နေရာနဲ့ ရေနံတွင်း တွေဟာ မိုင် ၂၀ ၀န်းကျင်အကွာ အဝေးရှိနိုင်ပြီး တော်လှန်ရေးတပ်တွေရဲ့ ခုခံမှုအခြေအနေပေါ်မူတည်ကာ စစ်တပ်ရဲ့ စစ်ရေးရည်မှန်းချက်ကို ဆက်လက်စောင့်ကြည့်ရမယ်လို့ ဆိုကြပါတယ်။
ဇွန် နဲ့ဇူလိုင် တိုက်ပွဲတွေအတွင်း စစ်တပ်စစ် ကြောင်းထံက လက်နက်ခဲယမ်းတွေ ရခဲ့တာရှိသလို တော်လှန်ရေးရဲဘော်တချို့လည်း ကျဆုံးခဲ့ပါတယ်။


















































