Connect with us

Hi, what are you looking for?

သတင်း

သံတွဲမြို့နယ် ကျောက်ကြီးရွာကို စစ်တပ် ဗုံးကြဲ၊ ဒေသခံ ၁၀ ဦးကျော် သေဆုံး

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

(ဩဂုတ် ၈ ရက်က အမ်းမြို့နယ် တလိုင်းတောင် ရွာ စစ်တပ် ဗုံးကြဲအပြီး တွေ့ရစဉ်။ ဓာတ်ပုံ - AA)

ဩဂုတ် ၁၀၊ ၂၀၂၆။ ခိုင်မြတ်/ People’s Spring

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို အာဏာသိမ်းစစ်တပ်က ဒီနေ့ နေ့လယ်ပိုင်းမှာ ဂျက်ဖိုက်တာ ၂စီး နဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့ပြီး အရပ်သားထိခိုက်မှုတွေရှိတယ်လို့ ဒေသခံတွေက ပြောပါတယ်။

ဒီနေ့ ဩဂုတ် ၁၀ နေ့လယ် ၁ နာရီကျော်အချိန်မှာ ဂျက်ဖိုက်တာ ၁စီးနဲ့ ဗုံးကြဲခဲ့ပြီး နောက်ခဏအကြာမှာ နောက် ထပ်ဂျက်ဖိုက်တာ၁ စီးနဲ့ ဗုံးထပ်ကြဲခဲ့တာလို့ ဆိုပါတယ်။

“အထိအခိုက်ရှိတယ်လို့တော့ ကြားတယ်။ အတိအကျမသိရသေးဘူး။ ကျောက်ကြီး ဆေးရုံနားတွေကို ကြဲတာလို့ ပြောတယ်။ လေယာဉ်သွားပြီး ကြဲတဲ့အသံကို ကြားလိုက်ရတယ်။ နည်းနည်းဝေးတော့ အတိအကျမသိရသေး” လို့ သံတွဲဒေသခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်ဗုံးကြဲမှုကြောင့် ကလေးငယ်တွေအပါအ၀င် ဒေသခံ ၁၀ ဦး ကျော်သေဆုံးကြောင်း လတ်တလောသိထားရတယ်လို့ ဒေသခံတွေက ပြောကြပါတယ်။

‌”သေတာတွေ အများကြီး ရှိတယ်။ တဆယ်ကျော်ပြီ သေတာ။ ဒဏ်ရာရတာတွေလည်း အများကြီး။ အခု ဆေးရုံပို့နေကြတုန်း” လို့ သံတွဲ ဒေသခံ လူမှုကူညီရေး လုပ်နေသူတဦးက ပြောပါတယ်။

ကျောက်ကြီးရွာဟာ ဆေးရုံရှိတဲ့ တိုက်နယ်အဆင့်ကျေးရွာတခုဖြစ်ပြီး သံတွဲမြို့နဲ့ ဂွမြို့နယ် ကျိန္တလီကြားကားလမ်း ဘေးမှာ တည်ရှိတဲ့ရွာဖြစ်ပါတယ်။

စစ်တပ်ဟာ ဩဂုတ် ၈ ရက် ညကလည်း ရခိုင်ပြည်နယ် အမ်းမြို့နယ် တလိုင်းတောင်လူနေရွာကို ဂျက်ဖိုက် တာနဲ့ ဗုံးကြဲတိုက်ခိုက်ခဲ့တာကြောင့် အရပ်သားပြည်သူ ၂ ဦး သေဆုံးပြီး ၃ ဦး ထိခိုက်ဒဏ်ရာရခဲ့ပါတယ်။

အဲဒီဗုံးကြဲမှုကြောင့် အသက် ၆၇ နှစ်အရွယ် ဒေါ်မလေးငယ်နဲ့ ကားဝပ်ရှော့မှာ အလုပ်လုပ်နေ တဲ့ ၂၃ နှစ် အရွယ် ကိုမောင်ဉာဏ်တို့ သေဆုံးပြီး အသက် ၇ နှစ်အရွယ် မပိုးဥပိုင်၊ ဒေါ် စိုးနန္ဒာလှိုင်နဲ့ ဝပ်ရှော့အလုပ်သမား ကိုထွန်းထွန်းဝင်းတို့ ဒဏ်ရာရခဲ့တာပါ။

စစ်တပ်ဟာ နိုင်ငံအနှံ့မှာ စစ်ရေးပစ်မှတ်မဟုတ်တဲ့ အပြစ်မဲ့ပြည်သူတွေ နေထိုင်ရာ လူနေရပ်ကွက်၊ စာသင် ကျောင်းတွေ၊ စျေးတွေ၊ ဆေးရုံ၊ ဆေးခန်းတွေနဲ့ ဘာသာရေးအဆောက်အဦးတွေကို တိုက်လေယာဉ်အုပ်လိုက်နဲ့ နေ့စဉ်ရက်ဆက်ဗုံးကြဲတိုက်ခိုက်မှုတွေလုပ်ပြီး စစ်ရာဇဝတ်မှုတွေကို ပြောင်ပြောင်တင်းတင်းကျူးလွန်နေဆဲဖြစ် တယ်လို့ AA က ဆိုပါတယ်။

အဲဒီလို စစ်တပ်ရဲ့တိုက်ခိုက်မှုတွေကြောင့် အပြစ်မဲ့အရပ်သားပြည်သူတွေ သေဆုံးမှု၊ ထိခိုက်ဒဏ်ရာရမှုတွေနဲ့ နေ အိမ်အက်အဦးတွေပျက်စီးမှုဟာလည်း နေ့စဉ်နဲ့အမျှ မြင့်တက်နေပါတယ်။

အဲဒီလိုအရပ်သားတွေ ဦးတည်ပစ်မှတ်ထားတိုက်ခိုက်နေတာဟာ စစ်ပွဲအတွင်း လိုက်နာရမယ့် အပြည်ပြည်ဆိုင်ရာ လူသားချင်းစာနာထောက်မှုဆိုင်ရာဥပဒေနဲ့ စစ်ရာဇဝတ်မှုတွေကို ချိုးဖောက်ကျူးလွန်ရာရောက်တယ်လို့ ဒေသခံ လူ့အခွင့်အရေးလှုပ်ရှားသူတွေက ပြောထားကြပါတယ်။

အာရက္ခတပ်တော်(AA)ကလည်း ပြည်သူတွေကို ဗုံးကြဲတဲ့ စစ်တပ်ရဲ့ အောက်တန်းကျတဲ့ လုပ်ရပ်အပေါ် မှတ်တမ်း တင်ထားပြီး တုံ့ပြန်သွားမယ်လို့ ထုတ်ပြန်၊ သတိပေးထားပါတယ်။

လက်ရှိမှာ ရခိုင်ပြည် နယ် စစ်တွေ၊ ကျောက်ဖြူအပြင် ရခိုင်ရိုးမရှေ့ဘက်ခြမ်း မကွေး၊ ပဲခူး၊ ဧရာ၀တီတိုင်းစစ်မျက် နှာတွေမှာလည်း AA က စစ်တပ်စခန်းတွေကို တိုက်ခိုက်သိမ်းပိုက်နေပြီး စစ်တပ်ဘက်က အထိနာနေတယ်လို့ စစ် ရေးသတင်းရင်းမြစ်တွေက ပြောပါတယ်။

ရခိုင်မှာ အခုနောက်ပိုင်း ဂျက်တိုက်လေယာဉ်သုံးစီး(သုံးစီးအထက်)နဲ့ ကင်းထောက်လေယာဉ်တွေ တပြိုင်တည်း သုံးပြီးလေကြောင်းတိုက်ခိုက်မှုတွေအရင်ကထက်ပြင်းပြင်းထန်ထန်လုပ်လာတာကြောင့် လေကြောင်းအန္တရာယ်ကို အထူးသတိထားကြဖို့ AA က အသိပေးထားပါတယ်။

ရခိုင်ပြည်နယ်မှာ ၂၀၂၆ ဇန်ဝါရီ ၁ ရက်နေ့ကနေ ဇွန်လကုန်ထိ ခြောက်လအတွင်း အာဏာသိမ်းစစ်တပ်ရဲ့လက် ချက်ကြောင့် အပြစ်မဲ့အရပ်သားပြည်သူ ၈၃ ဦး သေဆုံးပြီး ၁၈၇ ဦး ထိခိုက်ဒဏ်ရာရခဲ့တယ်လို့ AA ရဲ့ လူသားချင်း စာနာထောက်ထားရေးနဲ့ ဖွံ့ဖြိုးရေးဆိုင်ရာပူးပေါင်းဆောင်ရွက်ရေးရုံး(HDCO)က ထုတ်ပြန်ထားပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်တပ်ရဲ့ ရန်ကြောင့် စစ်ရှောင်နေရတဲ့ ပြည်သူတွေကို စားနပ်ရိက္ခာ၊ အမိုးအကာနဲ့ ဆေးဝါးတွေ ထောက်ပံ့ကူညီပေးခဲ့ကြောင်း ပြည်သူ့ကာကွယ်ရေးတပ်မတော်၊ အမှတ် (၁)စစ်ဆင်ရေးနယ်မြေ၊ အထူးတိုင်းစစ်ဌာနက ထုတ်ပြန်ပါတယ်။

သတင်း

ရခိုင်ပြည်နယ်၊ သံတွဲမြို့နယ် ကျောက်ကြီးကျေးရွာကို စစ်တပ်က လေကြောင်းတိုက်ခိုက်မှု ထပ်မံ ပြုလုပ်ခဲ့လို့ အရပ်သားပြည်သူအစုလိုက်၊ အပြုံလိုက်သေဆုံးထိခိုက်ခဲ့ရကြောင်း အာရက္ခတပ်တော်(AA)က ထုတ်ပြန်ပါတယ်။

သတင်း

ပြည်ပရောက်နေသူတွေက တော်လှန်ရေးအင်အားစုတွေကို ပံ့ပိုးတာဟာ ပြည်တွင်းကသူတွေကို ထိခိုက်ဆူံရှုံးမှုပိုဖြစ်စေတယ်ဆိုတဲ့ စစ်တပ်အလိုကျဝါဒ ဖြန့်သူတွေများလာတာကြောင့် ပြည်သူတွေအနေနဲ့ သေချာစဉ်းစားပြီး တုံ့ပြန်ကြဖို့ အဆိုတော် လင်းလင်းက တိုက်တွန်းလိုက်ပါတယ်။

သတင်း

အာဏာသိမ်းစစ်တပ်အနေနဲ့ နိုင်ငံရေးပြဿနာကြောင့် ပေါ်ပေါက်လာတာတွေ နိုင်ငံရေးနည်းနဲ့ ဖြေရှင်းဖို့၊ ပြည်သူလက်မခံတာတွေပြန်သုံးသပ်ဖို့ လိုအပ်ကြောင်း ကချင်လွတ်လပ်ရေးအဖွဲ့(KIO) ဥက္ကဋ္ဌ ဗိုလ်ချုပ်ကြီး အင်ဘန်လက ပြောကြားခဲ့ပြီး ပြုပြင်စရာတွေအချိန်မနှောင်းမီ ပြုပြင်ဖို့ သတိပေးလိုက်ပါတယ်။