Connect with us

Hi, what are you looking for?

သတင်း

မိုင်းလားတပ်ဖွဲ့နဲ့ စစ်တပ် ဆွေးနွေး

‎မိုင်းလားတပ်ဖွဲ့(NDAA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

‎ဩဂုတ် ၁၁၊ ၂၀၂၆။ ထားမြတ်/People’s Spring

‎မိုင်းလားတပ်ဖွဲ့(NDAA)နဲ့ အာဏာသိမ်းစစ်တပ်တို့ နေပြည်တော်မှာ တွေ့ဆုံဆွေးနွေးခဲ့တယ်လို့ စစ်ကောင်စီဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

‎ဩဂုတ် ၁၀ရက်က ပြုလုပ်ခဲ့တဲ့ အဲဒီ တွေ့ဆုံပွဲကို မိုင်းလားတပ်ဖွဲ့ဘက်က ဥက္ကဋ္ဌ ဦးထိန်လင်း ဦးဆောင်တဲ့ အဖွဲ့တက်ရောက်ခဲ့တာဖြစ်ပါတယ်။

‎အဲဒီလိုတွေ့ဆုံရာမှာ မိုင်းလားဒေသကို မြင့်မားတဲ့ အဆင့်အတန်းတခုရောက်အောင် ညှိနှိုင်းဆွေးနွေးသွားမယ်လို့ စစ်တပ်ဘက်က ဒုဗိုလ်ချုပ်ကြီးရာပြည့်က ပြောကြားကြောင်း ဝါဒဖြန့်မီဒီယာတွေမှာ ဖော်ပြပါတယ်။ တဖက်နဲ့တဖက်လိုလားချက်တွေ ပြေလည်အောင် ညှိနှိုင်းပေးမယ်လို့လည်း စစ်ကောင်စီဘက်က အသိပေးပါတယ်။

Public Service Announcement

Public Service Announcement

‎မိုင်းလားဥက္ကဋ္ဌ ဦးထိန်လင်းကလည်း စစ်ခေါင်းဆောင် မင်းအောင်လှိုင် သမ္မတရာထူးရယူခဲ့မှုအပေါ် ဝမ်းမြောက်ဂုဏ်ယူကြောင်း ပြောကြားခဲ့တယ်လို့ စစ်တပ်ဝါဒဖြန့် မီဒီယာတွေက ဖော်ပြပါတယ်။

‎မိုင်းလားတပ်နဲ့ စစ်တပ်တို့ဟာ ဇွန်လအတွင်းကလည်း မိုင်းလားဒေသမှာ တွေ့ဆုံခဲ့ပါသေးတယ်။ အဲဒီလို တွေ့ဆုံစဉ် ‎တိုင်းရင်းသားအဆင့်မြင့် ကိုယ်ပိုင်အုပ်ချုပ်ခွင့် ရရှိရေးဟာနိုင်ငံရေးရည်မှန်းချက်ကို စွဲမြဲစွာဆုပ်ကိုင်ထားကြောင်းရှမ်းပြည်နယ်အရှေ့ပိုင်း အထူးဒေသ(၄)လို့ ခေါ်ဆိုတဲ့ မိုင်းလားတပ်ဖွဲ့(NDAA)က မိုင်းလားဒေသကိုလာတဲ့ စစ်တပ်ကိုယ်စားလှယ်အဖွဲ့ကို အသိပေးခဲ့ပါတယ်။

‎မိုင်းလားတပ်ဟာ စစ်တပ်နဲ့ တိုက်ပွဲ ဖြစ်ပွားမှု မရှိတဲ့ လက်နက်ကိုင်တပ်ဖြစ်ပါတယ်။

‎စစ်တပ်ဟာ တိုက်ပွဲမဖြစ်တဲ့ အဖွဲတွေခေါ်ယူ ပြီး ငြိမ်းချမ်းရေးဆွေးနွေးနေသလိုပဲ နိုင်ငံတဝန်း ဒေသအသီးသီးမှာလည်း အရပ်သားတွေကိုပစ်မှတ်ထားတဲ့ လေကြောင်းတိုက်ခိုက်မှုတွေ ဆက်တိုက်ကျူးလွန်နေတာဖြစ်ပါတယ်။။

ဆက်စပ်သတင်းများ

သတင်း

အာရက္ခတပ်တော်(AA) ထိန်းချုပ်ထားတဲ့ ချင်းပြည်နယ်၊ ပလက်၀မြို့ကို အာဏာသိမ်းစစ်တပ်က ဒီနေ့ ဩဂုတ်လ ၁၁ ရက်မနက်ပိုင်းမှာ ဗုံးကြဲခဲ့တာကြောင့် ကလေး ၁ဦးအပါအဝင် အမျိုးသမီး ၂ဦး ထိခိုက်ဒဏ်ရာရသွားခဲ့တယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

‎ကရင်အမျိုးသားအစည်းအရုံး(KNU) ညောင်လေးပင်ခရိုင် ကျောက်ကြီးမြို့နယ်(လယ်ဒိုမြို့နယ်)ကို အာဏာသိမ်းစစ်တပ်က လေကြောင်းတိုက်ခိုက်မှုထပ်မံပြုလုပ်ခဲ့လို့ ကလေးငယ်အပါအဝင်အရပ်သား သေဆုံးထိခိုက်မှု ရှိခဲ့ပါတယ်။

ဆောင်းပါး

စစ်တပ်က ​​ရေ​ဘေးအဆိုးဆုံးခံ​နေရတဲ့ ​ရေဦးမြို့နယ်ကို ဗုံးကြဲ

သတင်း

ရေဘေးဒဏ်ခံစားနေရတဲ့ ခင်ဦးမြို့နယ်ကို အာဏာသိမ်းစစ်တပ်က ဂျက်ဖိုက်တာနဲ့ လေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်သွားကြောင်း ခင်ဦးမြို့နယ် သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောပါတယ်။