Connect with us

Hi, what are you looking for?

သတင်း

လီဒိုလမ်းပိုင်းမှာ စစ်တပ်ယာဉ်တန်းကို KIA ကြားဖြတ်တိုက်ခိုက်၊ စစ်တပ်ထိခိုက်မှုရှိ

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

(ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ရဲဘော်တစ်ဦး ပစ်ခတ်နေတာကို တွေ့ရစဉ်။ ဓာတ်ပုံ - Padang Nsen/FB)

ဩဂုတ်၂၆၊၂၀၂၆။ ထားမြတ်/People’s Spring

ကချင်ပြည်နယ်၊ မြစ်ကြီးနား-တနိုင်းသွား လီဒိုလမ်းမပေါ်မှာ စစ်တပ်ယာဉ်တန်းကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ ထိခိုက်မှုရှိခဲ့တယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

လီဒိုလမ်းမပေါ်က နောင်းမီကျေးရွာအဝင်မှာ စစ်တပ် ယာဉ် ၆ စီးပါ ယာဉ်တန်းကို KIA ပူးပေါင်းတပ်က ကြားဖြတ်တိုက်ခိုက်ခဲ့ရာ စစ်တပ်က ၁၀ဦး သေဆုံးခဲ့ကြောင်း ကချင်စစ်ရေးသတင်းတွေ ဖော်ပြနေတဲ့ 7Stars News ရဲ့ သတင်းနဲ့ပတ်သက်ပြီး အခုလို အတည်ပြုပေးတာပါ။

စစ်တပ်ယာဉ်တန်းဟာ ဩဂုတ် ၂၅ရက်မနက်မှာ မြစ်ကြီးနားမြို့က ထွက်ခွာလာတာဖြစ်ပြီး တနိုင်းဒေသအခြေစိုက် KIA တပ်မဟာ(၂) တပ်ရင်း(၁၄) တပ်ဖွဲ့ဝင်တွေက ကြားဖြတ်တိုက်ခိုက်ခဲ့တာလို့ ဆိုပါတယ်။

Public Service Announcement

Public Service Announcement

အဲဒီတိုက်ခိုက်မှုနဲ့ပတ်သက်ပြီး ကချင်သတင်းရင်းမြစ်အချို့ကလည်း လူမှုကွန်ရက်မှာ ရေးသားထားရာ စစ်တပ်ဘက်က ခမရ (၃၁၈)တပ်ရင်းမှူးကိုယ်တိုင် လိုက်ပါလာတဲ့ ယာဉ်တန်းလို့ ဖော်ပြထားပါတယ်။

KIA တပ်မဟာ(၂) တပ်ရင်း(၁၄)ဟာ ဩဂုတ် ဒုတိယပတ်ကလည်း လီဒိုလမ်းမပေါ်က စစ်တပ် လက်အောက်ခံ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်တပ်ဖွဲ့ နေရာကို တိုက်ခိုက်ခဲ့ရာ စစ်ကောင်စီလက်ပါးစေအချို့ ထိခိုက်မှုရှိခဲ့ပါတယ်။

KIAနဲ့ စစ်တပ်ဟာ ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာလည်း တိုက်ပွဲတွေ နေ့တိုင်းဖြစ်ပွားနေပြီး အခု ရက်ပိုင်း တိုက်ပွဲတွေမှာ စစ်တပ်ဘက်က အထိနာလျက်ရှိတယ်လို့ စစ်ရေးသတင်းရင်းမြစ်အချို့က ပြောပြပါတယ်။

ဆက်စပ်သတင်းများ

သတင်း

စစ်သားတွေ တင်လာတဲ့ စစ်လှေကို ဒရုန်းနဲ့ တိုက်ခိုက်ဖောက်ခွဲခံရသလို မြေပြင်မှာလည်း စစ်ကြောင်းလိုက် ကစင့်ကလျားထွက်ပြေး

သတင်း

ကချင်ပြည်နယ် ရွှေကူမြို့နယ်မှာ တိုက်ပွဲတွေ ဆက်လက်ဖြစ်ပွားနေပြီး ဩဂုတ် ၂၄ရက် တိုက်ပွဲမှာ စစ်တပ်ဘက်က အထိနာကာ လက်နက်ခဲယမ်းတွေ ရရှိတယ်လို့ ကချင်စစ်ရေးသတင်းရင်းမြစ်က ပြောပါတယ်။

သတင်း

ကချင်ပြည်နယ်ကို အင်အားဖြည့်တင်းဖို့ ကြိုးပမ်းလာတဲ့ စစ်သင်္ဘောအုပ်စုကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA)နဲ့ ပြည်သူ့ကာကွယ်ရေးတပ်မတော်(PDF) ပူးပေါင်းတပ်တွေက ဒရုန်းနဲ့ တိုက်ခိုက်ခဲ့တယ်လို့ သတင်းရင်းမြစ်အချို့က ပြောပါတယ်။

သတင်း

အပြစ်မဲ့ပြည်သူလူထုကို သတ်ဖြတ်ပြီး မိသားစုကို အလောင်းပြန်မပေးတဲ့ မင်းဇေသန့်ဦးဆောင်တဲ့ ဝါရာဇွပ်ပြည်သူ့စစ်အဖွဲ့ရဲ့ လုပ်ရပ်ဟာ လူမဆန်တဲ့လုပ်ရပ်ဖြစ်တယ်လို့ ကချင်လွတ်လပ်ရေးအဖွဲ့(KIA) သတင်းပြန်ကြားရေးဌာန တာဝန်ခံ ဗိုလ်မှူးကြီးနော်ဘူက ပြောပါတယ်။