Connect with us

Hi, what are you looking for?

သတင်း

ဂွ၊ကျိန္တလီနဲ့ဂျိတ်တောဘက်ကိုစစ်သင်္ဘောတွေနဲ့ပစ်ခတ် ၊ ​ဒေသခံပြည်သူ​တွေလုံခြုံရေးသတိပြုကြဖို့ AAအရေးပေါ်သတိပေး

ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ပင်လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ ဒီ​နေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက အရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။

(စစ်သင်္ဘော တစ်စီးကို ရခိုင်ကမ်းရိုးတန်းပင်လယ်ပြင်မှာ​တွေ့ရစဥ်။(ပုံ​ဟောင်းဖြစ်ပါတယ်) ။ဓါတ်ပုံ-APM )

စက်တင်ဘာ-၃​၊၂၀၂၆။‌ဇော်ရမ်း/People’s Spring

ရခိုင်ပြည်နယ်၊ဂွ၊ကျိန္တလီနဲ့ဂျိတ်တောမြို့အနီးပတ်ဝန်းကျင်ကို အာဏာသိမ်းစစ်တပ်က ပင်လယ်ပြင်မှာတပ်စွဲထားတဲ့စစ်သင်္ဘောတွေပေါ်ကနေ ဒီ​နေ့မှာလက်နက်ကြီးတွေနဲ့ပစ်ခတ်နေလို့ဒေသခံပြည်သူတွေအနေနဲ့ လေကြောင်း၊ ရေကြောင်းရန်ကို အထူးသတိထားကြဖို့ AAက အရေးပေါ်သတိပေးချက်ထုတ်ပြန်ပါတယ်။

စက်တင်ဘာလ(၃) ရက်၊နံနက်(၁၁)နာရီ (၀၂) မိနစ်ခန့်ကစပြီးစတင်ပစ်ခတ်တိုက်ခိုက်နေတာလို့ အာရက္ခတပ်တော်(AA) ထုတ်ပြန်ချက်မှာဖော်ပြထားပါတယ်။

“ပစ်ခတ်သံတွေလည်းကြားနေရတယ်။ လေယာဉ်တွေလည်းပျံနေတယ်။ ရခိုင်ဘက်ကို ဦးတည်ပြီးသွားနေကြတာ”လို့ ဂွမြို့နဲ့ ရေလမ်းဆက်စပ်နေတဲ့ ဧရာဝတီတိုင်း၊ ရွှေ သောင်ယံမြို့နယ်မှဒေသခံဦးကဒီနေ့မနက်ပိုင်းအခြေအနေကို ပြောပါတယ်။

Public Service Announcement

Public Service Announcement

စစ်တပ်က ဂွမြို့ကိုတိုက်ခိုက်ဖို့အတွက်ရွှေသောင်ယံအပါအဝင် ဧရာဝတီတိုင်းကနယ်စပ်မြို့နယ်တွေကိုအင်အားဖြည့်နေပါတယ်။ပြီးခဲ့တဲ့သြဂုတ်လ ၂၇ရက်နေ့က ရွှေသောင်ယံမြို့ကိုဖြတ်သွားတဲ့ရခိုင်-ဧရာဝတီကမ်းခြေပတ်လမ်းပေါ်ကနေစစ်ကားအစီးရေ ၅၀ခန့်ဖြတ်သွားပြီး ရွှေသောင်ယံကမ်းခြေမှာလည်း စစ်သင်္ဘောဆယ်စီးကျော် တပ်စွဲခဲ့ပါတယ်။ အဲဒီသင်္ဘောတွေပေါ်ကနေတပ်ကလက်နက်ကြီးနဲ့ပစ်ခတ်နေတာလို့ သိရပါတယ်။

AAက ဂွမြို့နယ်အပြင်ဆက်စပ်မြို့နယ်တွေဖြစ်တဲ့ကျိန္တလီနဲ့ဂျိတ်တောမြို့ကို ၂၀၂၄ခုနှစ်ထဲမှာ သိမ်းပိုက်ထိန်းချုပ်ခဲ့ပါတယ်။

ဂွဒေသခံတဦးက ​တော့ သြဂုတ်လကုန်ပိုင်းမှာ “သူတို့က ကမ်းတက်ဖို့ကြိုးစားနေတာထင်တယ်။ ဂွနဲ့ သံတွဲမှာ ဗုံးကြဲတဲ့နေရာတွေကို ကြည့်လိုက်ရင် တော်တော် များများက ကမ်းခြေရွာတွေ၊ ငပလီကမ်းခြေတလျှောက်ကိုဆိုလည်း ဗုံးကြဲတာ ဆက်တိုက်ပဲ၊ အဲဒီကနေ ကမ်းတက် ဖို့ ကြိုးစားနေတာ”လို့ပြောပါတယ်။

စစ်တပ်ဟာ ဂွ၊ သံတွဲမြို့နယ်အတွင်းကရွာတွေကို လေကြောင်းဗုံးကြဲသလို ပင်လယ်ပြင်ရှိ စစ်သင်္ဘောတွေက နေလည်း လက်နက်ကြီးတွေနဲ့ လှမ်းပစ်နေတာပါ။ ဒါပေမယ့် စစ်သင်္ဘောတွေကတော့ ကမ်းခြေအနီး မကပ်ရဲကြ ဘူးလို့ သိရပါတယ်။

“ကမ်းခြေနဲ့ နီးနီးကပ်ကပ်မနေရဲဘူး။ ကပ်လာရင်လည်း AA က လက်နက်ကြီးနဲ့ လှမ်းပစ်မှာပဲ၊ ကမ်းတက်ဖို့ဆိုတာ ဖြစ်နိုင်မယ်မထင်ဘူး။ လေကြောင်းကနေပဲဖျက်ဆီးလို့ ရချင်ရမယ်”လို့ အထက်ပါ ဂွဒေသခံက သြဂုတ်လကုန်ပိုင်းမှာပြောပါတယ်။

စစ်တပ်စစ်ကြောင်းတွေဟာဂွမြို့နယ်အတွင်းကိုဝင်ရောက်နိုင်ဖို့ လေကြောင်းကနေ နေ့စဉ် ဗုံးကြဲတိုက်ခိုက်နေပြီး ကုန်းလမ်း၊ ရေလမ်းတွေကနေ နည်းအမျိုးမျိုးနဲ့ထိုးဖောက်ဖို့ကြိုးစားနေတာကြောင့် ရခိုင်-ဧရာဝတီ အစပ် နေရာတွေမှာတိုက်ပွဲတွေ နေ့စဉ်ပြင်းထန်နေတယ်လို့ AAက ပြီးခဲ့တဲ့ ဇွန်လကုန်မှာ သတင်းထုတ်ပြန်ထားပါတယ်။

ပြီးခဲ့တဲ့ ဇူလိုင်လကစတင်ပြီး ဂွမြို့နယ်အပါအဝင် ရခိုင်ပြည်နယ်ထဲကမြို့နယ်တွေကို စစ်ကောင်စီကလေကြောင်းကနေ ဗုံးကြဲတိုက်ခိုက်မှု ပိုမိုဆိုးရွားလာသလို ကလေးငယ်နှင့်သက်ကြီးရွယ်အိုတွေအပါအဝင် အရပ်သားထိခိုက်သေဆုံးမှုတွေလည်းရှိခဲ့ပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ချင်းတွင်းမြစ်အတွင်းမှာ စစ်တပ်ရဲ့ ၂၈ စီးပါ စစ်ရေယာဉ်အုပ်စုကို တိုက်ခိုက်ခဲ့တဲ့ "မိချောင်းစစ်ဆင်ရေး" မှတ်တမ်းထုတ်ပြန်လိုက်ပြီး စစ်သင်္ဘော ၁စီး နစ်မြုပ်ကာ ၅စီးပျက်စီးကြောင်း ဖောင်းပြင်မြို့နယ်အခြေစိုက် မော်လိုက်ခရိုင်အမှတ်(၃)တပ်ရင်းက သတင်းထုတ်ပြန်ပါတယ်။

သတင်း

ကချင်ပြည်နယ်၊ ဗန်းမော်မြို့ကို တက်တဲ့ စစ်သင်္ဘောတွေကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က တိုက်ခိုက်ခဲ့ရာ စစ်သင်္ဘောတွေ ထိခိုက်နစ်မြုပ်ပြီး သင်္ဘောပေါ်ပါ စစ်သားတွေ ရေစီးနဲ့မျောပါလာတာကို ကချင်သတင်းရင်းမြစ်အချို့က ဖော်ပြတဲ့ ရုပ်သံမှာ တွေ့ရပါတယ်။

သတင်း

ရွှေကူမြို့ကနေ ဗန်းမော်မြို့ကိုဆန်တက်လာတဲ့ စစ်တပ်ရဲ့ စစ်သင်္ဘောအချို့ကို KIA ပူးပေါင်းတပ်များက တိုက်ခိုက်သိမ်းပိုက်ခဲ့ကြောင်း ကချင်လွတ်လပ်ရေးတပ်မတော်(KIA) သတင်းပြန်ကြားရေးဌာနက စက်တင်ဘာ ၂ရက်ညပိုင်းမှာ သတင်းဖော်ပြပါတယ်။

သတင်း

ကချင်ပြည်နယ်ရွှေကူ-ဗန်းမော်ကြားအလံဖြူထောင်တဲ့စစ်ကောင်စီတပ်ဖွဲ့ဝင် ၁၀၀ ​ကျော်ကို ကချင်လွတ်လပ်ရေးတပ်မတော်(KIA) ပူးပေါင်းတပ်က လုံခြုံဘေးကင်းရာ ပို့ဆောင်​ပေးခဲ့ရ​ကြောင်း စစ်​ရေးသတင်းရင်းမြစ်​​တွေက ​ပြောပါတယ်။