Connect with us

Hi, what are you looking for?

သတင်း

အင်းယားကန်မှာအမျိုးသားရုပ်အလောင်းတွေ့

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိအင်းယားကန်ထဲမှာဒီနေ့ (စက်တင် ဘာလ ၁၃ ရက်)မနက်ပိုင်းကအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်အချို့ဆီကသိရပါတယ်။

အင်ယားကန်ကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - ဝီကီ

စက်တင်ဘာ – ၁၃၊၂၀၂၆

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိအင်းယားကန်ထဲမှာဒီနေ့ (စက်တင် ဘာလ ၁၃ ရက်)မနက်ပိုင်းကအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်အချို့ဆီကသိရပါတယ်။

ဒီမနက် ၇ နာရီ ခန့်က အင်းယားကန်ထဲမှာ အမျိုးသားအလောင်းကိုတွေ့ခဲ့တာပါ။

သေဆုံးသူဟာအသက် ၄၀အရွ​ယ်ဝန်းကျင်ရှိပြီဖြစ်ပြီးပြင်ပဒဏ်ရာမတွေ့ရဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းရဲ့လက္ခဏာအရ သေဆုံးတာ ရက်ပိုင်းရှိနေပြီလို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးပြောပါတယ်။ အဲဒီရုပ်အလောင်းကို ရဲနဲ့ လူမှုကူညီရေး အသင်းတွေ ဆယ်ယူပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီပို့ထားပါတယ်။

သေဆုံးသူအမျိုးသားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုမသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

ပြီးခဲ့သည့်ရက်က လူပျောက်ကြေညာခဲ့သည့် မြန်မာသံအဆိုတော် ကောင်းမြင့်စံ၏ အလောင်းအား ရန်ကုန်မြို့ရှိ အင်းယားကန်အတွင်း တွေ့ရှိခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက အသိပေးထားသည်။