Connect with us

Hi, what are you looking for?

သတင်း

အင်းယားကန်မှာအမျိုးသားရုပ်အလောင်းတွေ့

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိအင်းယားကန်ထဲမှာဒီနေ့ (စက်တင် ဘာလ ၁၃ ရက်)မနက်ပိုင်းကအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်အချို့ဆီကသိရပါတယ်။

အင်ယားကန်ကိုတွေ့ရပုံ (ပုံဟောင်း) ဓာတ်ပုံ - ဝီကီ

စက်တင်ဘာ – ၁၃၊၂၀၂၆

ရန်ကုန်တိုင်း၊မရမ်းကုန်းမြို့နယ်ရှိအင်းယားကန်ထဲမှာဒီနေ့ (စက်တင် ဘာလ ၁၃ ရက်)မနက်ပိုင်းကအမျိုးသားတစ်ဦးရဲ့ရုပ်အလောင်းတွေ့ခဲ့ရတယ်လို့ လူမှုကူညီရေးအဖွဲ့ဝင်အချို့ဆီကသိရပါတယ်။

ဒီမနက် ၇ နာရီ ခန့်က အင်းယားကန်ထဲမှာ အမျိုးသားအလောင်းကိုတွေ့ခဲ့တာပါ။

သေဆုံးသူဟာအသက် ၄၀အရွ​ယ်ဝန်းကျင်ရှိပြီဖြစ်ပြီးပြင်ပဒဏ်ရာမတွေ့ရဘူးလို့ သိရပါတယ်။

Public Service Announcement

Public Service Announcement

ရုပ်အလောင်းရဲ့လက္ခဏာအရ သေဆုံးတာ ရက်ပိုင်းရှိနေပြီလို့ လူမှုကူညီရေးအဖွဲ့ဝင်တစ်ဦးပြောပါတယ်။ အဲဒီရုပ်အလောင်းကို ရဲနဲ့ လူမှုကူညီရေး အသင်းတွေ ဆယ်ယူပြီး ရန်ကုန်ဆေးရုံကြီး ရင်ခွဲရုံဆီပို့ထားပါတယ်။

သေဆုံးသူအမျိုးသားနဲ့ပတ်သက်တဲ့ အချက်အလက်တွေကိုမသိရသေးပါဘူး။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးမြို့၊ချမ်းမြသာစည်မြို့နယ်၊ကန်တော်ကြီးကန်ပတ်လမ်းမှာအမျိုး သားတစ်ဦးရဲ့ ရုပ်အလောင်းကို မနေ့ ( စက်တင်ဘာလ ၁၈ ရက်) နေ့ခင်းပိုင်းက မြို့ခံတွေ တွေ့ရှိခဲ့တယ်လို့ လူမူကူညီရေး လုပ်ကိုင်သူအချို့ဆီကသိရပါတယ်။

သတင်း

ပြီးခဲ့သည့်ရက်က လူပျောက်ကြေညာခဲ့သည့် မြန်မာသံအဆိုတော် ကောင်းမြင့်စံ၏ အလောင်းအား ရန်ကုန်မြို့ရှိ အင်းယားကန်အတွင်း တွေ့ရှိခဲ့ကြောင်း ၎င်း၏ မိသားစုဝင်များက အသိပေးထားသည်။