အောက်တိုဘာ-၂၊၂၀၂၆။People’s Spring
မြန်မာဆီ ဒုက္ခသည်တွေ ပြန်ပို့နေတာကို ရပ်တန့်ဖို့မလေးရှားအစိုးရကိုကုလသမဂ္ဂ (UN)ရဲ့ လူ့အခွင့်အရေးဆိုင်ရာ ပညာရှင်တစ်ဦးလည်းဖြစ် ၊မြန်မာနိုင်ငံဆိုင်ရာ လူအခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကယ်လီအီးကာရီကတောင်းဆိုလိုက်ပါတယ်။
ရိုဟင်ဂျာတွေနဲ့ တခြားမြန်မာဒုက္ခသည်တွေ စုစုပေါင်း ၁၅၀၀ နီးပါးလောက်ကို မလေးရှားက အခုသီတင်းပတ်ထဲမှာ မြန်မာဆီ ပြန်ပို့ခဲ့တဲ့နောက် ကယ်လီကာရီက အဲဒီကိစ္စကို အမြန်ဆုံး ရပ်တန့်ထားဖို့ တိုက်တွန်းခဲ့ပါတယ်။ မလေးရှားဟာ မြန်မာဒုက္ခသည်တွေကြောင့် အကျပ်အတည်းတွေ ကြုံနေရင်လည်း UN အပါအဝင် သက်ဆိုင်ရာ အဖွဲ့အစည်းတွေနဲ့ ညှိနှိုင်းပြီးမှ ဖြေရှင်းသင့်တယ်လို့ ကာရီက တိုက်တွန်းပါတယ်။
မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေး အခြေအနေ အထူးအစီရင်ခံစာကို တင်သွင်းရသူလည်းဖြစ်တဲ့ ကာရီက မလေးရှားနဲ့ အာဏာသိမ်း မြန်မာစစ်တပ်ဟာ အမျိုးသမီးတွေနဲ့ ကလေးတွေ အပါအဝင် ဆန္ဒအလျောက် နေရပ်ပြန်မယ်လို့ ပြောဆိုထားသူ ၅၀၀၀ လောက်ကိုမြန်မာဖက်ပြန်ပို့မယ်ဆိုတဲ့ ကိစ္စအတွက်အထူးစိုးရိမ်မိကြောင်း ပြောပါတယ်။

Public Service Announcement
မလေးရှားဟာ ဒုက္ခသည်တွေကနေရပ်ကို ပြန်ပို့ခံရတဲ့အခါနှိပ်စက်ညှင်းပန်းမှု၊တိုက်ခိုက်မှု၊ ခွဲခြားဖိနှိပ်မှုတွေ ကြုံရနိုင်ခြေရှိရင်အတင်းအကျပ် ပြန်မပို့ရဘူးဆိုတဲ့ နိုင်ငံတကာ မူဝါဒတွေကို လေးစားလိုက်နာဖို့ လိုအပ်ကြောင်းလည်း သူကထောက်ပြခဲ့ပါတယ်။ လက်ရှိ အခြေအနေမှာတော့ မြန်မာဆီ ပြန်ပို့ခံရသူတွေဟာ အန္တရာယ်တောထဲ ရောက်သွားနိုင်ခြေ မြင့်မြင့်မားမား ရှိနေတယ်လို့ သူသုံးသပ်မိကြောင်းလည်း ကာရီက ဆိုပါတယ်။
စက်တင်ဘာ ၂၉ ရက်နေ့မှာတော့ မလေးရှားဟာ ပြန်ပို့ဖို့ သဘောတူထားတဲ့ ၅၀၀၀ ထဲက ပထမအသုတ်အဖြစ် စုစုပေါင်း ၁၄၇၆ ဦးကို မြန်မာနိုင်ငံဆီ ပြန်လည် ပို့ဆောင်ခဲ့ပါတယ်။ အဲဒီနေ့ မတိုင်ခင် တစ်ရက်ကတင် ရခိုင်ပြည်နယ်ထဲက ကျောက်တော်မြို့နယ်ထဲမှာ စစ်တပ်ရဲ့ ဗုံးကြဲတိုက်ခိုက်မှု တစ်ခုကြောင့် အရပ်သား ၅၀ ကျော်သေဆုံးပြီး အများအပြား ဒဏ်ရာရခဲ့တာကြောင့် မြန်မာနိုင်ငံရဲ့ လက်နက်ကိုင် ပဋိပက္ခတွေ ဘယ်လောက် စိုးရိမ်စရာအဆင့် ဖြစ်နေသေးသလဲဆိုတာ မြင်သာစေတယ်လို့လည်းကာရီကထောက်ပြပါတယ်။
အရပ်သားတွေကို တိုက်လေယာဉ်တွေ အသုံးပြုပြီးဗုံးကြဲတဲ့ကိစ္စမျိုးကိုသာမန်လုပ်ရိုးလုပ်စဉ်လိုသဘောထားနေတဲ့မြန်မာစစ်တပ်ကို တရားဝင်အသိအမှတ်ပြုတဲ့အဓိပ္ပါယ်မျိုး ဖြစ်သွားစေမယ့်လုပ်ရပ်တိုင်းကိုလည်းရှောင်ကြဉ်ဖို့လိုကြောင်းသူကတိုက်တွန်းခဲ့ပါတယ်။
မလေးရှား အစိုးရဟာဆန္ဒအလျောက်နေရပ်ပြန်သွားပါတယ် ဆိုသူတွေအတွက် လိုအပ်တဲ့ဥပဒေရေးရာ၊လူသားချင်းစာနာမှုဆိုင်ရာနဲ့ လက်တွေ့ကျတဲ့ စံနှုန်းတွေကို ထည့်စဉ်းစားပေးဖို့ လိုကြောင်း၊ ပြီးတော့ မလေးရှားမှာရှိတဲ့ မြန်မာ ဒုက္ခသည်တွေရဲ့ လူ့အခွင့်အရေးကိုလည်းကာကွယ်ပေးသင့်ကြောင်း ကာရီက တောင်းဆိုခဲ့ပါတယ်။
အာဏာသိမ်းစစ်တပ်ဟာ လူသားချင်းစာနာမှုအကူအညီတွေကိုတင်းတင်းကျပ်ကျပ် ကန့်သတ်ထားသလို မြေပြင်အခြေအနေမှန်တွေကို စစ်ဆေး အတည်ပြုခွင့်တွေကိုလည်း ပိတ်ပင်ထားကြောင်း၊ဒီတော့နေရပ်ပြန်သွားသူတွေဟာ ဘယ်လို ကိစ္စတွေ ကြုံတွေ့နေရမလဲ ဆိုတာကိုအတိအကျဆန်းစစ်ဖို့ပိုအရေးကြီးလာကြောင်းလည်းသူကပြောပါတယ်။
ကိုးကား-OHCHR



















































