Connect with us

Hi, what are you looking for?

သတင်း

တံတားဦးမှာ စစ်တပ်အထိုင်စခန်းကို တော်လှန်ရေးတပ်ဖွဲ့ တိုက်ခိုက်

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၂ ဦး သေဆုံးကြောင်း မြင်းခြံတိုက်နယ်(၃)နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

(နဂါးနီပြောက်ကျားတပ်ဖွဲ့(မြင်းခြံ)က ရဲဘော်များအား တွေ့ရစဥ်။ ဓာတ်ပုံ - နဂါးနီ)

အောက်တိုဘာ ၁၈၊၂၀၂၆။ ဟာနာဆန်/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာမှာ တပ်စွဲထားတဲ့ စစ်တပ်ကို အနီးကပ်ဝင်ရောက်တိုက်ခိုက်ရာ စစ်တပ်က ၂ ဦး သေဆုံးကြောင်း မြင်းခြံတိုက်နယ်(၃)နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

မနေ့က အောက်တိုဘာ ၁၇ ရက် ညနေ ၆နာရီခွဲခန့်က တံတားဦးမြို့နယ်၊ ကျပ်ပြင်ရွာဘုန်းကြီးကျောင်းထဲမှာ တပ်စွဲပြီး ကျောင်းပေါက်ဝမှာ ဂိတ်ချကာ ပိုက်ဆံတောင်းနေတဲ့ စစ်ကောင်စီတပ်သားတွေကို တော်လှန်ရေးရဲဘော်တွေက အနီးကပ် ဝင်ရောက်တိုက်ခိုက်ခဲ့တာ ဖြစ်ကြောင်း နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ရဲ့ တာဝန်ရှိသူက ပြောပါတယ်။

တိုက်ပွဲစတင်ချိန်မှာပဲ ရဲဘော်တွေက လက်ဦးမှုယူပြီး ဂိတ်ဝက ထိုင်ခုံပေါ်မှာ ဖုန်းသုံးနေတဲ့ စစ်ကောင်စီတပ်သား ၂ ဦးအပါအဝင် ၄ ဦးကို အရင်ဆုံး ပစ်ခတ်တိုက်ခိုက်ခဲ့ပြီးနောက် ကျောင်းအတွင်းက စစ်ကောင်စီတပ်နဲ့ မိနစ် (၂၀) ကျော်ကြာ အပြန်အလှန်ပစ်ခတ်ခဲ့ကြကြောင်း ၎င်းတာဝန်ရှိသူက ဆိုပါတယ်။

Public Service Announcement

Public Service Announcement

“အပြင်မှာ၄​ကောင် ဘန်ကာဘေးမှာပဲ ထိုင်နေတာ။ ၂ကောင်က တန်းမှောက်တာ။ နှစ်ကောင်ကလည်းပြန်မပစ်နိုင်ဘူး။ ကျောင်းထဲကကောင်တွေကပဲ ပြန်ပစ်တာ”လို့ ၎င်းတာဝန်ရှိသူက ပြောပါတယ်။

အဲဒီတိုက်ပွဲအတွင်း စစ်တပ်က ၂ ဦး နေရာမှာတင် ပွဲချင်းပြီးသေဆုံးပြီး ၃ဦး ထိခိုက်ဒဏ်ရာရရှိကာ လက်နက်ကောက်ယူနိုင်ခြင်း မရှိဘူးလို့ နဂါးနီပြောက်ကျား (မြင်းခြံ) ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့က အသိပေးပါတယ်။ စစ်အုပ်စုဘက်က ထိခိုက်သေဆုံးမှုကိုတော့ လူထုနွေဦးက သီးခြားအတည်ပြုလို့ မရသေးပါဘူး။

သေဆုံးသွားတဲ့ စစ်ကောင်စီတပ်သား ၂ဦးရဲ့ ရုပ်အလောင်းတွေကိုတော့ ချောင်းဆုံစခန်းဘက်ကို သယ်ဆောင်သွားတယ်လို့ သိရပါတယ်။

တိုက်ခိုက်ခံရပြီးနောက် အာဏာသိမ်းစစ်တပ်ဟာ အဲဒီဘုန်းကြီးကျောင်းထဲကို ည ၁၁ နာရီခန့်မှာ ချောင်းဆုံဘက်မှ ကား ၁စီးနဲ့ ည ၁၂ ခန့်မှာ ဂွေးကုန်းဘက်မှ ကား ၁စီး အင်းအား ၆၀ခန့်နဲ့ အင်အားတိုးချသွားကြောင်း ဒေသခံ​တွေဆီက သိရပါတယ်။

ပြီးခဲ့တဲ့ စက်တင်ဘာ ၁၀ ရက်က တံတားဦးလေတပ်စခန်းကို တော်လှန်ရေးအင်အားစုတွေက ဒရုန်းတွေနဲ့တိုက်ခိုက်ခဲ့လို့ စစ်အုပ်စု အထိနာခဲ့ပြီးနောက် လေတပ်စခန်းဝန်းကျင်က ရွာတွေကို စစ်ကြောင်းထိုးဖျက်ဆီးတာတွေ ပြုလုပ်ခဲ့ပါသေးတယ်။

ဆက်စပ်သတင်းများ

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့မှာ လမ်းနယ်နမိတ်နဲ့ မလွတ်လို့ဆိုပြီး နေအိမ် ရာနဲ့ချီဖျက်ဖို့အတွက် စစ်ကောင်စီ လက်အောက်ခံလမ်းဦးစီးဌာနက စာပို့ထားတယ်လို့ ဒေသခံတွေက ပြောပါတယ်။

သတင်း

ပဲခူးတိုင်း၊ နတ်တလင်းမြို့နယ်က စစ်တပ်အထိုင်စခန်း တိုက်ခိုက်မှုအတွင်း စစ်ကောင်စီတပ်သားတွေ သေဆုံးမှုရှိပြီး တစ်ဦးအရှင်ဖမ်းမိတယ်လို့ ဧရာညီနောင်စစ်ကြောင်းတိုက်ခိုက်ရေးတပ်ဖွဲ့က ဒီကနေ့ မေလ ၅ရက်မှာ ထုတ်ပြန်ပါတယ်။

သတင်း

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး အခုအပတ်စဉ်အတွက် လူငယ် ၁၀၀ အထိ ပေါ်တာဆွဲမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

ဆောင်းပါး

ဇေအောင်/People’s Spring တံတားဦးမြို့ဝရောက်တော့ နေမွန်းတည့်လေပြီ။ တံတားဦးသည် တိတ်ဆိတ်လေးတွဲ့စွာဖြင့် ကြိုဆိုခဲ့သည်။ မြို့အဝင် ရန်ကုန်-မန္တလေးလမ်းကို မေးတင်ထားသော လမ်းဘယ်ညာနှဘက်မှ ဆီဆိုင်နှစ်ဆိုင်သည်လည်း ဆီထည့်သည့်ယာဥ် တစီးတလေမျှပင်မရှိ။ စစ်ကိုင်းငလျင်ကြီး လှုပ်ခတ်ပြီးနောက် မန္တလေး၊ အမရပူရမြို့များကို ရောက်ဖြစ်ခဲ့သော်လည်း တံတားဦးမြို့ကိုမူ မရောက်ခဲ့ပေ။ ယခု ငလျင်အလွန် ၃...