Connect with us

Hi, what are you looking for?

သတင်း

တံတားဦးနယ်မှာ လူငယ်တွေကို စစ်တပ် ပေါ်တာဆွဲ

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး အခုအပတ်စဉ်အတွက် လူငယ် ၁၀၀ အထိ ပေါ်တာဆွဲမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်ကောင်စီရဲ့ စစ်မှုထမ်းစစ်သားသစ်တွေကို တွေ့ရစဥ်။ ဓာတ်ပုံ - စကစ

နိုဝင်ဘာ-၅၊ ၂၀၂၅။ ရှိန်း/People’s Spring

မန္တလေးတိုင်း၊ တံတားဦးမြို့နယ်မှာ စစ်တပ်က ပေါ်တာဆွဲတာတွေပြုလုပ်နေပြီး အခုအပတ်စဉ်အတွက် လူငယ် ၁၀၀ အထိ ပေါ်တာဆွဲမယ်လို့ မြို့ခံတွေဆီက သိရပါတယ်။

စစ်မှုထမ်း အပတ်စဉ်-၂၀ အတွက် တံတားမြို့ပတ်ဝန်းကျင်က ကျေးရွာတွေမှာ ‌‌‌ ပေါ်တာဆွဲတာတွေ အောက်တိုဘာလနောက်ဆုံးပတ်က စတင်ပြုလုပ်နေပြီး လူဦးရေ ၃၀ သာရရှိသေးတာကြောင့် ၇၀ ထပ်မံ ခေါ်ယူဖို့လိုသေးတယ်လို့ အုပ်ချုပ်ရေးတာဝန်ရှိသူတွေက ပြောကြောင်း မြို့ခံတွေက ပြောပါတယ်။

“မြို့ပေါ်မှာ ည၇နာရီဆို ဘယ်သူမှအပြင်မထွက်ကြတော့ဘူး။ ဆွဲတာကတော့ ထွေအုပ်၊ရဲ၊စစ်သားစုဆောင်းရေးတွေပူးပေါင်းပြီးဆွဲတာ”လို့ မြို့ခံတစ်ဦးက ပြောပါတယ်။

Public Service Announcement

Public Service Announcement

ပေါ်တာဆွဲခံရသူအများစုဟာ ကျေးရွာတွေဘက်ကနေ မြို့ပေါ်ကို အလုပ်လာလုပ်ကြသူတွေဖြစ်ပြီး အလုပ်သွားချိန် မနက်အစောနဲ့ ညနေခင်းတွေမှာ ပိုမို ပေါ်တာဆွဲလေ့ရှိတယ်လို့ သိရပါတယ်။

နိုဝင်ဘာမှာ စစ်တပ်က အပတ်စဉ်-၂၀ အတွက် စစ်မှုထမ်းခေါ်ယူနေပြီး မိတ္ထီလာ၊ ပျော်ဘွယ်၊ ညောင်ဦး၊ ကျောက်ပန်းတောင်း စတဲ့ မြို့တွေမှာလည်း ဆက်တိုက် ပေါ်တာဆွဲတာတွေပြုလုပ်နေတယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ

သတင်း

ရန်ကုန်မြို့ရဲ့ မြို့နယ်တွေမှာ စက်တင်ဘာ ၂ပတ်အတွင်း မတရားဖမ်းဆီးပေါ်တာဆွဲခံရသူ ၉၀ ကျော် ရှိတယ်လို့ မြေပြင်ကင်းထောက်အဖွဲ့တွေနဲ့ ဒေသခံတွေက ပြောပါတယ်။

ဆောင်းပါး

စာဖတ်သူများ မင်္ဂလာပါ။ ဒီကနေ့ဟာ (၁၄) ကြိမ်မြောက် မြန်မာနိုင်ငံရဲ့လူကုန်ကူးမှု တိုက်ဖျက်ရေးနေ့ပါတဲ့။ ဒီကနေ့မှာ လူကုန်ကူးမှု တားဆီးကာကွယ်ရေးဗဟိုအဖွဲ့ဥက္ကဋ္ဌနေရာကို ရယူထားတဲ့အာဏာသိမ်းစစ်တပ်ရဲ့ ပြည်ထဲရေးဝန်ကြီးဌာနက ဒုတိယဗိုလ်ချုပ်ကြီးညွန်ဝင်းဆွေဆိုသူက သဝဏ်လွှာပေးပို့ခဲ့ပါတယ်။

သတင်း

မကွေးတိုင်း၊ ရေစကြိုမြို့နယ်မှာ အာဏာသိမ်းစစ်တပ်က ဆယ်ဘီးကား ၂ စီးနဲ့ လူငယ်တွေကို ပေါ်တာဆွဲသွားကြောင်း ရေစကြိုသတင်းအချက်အလက်ကော်မတီရဲ့ တာဝန်ရှိသူက ပြောပါတယ်။

သတင်း

မန္တလေးမြို့မှာ ပေါ်တာဆွဲတာတွေ ကြမ်းနေချိန် စစ်တပ်က ဇာတ်သဘင်နဲ့ စတိတ်ရှိုးဖျော်ဖြေပွဲတွေ ဆက်တိုက်ပြုလုပ်ဖို့ စီစဥ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။