Connect with us

Hi, what are you looking for?

သတင်း

စစ်ကိုင်းမြို့ပေါ်မှာ ပေါ်တာပြန်ဆွဲ

စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က တကျော့ပြန် ပေါ်တာဆွဲ​ဖမ်းဆီးတာတွေပြန်လုပ်နေပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

(စစ်ကိုင်းမြို့အဝင်က စစ်ကောင်စီတပ်ဖွဲ့ဝင်များအား တွေ့ရစဥ်။ ဓာတ်ပုံံ - CJ)

နိုဝင်ဘာ-၁၆၊၂၀၂၆။ မေရီ/People’s Spring

စစ်ကိုင်းမြို့ပေါ်မှာ အာဏာသိမ်းစစ်တပ်က တကျော့ပြန် ပေါ်တာဆွဲ​ဖမ်းဆီးတာတွေပြန်လုပ်နေပြီး လူငယ်အချို့ ဖမ်းဆီးခံလိုက်ရကြောင်း ဒေသခံတွေက ပြောပါတယ်။

လစဥ် လဆန်းရက်နဲ့ လကုန်ရက်တွေမှာ ပေါ်တာဆွဲလေ့ရှိပေမယ့် စစ်ကိုင်းမြို့မှာတော့ ယခု နိုဝင်ဘာ ဒုတိယပတ်အတွင်းကစပြီး စစ်တပ်က ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပြုလုပ်နေကြောင်း ဒေသခံတွေက ပြောပါတယ်။

ဒီကနေ့ နိုဝင်ဘာ ၁၆ ရက် မနက်ပိုင်းကလည်း စစ်ကိုင်းမြို့၊ ဒါးဝယ်စျေးရပ်ကွက်၊ ဓမ္မာရုံအနီးမှာ စစ်ကောင်စီတပ်၊ ရဲနဲ့ ပျူစောထီးတွေက လူငယ်တွေကို ပေါ်တာဆွဲဖမ်းဆီးသွားကြောင်း မြေပြင်ကင်းထောက်အဖွဲ့ဖြစ်တဲ့ Ground Press အဖွဲ့က ပြောပါတယ်။

Public Service Announcement

Public Service Announcement

“အရင်ရက်က အဖမ်းခံရတာများတယ်ပြောတယ်။ ထွေအုပ်ရုံးရှေ့မှာ မိဘတွေ အများကြီးပဲတွေ့တယ်။ ပေါ်တာဆွဲခံရလို့ လာစုံစမ်းကြတာ”လို့ စစ်ကိုင်းမြို့ခံတစ်ဦးက ပြောပါတယ်။

ဖမ်းဆီးခံရတဲ့ လူငယ်အရေးအတွက်ကိုတော့ အတိအကျ မသိရသေးပါဘူး။

စစ်ကိုင်းမြို့မှာ အာဏာသိမ်းစစ်တ​ပ်ဟာ မြို့တွင်း အဖွဲ့စုံံပူးပေါင်းကာ လှည့်လည်ပေါ်တာဆွဲဖမ်းဆီးနေပြီး မြို့အဝင်နေရာတွေမှာလည်း ဖမ်းဆီးလေ့ရှိကြောင်း ဒေသခံတွေက ပြောပါတယ်။

အာဏာသိမ်းစစ်တပ်ဟာ ဒီကနေ့ နိုဝင်ဘာ ၁၆ ရက်မှာဘဲ သင်တန်းကျောင်းတွေမှာ စစ်မှုထမ်းအပတ်စဥ်(၃၀)ကို စတင်လိုက်ပြီဖြစ်ကြောင်း သိရပါတယ်။ နောက်ထပ်လာမယ့် အပတ်စဉ်တွေအတွက် ရန်ကုန်၊ မန္တလေးအပါအဝင် ၎င်းတို့ထိန်းချုပ်ထားတဲ့ ​ဒေသ​တွေမှာ ပေါ်တာဆွဲတာ​တွေကို ဆက်တိုက် ပြုလုပ်နေပါတယ်။ ဒါ့အပြင် စစ်မျက်နှာအသီးသီးမှာလည်း စစ်တပ်က သေဆုံးထိခိုက်တာတွေ များနေပြီး တပ်သားလိုအပ်ချက်များနေတာကြောင့် ပေါ်တာဆွဲဖမ်းဆီးမှုတွေ ပိုမိုပြုလုပ်နေတာ​ ဖြစ်တယ်လို့ သိရပါတယ်။

ဆက်စပ်သတင်းများ